Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တောင်ယာသွားသည့် မီဇိုရမ်ပြည်နယ်သားတစ်ဦး ကျည်ဆံထိမှန်

Image



ခိုနူမ်းသုန်သတင်း၊ ၂၇ နို၀င်ဘာ ၂၀၁၇

ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Tuichawngtlang ဟုခေါ်သည့် နယ်စပ်ကျေးရွာတွင် နေထိုင်သူ တစ်ဦးသည် နို၀င်ဘာလ ၂၅ ရက်နေ့က တောင်ယာသို့ သွားစဉ်တွင် ကျည်ဆံထိမှန်ပြီး ဆေးရုံတင်ထားရသည်ဟု သိရသည်။

အသက် ၂၀ ရွယ် Tuichawngtlang ကျေးရွာနေ Robi Chondro သည် ဇနီးနှင့်တူ ပြီးခဲ့သည့်စနေနေ့က တောင်ယာသို့ ငရုတ်သီးခူးပြီး ယာခင်းတွင် အနားယူနေစဉ် မည်သည့်ဘက်မှထွက်လာမှန်းမသိရသော ကျည်ဆံက သူ၏ ပေါင်၊ ဒူးခေါင်းနှင့် လက်စသည့် ခန္ဓာကိုယ် ၄ နေရာတွင် ထိမှန်ခဲ့သည်ဟု မီဇိုရမ် Special Report တွင်ဖော်ပြထားသည်။

ယင်းကျည်ဆံသည် မည်သည့်ဘက်မှ ပစ်ခတ်လာသည်ကို မသိရသော်လည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရတပ်မတော်အကြား ပစ်ခတ်သည့် ကျည်ဆံဖြစ်နိုင်ကြောင်း ယုံကြည်နေကြသည်။

Tuichawngtlang သည် အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်တွင် တည်ရှိသည့် နယ်စပ်ကျေးရွာဖြစ်ပြီး AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်ဒေသအနီးတ၀ိုက်လည်းဖြစ်သည်။

ကျည်ဆံထိမှန်သည့် Robi ကို လောင်တလိုင်မြို့ Lairam Christian Medical Centre ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရသည့်အခြေနေတော့ မရှိကြောင်း သိရသည်။

Khonumthung Burmese

https://www.facebook.com/KhonumtungBurmese/







Latest Comments

Leave a Comment

Related News