Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အသတ်ခံရပြီးသေမှာကို ကြိုတင်သိခဲ့တဲ့ သမ္မတကြီး အေဗရာဟမ်လင်ကွန်းရဲ့ အိပ်မက်ဆန်း

Image



အမေရိကန် သမ္မတများထဲမှာ သမ္မတလင်ကွန်းဟာ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံးဖြစ်မယ် ထင်ပါတယ်။ အမေရိကန်သမ္မတတွေထဲက အထူးချွန်ဆုံးသမ္မထဲမှာပါ၀င်ပြီး သူ့ရဲ့စွမ်းဆောင်ချက်များ ၊ ရိုးသားမှုများကို ယနေ့တိုင်ပြောနေကြရတုန်းပါ။ အမေရိကန်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးသူ ၊ ပြည်ထောင်စု နှစ်ခြမ်းမကွဲအောင်ဆောင်ရွက်သူ ၊ ကျွန်စနစ်ကိုဖျက်သိမ်းပေးသူ စတဲ့ပြောမကုန်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်နေသူတစ်ဦးဖြစ်ပါတယ်။

လုပ်ကြံခံခဲ့ရသည့် နေရာ

မည်မျှပင် ထူးချွန်ထက်မြက်သူဖြစ်သော်လည်း မကြိုက်တဲ့သူကတော့ အနည်းနဲ့အများရှိဆဲပင်။ သမ္မတကြီးလင်ကွန်းဟာ ၁၈၆၅ခုနှစ် ဧပြီ ၁၄ ရက်နေ့ ၀ါရှင်တန်က ဖို့ဒ်ပြဇာတ်ရုံအတွင်း ပြဇာတ်ကြည့်နေစဉ်အတွင်းမှာ ပြဇာတ်မင်းသား John Wilkes Booth က သေနတ်နဲ့ပစ်ခါ လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။ သေနတ် ကျည်ဆံဟာ သမ္မတကြီးရဲ့ဦးခေါင်းတည့်တည့်ကိုဖောက်ထွက်သွားပေမယ့် ချက်ချင်းမသေသေးပဲ နောက်တစ်နေ့မှ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

လင်ကွန်းဟာ သူလုပ်ကြံမခံရခင် ဧပြီလ ၁၁ရက်နေ့က ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့တဲ့အကြောင်း သူငယ်ချင်းဖြစ်သူ Ward Hill Lamon ကို ပြောပြခဲ့ပါတယ်။ သူ့ရဲ့နေ့စဉ်မှတ်တမ်း ဒိုင်ယာရီထဲမှာလည်း အိပ်မက်ရဲ့အကြောင်းကို ရေးထားခဲ့ပါတယ်။ သူဟာ တခြားသူရဲ့အသတ်ခံရတော့မယ်ဆိုတာကို ဒီအိပ်မက်အရ ကြိုတင်သိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအယူအဆနဲ့ ဆိုရင်တော့ ရှေပြေးနိမိတ်ဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အဲဒီညက ကျွနု်ပ်အိပ်ယာ၀င်နောက်ကျခဲ့တယ်။ စအိပ်ပျော်ခြင်းမှာပဲ ထူးဆန်းတဲ့အိပ်မက်ကို မက်တယ်။ အိမ်ဖြူတော်မှာ တစ်ယောက်ယောက်သေနေပြီလို့ ကျွနု်ပ်ထင်မိခဲ့တယ်။ လူပေါင်းများစွာရဲ့ရှိုက်ကြီးတငင်ငင် ငိုကြွေးနေတဲ့အသံကို ကျွနု်ပ်ကြားနေရလို့ပဲဖြစ်တယ်။ အိမ်ဖြူတော်မှာ ဘယ်သူသေတာလဲ ဆင်းကြည့်ဦးမယ် ဆိုပြီးအောက်ထပ်ကို ဆင်းလာခဲ့တယ်။ ငိုသံတွေကြားနေရပေမယ့် တစ်ယောက်မှမတွေ့ရပါ။ တစ်ခန်း၀င် တစ်ခန်းထွက်ရှာခဲ့တယ်။ အခန်းတိုင်းမှာ မီးတွေထွန်းထားပြီး ကျွနု်ပ်နဲ့ ရင်းနှီးသလိုခံစားရတယ်။ လူတွေရဲ့ငိုသံတွေ ပိုကျယ်လာပေမယ့် ဘာမှမတွေ့ရတဲ့အတွက် ပဟေဠိဖြစ်လာသလို စိုးရိမ်ထိတ်လန့်စိတ်တွေလည်း၀င်လာခဲ့တယ်။

မတွေ့တဲ့အဆုံးမှာ ကြောက်လန့်တဲ့စိတ်နဲ့ပဲ အိမ်ဖြူတော်အရှေ့ဘက်အဆောင်ဘက်ကို ထွက်လာလိုက်တယ်။ ငိုနေတဲ့လူအုပ်ကြီးကို တွေ့ပါပြီ။ သူတို့အနားမှာ အလောင်းစင်တစ်ခုခုကို ခမ်းခမ်းနားနားပြင်ထားပါတယ်။ အလောင်းကို အသုဘဆိုင်ရာ အ၀တ်များဖြင့်ပြင်ဆင်ထားပြီး ဘေးပတ်ပတ်လည်မှာတော့ စစ်သားတွေအထပ်ထပ် ၀န်းရံစောင့်ရှောက်နေတာကိုတွေ့ရပါတယ်။ အလောင်းရဲ့မျက်နှာကို အ၀တ်နဲ့ အုပ်ထားတာကြောင့် ဘယ်သူဘယ်၀ါမှန်းတော့မသိပါ။

“အိမ်ဖြူတော်မှာ ဘယ်သူသေတာလဲ” ကျွနု်ပ်မေးလိုက်တော့ အနီးက စစ်သားတစ်ယောက်က ပြန်ဖြေပါတယ်။ “သမ္မတကြီးပါခင်ဗျာ ၊ သေနတ်သမားတစ်ယောက်လုပ်ကြံသွားလို့ သမ္မတကြီးသေသွားတာပါ” လို့ဖြေလိုက်တဲ့အချိန်မှာ အရမ်းကြောက်သွားတယ်။ အဲဒီနောက်တော့ ကျွနု်ပ်အိပ်မက်က နိုးလာခဲ့တယ်။ အိပ်မက်တစ်ခုသာဖြစ်ပေမယ့် အိပ်မက်မက်တဲ့အချိန်က စလို့ ဒီအိပ်မက်အကြောင်းဟာ ကျွနု်ပ်စိတ်ထဲအမြဲရောက်နေတယ်။ ကျွနု်ပ်ကို အမြဲနှောင့်ယှက်နေခဲ့တယ်။

သမ္မတကြီးလင်ကွန်းဟာ ဒီအိပ်မက်ရဲ့အကြောင်းကို ရင်းနှီးသူများကိုပြောပြခဲ့ပါတယ်။ အစိုးရအဖွဲ့၀င်များအားပြောခဲ့သလို သူ့ရဲ့ကိုယ်ရံတော် W.H.Crook အားလည်းပြောခဲ့ပါတယ်။ ကိုယ်ရံတော်ကိုတော့ သူဟာ ဒီအိပ်မက်ကို ဆက်တိုက်မက်နေတာ ၃ရက်ရှိပြီ ၊ ဒါကြောင့် သူမကြာခင်လုပ်ကြံခံရတော့မယ်ထင်မိကြောင်း ပြောခဲ့ပါတယ်။ ဇာတ်ပွဲကြည့်တဲ့ညက သူ့အားအန္တရာယ်ရှိတာကြောင့် လုံခြုံရေးပိုယူဖို့ သတိပေးကြပေမယ့် သက်တော်စောင့်တစ်ယောက်ကိုသာခေါ်သွားခဲ့ပါတယ်။ သူလုပ်ကြံခံရတော့မယ်ကို သိသည့်အလား Good Night လို့နှုတ်မဆက်ပဲ Good Bye လို့ နှုတ်ဆက်ကာ ဇနီးဖြစ်သူနဲ့အတူ ဖို့ဒ်ကဇာတ်ရုံကို ထွက်ခွာခဲ့ပြီး ပွဲကြည့်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့အိပ်မက်ထဲကအတိုင်း သေနတ်သမား John Wilkes Booth ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: thutazone

#

Latest Comments

Leave a Comment

Related News