Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အလျှံ ပါယ် ချမ်းသာ ကြွယ်ဝသူ ၏ လက္ခဏာ ပုံ

Image



မူရင်း လက်ဝါးပုံ ကိုပါ တွဲတင်ပေးလိုက်ပါသည် လက်သူကြွယ် အောက် အဖြူရောင်ဖြင့် ဝိုင်းပြသည့်ထဲကြည့်ပါက “ငါးရုပ်သင်္ကေတပုံ´´ထင်ရှားပြတ်သားစွာ မြင်တွေ့ရမည်။

ငါးရုပ် သည် လက်ဝါးပြင် ၌ မည်သည့်နေရာ၌ ရှိရှိ ကောင်းကျိုး မင်္ဂလာ ကိုပေးသည်။ယခုပုံ လက်သူကြွယ် အောက်ရှိ ငါးရုပ် သည် မှန်ဘီလူး ဖြင့်ကြည့်စရာမလိုပဲ ထင်ထင်ရှားရှားပြတ်ပြတ်သားသား ပြထားသည်။

ကျွန်တော်မကြာခဏ တင်ပြခဲ့သည်မှာ…လက်သူကြွယ် အောက်ဂြိုလ်ခုံနေရာ၌ မည်သည့်အရေးကြောင်း-လမ်းကြောင်းလေးမှမရှိ ပြောင်နေသူ (သို့မဟုတ်)ပြားချပ်နိမ့်ဝင်နေသူ တို့သည် ဆင်းရဲသူ-ပစ္စည်းဥစ္စာ မရှိသူ-အခြေ ခံလူတန်းစားသာဖြစ်၏။

လူ့လောက၌…နေရာတစ်ခုခုဖြင့် အဆင်ပြေနေသူထိုက်သင့်သလောက် ပစ္စည်းဥစ္စာရှိသူကြီးကြီးကျယ်ကျယ် ချမ်းသာသေူကြီးကြီးကျယ်ကျယ် အောင်မြင်နေသူတို့၏လက်သူကြွယ်အောက် ဂြိုလ်ခုံသည် မင်္ဂလာ အမှတ်အသား တစ်ခုခု မုချ ဧကံပါရှိနေသည်။

ဤကား…လက္ခဏာ ပညာ ဥပဒေဿ ၏ ထူးခြားချက် ဖြစ်၏။

ယခု လက္ခဏာရှင် သည် အသက် ၂၇ နှစ်သာရှိသေး၏။တစဦးတည်းသောသားဖြစ်၏။မျိုးရိုးစဉ်ဆက် ချမ်းသာ ကြွယ်ဝသူဖြစ်၏။ရန်ကုန်မြို့၏ စျေးကောင်း-စျေးကြီးနေရာတို့၌မြေယာ-အိုးအိမ်တို့ များစွာ များစွာ ပိုင်ဆိုင်ထားသူဖြစ်၏။

မြန်မာနိုင်ငံ မှ လူတော်တော်များများသည်…သာမန်ထက်ပို၍ ချမ်းသာ နေသူကို ခရိုနီ ဟုလွယ်လွယ်ထင်တတ်ကြ၏။ဤကားအထူးမှား၏။တစ်သက်လုံး စားမကုန်အောင်ချမ်းသာ သူ

ဗမာ စစ်စစ် or ရှမ်းစစ်စစ် or ရခိုင်စစ်စစ် orကရင် စစ်စစ် or ကချင် စစ်စစ် or ချျင်းလူမျိုးစစ်စစ်…စသည့် မြန်မာနိုင်ငံ၏ မူလတိုင်းရင်းသားတို့ထဲမှ သုံးမကုန်အောင် ချမ်းသာ ကြွယ်ဝသူ တို့ဆွေစဉ်မျိုးဆက် ရှိခဲ့ကြသည်။

ကျွန်တော်က အလုပ် သဘော ဆက်နွယ်မှုရှိ၍ ဤအကြောင်းတို့ကို ကြုံတွေ့လာပြီးသာမန်လူထက်ပိုသိကာ

တင်ပြနိုင်ခြင်းသာဖြစ်၏။လွန်လွန်ကဲကဲ ချမ်းသာ တိုင်း ခရိုနီ မဟုတ်ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit:  Original

Latest Comments

Leave a Comment

Related News