Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အိန္ဒိယ အမတ်ကို သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲပြီ

Image



 

အိန္ဒိယ

အစိုးရရှေ့နေတွေက ဝန်ကြီးချုပ် နရင်ဒရာ မိုးဒီ ရဲ့ပါတီဝင် အမတ်တဦးကို

သက်ငယ် မုဒိမ်းမှုနဲ့ မနေ့က စွဲချက်တင်လိုက်ပါတယ်။ အဲဒီ အသက် ၁၆ နှစ်အရွယ်

မိန်းကလေးက သူမကို Kuldeep Singh Senger ကူးလ်ဒိ ဆင်း ဆင်ဂါ ဆိုသူ

ပြည်နယ်လွှတ်တော်အမတ်က အဓမ္မပြုကျင့်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်ကတည်းက

တိုင်ကြားခဲ့တာကို ရဲတပ်ဖွဲ့က အရေးမယူဘဲ ဥပက္ခာပြုထားခဲ့ပါတယ်။

အဲဒီနောက် အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ ဖခင်က သမီးဖြစ်သူအတွက် တရားစွဲခွင့်ရဖို့ ကြိုးစားခဲ့ရာမှာ ရဲတွေက ဖမ်းဆီးပြီး နှိပ်စက်ရိုက်နှက်တဲ့အတွက် ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်ဆုံးပါးသွားခဲ့ပါတယ်။ ပြီးခဲတဲ့ ဧပြီလကတော့ အဲဒီ ကလေးမက အတ်တာပရာဒက်ရှ်် ပြည်နယ်ဝန်ကြီးချုပ်အိမ်ရှေ့ကို သွားပြီး သူမကို သူမ မီးရှို့ဆန္ဒပြခဲ့ရာကနေ တပြည်လုံးကန့်ကွက်မှုတွေ ပေါ်ထွက်ခဲ့ပြီးနောက်မှာ ပြည်နယ်ဝန်ကြီးချုပ်က ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ခဲ့တဲ့အတွက် အခုလို အရေးယူခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အဲဒီ လွှတ်တော်အမတ်ရဲ့ညီဖြစ်သူနဲ့ အပေါင်းပါ ၄ ဦးကိုတော့ ပြီးခဲ့တဲ့အပတ်က တရားစွဲခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ရဲတိုင်ဖွဲ့ကို လာရောက်တိုင်ကြားတဲ့ မုဒိမ်းမှု လေးသောင်းခန့် ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: RFA Burmese

https://www.facebook.com/rfaburmese/

Tags:

Latest Comments

Leave a Comment

Related News