Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အလှပြင်နေစဉ် ယာဉ်တိုက်မှုကြောင့် လိုင်နာဆွဲခဲတံ မျက်လုံးထဲဖောက်ဝင်

Image



ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦး၏ မျက်လုံးထဲသို့ လိုင်နာဆွဲခဲတံ ထျုးဖောက်စိုက်ဝင်ခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရပါတယ်။

ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ဆွေမျိုးတစ်ဦးနဲ့အတူ Mor Chit ဘတ်စ်ကားဂိတ်ကနေ တက္ကစီတစ်စီးကို ငှားစီးလားခဲ့ပါတယ်။ ကားပေါ်မှာ အလှပြင်ရင်း လိုက်ပါလာခဲ့ပါတယ်။ Din Daeng လမ်းဆုံအရောက်တွင် သူမစီးလားသော တက္ကစီက အရှေ့က တုန်တင်ကားတစ်စီးကို ဝင်တိုက်မိချိန် သူမက မျက်လုံးကို ခဲတံနဲ့လိုင်နာဆိုးနေချိန် တိုက်ဆိုင်ခဲ့ပြီး ခဲတံက မျက်လုံးထဲကို တစ်ဝက်နီးပါး ထိုးဖောက်ဝင်သွားခဲ့ပါတယ်။

အမျိုးသမီးဟာ သတိလစ်မေ့မျေားသွားခြင်း မရှိပေမယ့် သူမရဲ့ နှာခေါင်းထဲမှ သွေးများစီးကျလာပါတယ် လူမှုကယ်ဆယ်ရေး Por Tek Tung ဖောင်ဒေးရှင်းအဖွဲ့က သူမကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ရကြောင်း ထိုင်နိုင်ငံမီဒီယာများတွင် ဖော်ပြပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: popolay

Tags:
  • ,

Latest Comments

Leave a Comment