Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အသက်(၂၀) ပြည့်မွေးနေ့မှာ ဘုန်းကြီးကျောင်းသွားတဲ့ ဖက်ရှင်ပုံစံကြောင့် ဝေဖန်ခံနေရတဲ့ ရွှေမှုန်ရတီ

Image



နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ ဒီနေ့ မေလ ၁၆ ရက်မှာ သူမရဲ့ အသက် ၂ဝ ပြည့် မွေးနေ့ ကျရောက်လာပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ် အားပေးမှုများစွာ ရရှိထားပြီး လူငယ်ကြိုက်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အသက်အရွယ်နဲ့မလိုက်အောင် ကြော်ကြားမှု ရရှိထားတယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အသက် ၁၈ နှစ်ပြည့်တုန်းကတော့ သူမက မွေးနေ့ပွဲကို အကြီးအကျယ် ကျင်းပခဲ့တာပါ။ ဒီနှစ်တော့ အကြီးအကျယ်လုပ်ဖို့ မရှိတာကိုတွေ့ရပါတယ်။ ဝေဖန်မှုအချို့ရှိပေမယ့် အပြင်မှာရော ဖေ့ဘုတ်မှာပါ လူစိတ်ဝင်စားမှုအခံရဆုံး မင်းသမီးတွေထဲ တစ်ယောက်အပါအဝင်ဖြစ်ပြီး အလုပ်တွေလည်း အများကြီး လုပ်နေရတာပါ။

မင်းသမီးလေး ရွှေမှုံရတီရဲ့ အသက် ၂၀ ပြည့်မွေးနေ့မင်္ဂလာကို မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်

အောင်ဇဗ္ဗူတောရ ဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးများကို သဒ္ဒါဆွမ်းများ၊ အလှုငွေ၊ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မိတ်ဆွေအပေါင်းအပါများနဲ့ We Love Shwe Hmone Yati အဖွဲ့မှာ ချစ်ပရိသတ်တွေကိုလည်း ငွေသားကြဲအလှူများ ရွှေမှုံရတီက ပြုုလုပ်ခဲ့ပါသေးတယ်

ဒီကနေ့အသက် ( ၂၀ ) ပြည့်မွေးနေ့မှာ ဘုန်းကြီးကျောင်းသွားတဲ့ ဖက်ရှင်ပုံစံကြောင့် ရွှေမှုန်ရတီ ဟာ ပရိတ်သတ်တွေရဲ့ဝေဖန်ခံနေရပါတယ်

 

ဖိုးသူတော် (www.phothutaw.com)

Credit:  myanmar celebrity

Tags:
  • ,

Latest Comments

Leave a Comment