Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အဝလွန်တာကို ဂျင်းနဲ့ အမြန်ဆုံးလျှော့ချမယ်

Image



ဒီကနေ့ခေတ်မှာ အသင့်စားအစားအစာတွေကို ကျွန်မတို့ ပိုမိုစားသုံးလာကြပါတယ်။ အဲဒီလို အမြန်စားအစားအစာတွေဟာ အ၀လွန်တာဖြစ်စေပါတယ်။ အ၀လွန်တာဟာ ကမ္ဘာပေါ်က လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဘာလို့လဲဆိုတော့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းကြတာတွေကြောင့်ပါပဲ။

ဒါပေမဲ့ သဘာ၀ပစ္စည်းလေးတွေနဲ့ အ၀လွန်တာကို တိုက်ဖျက်နိုင်တဲ့အပြင် ကိုယ်အလေးချိန်လျှော့ချလို့ရတော့ စိတ်ပူစရာမလိုတော့ပါဘူး။

ဂျင်း

မြန်မာတို့ရဲ့ အိမ်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ ဂျင်းဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် နေ့တိုင်း အစားမစားခင် ဂျင်းကို တစ်ကိုက်လောက် ကိုက်စားပေးတာ (သို့) ဂျင်းဖျော်ရည်လုပ်ပြီးသောက်တာတွေဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်လောက်ကို ရေနွေးဆူဆူထဲထည့်လိုက်ရုံပါပဲ။ ဂျင်းမှုန့်မရှိရင်လည်း ဂျင်းကို ပါးပါးလှီးပြီး ရေနွေးဆူဆူနဲ့ ၅ မိနစ်လောက် နှပ်ထားပေးလို့ရပါတယ်။ မစားမစာခင် ၅ မိနစ်လောက်အလိုမှာ ဖျော်ပေးထားရမှာပါ။

ဂျင်းကို ဒီအတိုင်းမသောက်ချင်ဘူဆိုရင်လည်း သံပုယိုသီးအရည်အနည်းငယ်နဲ့ ပျားရည်အနည်းငယ်ကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်စားမဲ့မနက်စာ နေ့လည်စာနဲ့ ညစာတွေထဲမှာ ပူစီနံရွက် (သို့) အရွက်တစ်မျိုးမျိုးကို အစိမ်းလိုက် ၀ါးစားပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဟင်းထဲမှာ ထည့်ပြီးစားပေးသင့်ပါတယ်။

အခုလို သဘာ၀ဖျော်ရည်တွွေကို သောက်သုံးပေးတာဟာ ဇီ၀ဖြစ်စဉ်တွေကို တိုးတက်စေနိုင်ပြီး အဆီတွေကို အလျင်အမြန်လောင်ကျွမ်းသွားစေပါတယ်။ ရေကူးတာ ဒါမှမဟုတ် ပြေးတာ လမ်းလျှောက်တာမျိုးလို တခြားလေ့ကျင့်ခန်းတွေကို လည်း လုပ်ပေးဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:  myhealthmyanmar

Latest Comments

Leave a Comment

Related News