Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အလွန်အကျိူးထူးစေသော ဂုဏ်တော် ပုတီးစိပ်နည်း

Image



ဂုဏ်တော် 9ပါးကို ပုတီး (10)ပတ်ရအောင်ခွဲ၍ စိပ်နည်း ဖြစ်ပါတယ်။မည်သည့်နေ့သားသမီးမဆို တနင်္ဂနွေနေ့ ည. 9နာရီမှည 12နာရီအတွင်း အဆင်ပြေချိန်တွင် စိပ်ပါ။

နောက်တစ်ပတ် တနင်္ဂနွေနေ့ထိ (8)ည တိတိ ညစဉ် စိပ်ပါ။နေ့စဉ် 10ပတ် စိပ်ရမှာ ဖြစ်ပါတယ်။စိပ်ရမယ့် အချိန်အတူတူပါဘဲ။

ဘုရားရှင်အား သောက်တော်ရေချမ်းများ ဖယောင်းတိုင် အမွှေးတိုင်များပူဇော်၍စိပ်ပါ။သတိပြုရန်မှာပုတီးစိပ်နေသော 8ရက်အတွင်းတွင်မိမိအလိုချင်ဆုံးအဖြစ်ချင်ဆုံးဆုတစ်ခုသာတောင်းရန် ဖြစ်ပါသည်။ဤ ပုတီးစိပ်နည်းကို အလုပ်ရှာနေသော ညီမငယ်တစ်ဦးအား စိပ်စေရာ တစ်လအတွင်း ခန့်မှန်းထားသည်ထက် လစာပိုကောင်းသော အလုပ်ရသွားသည်ကို တွေ့ရပါသည်။

အိမ်ထောင်ရေး အဆင်မပြေ၍ မိဘအိမ်ပြန်နေသူ ညီမငယ်တစ်ဦးက. ပုတီးစိပ်ပြီး ရက် 20အကြာတွင် ခင်ပွန်းဖြစ်သူမှ မိဘများအားတောင်းပန်၍ လိုက်လံခေါ်ဆောင်ကြောင်းသိရပါသည်။ လူမှုရေး/စီးပွားရေး/ပညာရေး/ကျန်းမာရေး/အချစ်ရေး/အိမ်ထောင်ရေး မည်သည့် ကိစ္စရပ်မဆို အဆင်ပြေရန် စိပ်နိုင်ပါသည်။ (108)လုံး ပုတီးဖြင့်သာစိပ်ပါ။

မှတ်ချက်…..ဂုဏ်တော် (10)ပါး မဟုတ်ပါ။ ဂုဏ်တော် (9)ပါးကို ပုတီး 10ပတ်ရအောင် စိပ်ခြင်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:  ဗေဒင်မေးကြမယ်

#

Latest Comments

Leave a Comment

Related News