Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အသက်(၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဂျူမုံ ရဲ့သား(၃)ယောက်

Image



Daehan Minguk Mansae တို့ အမြွာ၃ယောက်ဟာဆိုရင် အသက်၆နှစ်(ကိုရီးယားအသက် ၇နှစ်) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Song Il Kook ဟာလည်း အမြွာလေး၃ယောက်ရဲ့ချစ်ဖို့ကောင်းတဲ့ပုံတွေကို ပရိတ်သတ်တွေအတွက် လူမှုကွန်ယက်မှာမျှေ၀ခဲ့ပါတယ်။

မင်းသားဖြစ်သူရဲ့ ချစ်ဖို့ကောင်းတဲ့သား၃ယောက်ဟာ သူတို့ရဲ့ ၇နှစ်ပြည့်မွေးနေ့ကိုဆင်နွဲခဲ့ပြီး ကြည့်ရတာ ပရိတ်သတ်တွေကို သူတို့ငယ်စဉ်က ပုံရိပ်တွေကိုမှတ်မိစေချင်ပုံပါပဲ။ မတ်လ၁၆ရက်နေ့မှာ Song-Il-Guk ဟာ အောက်ပါပုံတွေကို သူ့ရဲ့ Instagram စာမျက်နှာပေါ်မှာမျှေ၀ခဲ့ပြီး “သူတို့ရဲ့မွေးနေ့မှာ ကျွန်တော်တို့ကို ဂုဏ်ပြုပေးလို့ကျေဇူးတင်ပါတယ်။ ” လို့ရေးသားထားခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှေ၀ခဲ့ပါတယ်။

အမြွာသုံးယောက်ကို ‘Superman is Back’ အစီအစဉ်မှာတည်းက အရိပ်တကြည့်ကြည့်နဲ့ချစ်လာခဲ့တဲ့ပရိတ်သတ်တွေဟာ လည်း ဖခင်ဖြစ်သူထံမှ သားတွေရဲ့ပုံတွေကို မြင်တွေ့ခွင့်ရတဲ့အတွက်အကျေနပ်ကြီးကျေနပ်နေလေရဲ့။

အသက် ၇နှစ်ရှိပြီဖြစ်တဲ့ အမြွာ၃ယောက်ပါ။ အမြွာ၃ယောက်လုံး ကျန်းကျန်းမာမာနဲ့ ချောချောမောမောကြီးပြင်းလာကြပါစေလို့ မိုမိုလေးမှ ဆုမွန်ကောင်းတောင်းပေးလျက်ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: lwinpyin

Latest Comments

Leave a Comment

Related News