Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အသက်၄၅ နဲ့ ၆၀ ကြားဖြစ်တတ်တဲ့ရောဂါလက္ခဏာများသတိပြုရန် နှင့် သတိထားပီးကြိုတင်ကာကွယ်ကုသနိုင်ဖို့

Image



(1)အရိုးတွေ ချောင်လာတယ်ဒူးနာတတ်တယ် ချဉ်ဆီခမ်း လို့ ဒူးချောင်တတ်တယ်

ခါးရိုးဆစ်တွေလည်းနာတတ်တယ်။ ချော်လဲမကျအောင်ဂရုစိုက်ပါ

ဒူးကို ကွေးလိုက်ဆန့် လိုက်လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်

(2) ကြွက်သားအားမရှိတာ အမျိုးသားက ၃ ပုံပုံ ၁ပုံ နဲ့ အမျိုးသမီးကတဝက်လောက် အဖြစ်များတယ်။ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင်လုပ်ပေးကြပါ

(3)အကြောအဆစ်နာတတ်တယ် ဝတဲ့သူများပိုပီး ဟိုနာဒီနာဖြစ်လွယ်တယ် အကြောအားဆေးသောက်ပေးပါ ,ဦးနှောက်အာရုံကြောက ပို အရေးကြီးတယ် အိပ်မပျော်တာများရင်ထိခိုက်သလို ခဏခဏမေ့လွယ်တတ်တယ်

(4) အသက်ကြီးလာတာနဲ့အမျှကိုယ်တွင်း ကလီစာတွေက တဖြေးဖြေး weak ဖြစ်လာတယ် နှလုံး ကျောက်ကပ်,သရက်ရွက်, သည်းခြေ, အသဲ ညဖက် ဆီးခဏခဏသွားတာနဲ့ဆီးမခိုင်တာတွေဖြစ်တတ်တယ် အများအားဖြင့် ယောကျ်ားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေက အသက် ၅၀ ကျော်တွေအဖြစ်များတယ်

(5)ဝမ်းချူပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီအပူအစပ်စားများလို့

အူလမ်းကြောင်းမှာအညစ်ကြေးများရင် အူကင်ဆာဖြစ်လွယ်တယ ်သတိထားကြပါ

(6 ) နှလုံးမှာပြသာနာ စဖြစ်ရင် အသက်ရှူ မဝ ရင်ဘတ် အောင့်ပီးတချက်တချက်နာ ဘယ်ဖက်ပုခုံးထုံ , ကျင် ,နာ ပီးကျောကုံး အပေါ်ဖက်လည်းညောင်းပီး အကြောတက်တတ်တယ်။ အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။ မျက်လုံး၂ လုံးပေါ်ကန့်လန့်ဖြတ် စင်းတခု ထင်းကနဲပေါ်တတ်တယ်။ နှလုံးမှာအဓိကကြောက် ရတာ နှလုံးသွေးကြော ၃ ချာင်းရှိတာ အားလုံးပိတ်ရင် စက်တပ် ရပီ။ အာ့ကြောင့် နှလုံးသွေးကြောစပိတ်တာနဲ့ အဲလက္ခဏာတွေပြင်းထန်ရင် ဆေးရုံမှာ Check သွားလုပ်ပါ။ အဆီတွေလျော့စားလေ့ကျင့်ခန်းလုပ် ရေများများသောက် ကြပါ

(7) အသဲ ပြသာနာဖြစ်ရင် ညာဖက်ဗိုက်ခေါက်အပေါ်ဖက်နာကျင်တယ်

ညာခါးအနောက်ဖက် ညောင်းနာ,ညာဖက် ပုခုံးထုံ ကျင် ညောင်းနာ ညအိပ်ချိန် ခြေသလုံးခဏခဏကြွက်တက်တတ်တယ်။ အသဲမကောင်းရင် ညကောင်းကောင်းအိပ်မပျော်ဘူး။ ပါးစပ်ခါး ပီးသွားတိုက်ရင် သွေးထွက်လွယ်တယ်။

အစာမစားချင် ခံတွင်းပျက်ပီးနဲနဲလေးစားတာနဲ့ဗိုက် ပြည့်လွယ်တယ်။ လမ်းနဲနဲလေးလျှောက်တာနဲ့ခြေထောက် ညောင်းလွယ်တယ်။တကိုယ်လုံးနှုံးပီးအားမရှိသလို ခံစားရတယ် ခြေမခိုင်ဘဲချော်လဲ လွယ်တယ် ခြေလိမ်တတ်တယ်။

အရက်သောက် များသူများက လျော့သောက်တာနဲ့ အရေပြားယားရင် သတိထားပါ အသဲရောဂါ ပို ပြင်းထန်ရင် မျက်နှာအရောင်မွဲခြောက်ခြောက်နဲ့မဲလာတယ်။ အရေပြားခြောက်သွေ့လာတယ်။ နှခေါင်းထိပ်နီလာတယ်။

အသားတွေလက်ဖဝါး မျက်လုံးအိမ်တွေဝါလာတယ်။ အသဲကစဖြစ်ချိန်တော်ရုံလက္ခဏာမပြဘူး။ ပြတဲ့ချိန်ဆိုသိတာနောက်ကြတာများတယ် ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာရဲ့ ကြည့်နည်း ပါ

(8) ကျောက်ကပ်ပြသာနာကတော့ ခါးနာကျောနာ၊ မလန်းဆန်းဘူး။ ခြေသလှုးညောင်းလွယ်အားမရှိ။ အသားရေယားယံတတ်တယ်။ ဆီးသွားရင် အမြှုတ်ထတယ်။ ဆီးမခိုင်ဘူး။ ခြေလက် အေးတတ်တယ် အိပ်မကောင်းဘူး ခဏခဏနိုးတတ်တယ်။အထိုင် အထ ကြာကြာ မလုပ်နိုင်ဘူး။

ခြေထောက်တွေယောင်လာတတ်တယ်။ ခြေသည်းခွံတွေကြမ်းလာတယ်။အထူးသဖြင့် ခြေ မရဲ့ခြေသည်းခွံ အရှည် နှေးလာတယ်။ ကြမ်းပီးထူလာတယ် အထူးသဖြင့်ဆီးချိူ သမားတွေသတိထားပါ။ အမြဲဆေးသောက် ပါ

ဆီချိူချိန်ပါ ကျောက်ကပ်ပျက်ဆီးရင်သွေးကအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် သွေးပေါင်ကျလည်း မူးတတ်တယ်။ကျောက်ကပ်ကို အထူးဂရုစိုက်ကြပါ။ ဖြစ်နိုင်ရင်ကျောက်ကပ် မဆေးကြပါနဲ့ကျောက်ကပ်ဆေးရင် ပိုက်ဆံလည်းကုန် အသက်လည်းမရှည်ဘူး အစားထ်ိုးဖို့ဆ်ုတာမလွယ်ပါ

(9) သရက်ရွက်မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ် လည်ပင်းဇက်ကျောတက်လွယ် ဝမ်းချူပ် ဝမ်းလျှော ၂ မျိုးလုံးဖြစ်တတ်တယ်။ အစာချေဖျက်မှုကောင်းအောင် လုပ်နိုင်ပီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်။ခေါင်းကိုက်တိုင်းအကိုက်ခဲပျောက်ဆေးသိပ် မသောက်ပါနဲ့ အကိုက်ခဲပျောက်ဆေးကအသောက်များရင်ကျောက်ကပ်နဲ့အစာအိမ်

အူလမ်းကြောင်းထိပီးသွေးယို တတ်တယ်။ဝမ်းသွားသွေးပါရင် သတိထားပါ .. သွေးရောင်နီတာကလိပ်ခေါင်းကြောင့် ဖြစ်နိုင်သလို သွေးရောင်မဲညစ်ညစ်ဆို အစာအိမ်အူလမ်းကြောင်းရဲ့နံရံပါး or ပေါက်ပီး ဖြစ်တတ်တယ် ။ကိုယ်ဝမ်းသွားပီးတိုင်းကိုယ့်ဝမ်းပုံစံအမြဲကြည့်ပါရှောကနဲအဖြောင့်လိုက်သွားပီးဖင်မကပ်ရင် အကောင်းဆုံးပါ။ ပြတ်တောင်းပြတ်တောင်း ဆိတ် ချီးတုံးပုံဆို ဝမ်းသွားမစင်ဘူး။

တခါလေ မနက်ရေနွေးသောက်လို့မနက်ပိုင်း ဝေါကနဲပန်းတာမိ်ျူးက အပူတွေထုတ်ပစ်တာ ကြောက်စရာမလို။ ကောင်းတယ်။ တရက် လုံးပန်းရင်တော့ဝမ်းလျှောပီ။ အကောင်းဆုံးကနေ့တိုင်းဝမ်းမှန်အောင်လုပ်ပါ။ စကားပုံရှိတဲ့အတိုင်း ဝမ်းတလုံးကောင်းခေါင်းမခဲ ဆိုတာ ….

(10) အူမကြီးမကောင်းရင် ပါးစပ်ခါးပီးတချိန်လုံးရေငတ်ရေသောက်ချင် ရေငတ်တတ်တယ်။ နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ် သွားပိုးမစားဘဲ သွားကိုက် သွားနာဖြစ်တတ်တယ်။လည်ပင်းရောင် ဖေါင်းတတ်တယ်။ တော်ရုံနဲနဲလေးတာတောင်အလေးမ မနိုင်ဘူး။ ဝမ်းချူပ်ရင်လည်းသွားကိုက်တတ်တယ် အပူများတဲ့သဘော..ဝမ်းချူပ်ရင် ခါးလည်း တခါလေ နာတတ်တယ်။ အူမကြီးကဝမ်းနဲ့ဆိုင်တယ် ခု ကမ္ဘာ မှာအူမကြီးကင်ဆာ ကနံပါတ် ၂ စွဲနေတယ်

လူတွေက အစားတွေစုံအောင်စားပီး ဝမ်းအဖြစ်အညစ်အကြေးမထုတ်ပစ်လို့ နဲနဲစီအူနံရံမှာကပ်ပီး ကြာတော့အညစ်ကြေးကနေကင်ဆာဖြစ်သွားတယ်။

အစာအိမ်ကနေ အူနံရံပါးပီးအနာဖြစ် ပီးသွေးယိုလည်း ကြာရင် ကင်ဆာ ဖြစ်တတ်တယ် အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်။အစာလည်းမခံကြပါနဲ့။ဗိုက်ဆာရင်စားပါ။အပိန်ကျင့်ပီးအစာမစားတာလည်းမလုပ်ပါနဲ့.. အစာအိမ်အချဉ်ဖေါက်ပီးလည်ပြွန်ပေါ်ပြန်တက်တာလည်း အပူအစပ်ရှောင်ပါ

နဲနဲချင်း နဲ့အကြိမ်ရေတွက် များများစားပါ။ တခါထဲ အများကြီးမစားပါနဲ့ တချို့ကျလည်းဘယ်လောက်စားစားမဝကြဘူး။ ပိန်ပိန်ဘဲ။ အဲမျိုးက ကျန်းမာရင်တော့ပြသာနာမရှိပါ။သို့သော်ဘယ်လောက် စားစား (or) မစားနိုင်ဘဲ ပိန်ပိန်လာပီး

လက်ဆစ်တွေငေါထွက်လာရင် ဂေါက်ရောဂါနဲ့အစာအိမ်က စုပ်ယူအားမကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး ။

အဲဒါမျိုးဆို ဆရာဝန်သေချာပြပါ။ဂေါက် ရောဂါ ရှိရင် beer နဲ့မတည့်ပါ

#ရေချိုးရင်မချော်တတ်တဲ့ဘိနပ်စီးပီးချိုးပါ။

#ခြေထောက်ကျောက်ပြားတိုက်ရိုက်ထိအေးရင်လည်းအကြောချဉ်ကိုက်တတ်တယ်။

ချော်လဲကျလွယ်တယ် အသက်ကြီးရင် အရိုးအဆစ်တွေက weak ဖြစ်နေပီ။ အရိုးအားဆေးစားပါ ချော်လဲ မကျပါစေနဲ့

ဖိုးသူတော် (www.phothutaw.com)

Credit: Original Uploader

Tags:
  • ,

Latest Comments

Leave a Comment