Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အရေးကြီး သတင်း ငလျင်ထပ်လှုပ်ခံရဖို့ ရှိနေတဲ့ မြို့ ကြီးများ

Image



အရေးကြီးသတင်း ငလျင်ထပ်လှုပ်ခံရဖို့ ရှိနေတဲ့ မြို့ ကြီးများရှိပါတယ်

နိူးနိူးကြားကြားအိပ်ကြပါ မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ခံရနိုင်ဖွယ် (ရှယ်ပေးပါ)အများပြည်သူများသိစေဖို့ ငလျင်ဒဏ် သတင်းကို မျှေ၀လိုက်ပါတယ်။ ပထမဦးစွာအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘာကြောင့် ငလျင်လှုပ်ရလဲဆိုတာမှာ အကြောင်းကြီးနှစ်ချက်ရှိနေပါတယ်။

(၁) အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရွေ့လျားလာတဲ့ အိန္ဒိယပြတ်ရွေ့မြေထု။ (၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှ အနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ ပြတ်ရွေ့မြေထု။

စတဲ့အကြောင်းကြီး နှစ်ချက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ငလျင်များလှုပ်နေရခြင်းဖြစ်ပါတယ် ဆိုတာကို VOA သတင်းဌာနမှ ဒေါ်ခင်မျိုးသက် မှ မေးမြန်းအင်တာဗျူးထားပြီး မြန်မာနိုင်ငံငလျင် ကော်မတီ နာယက ဒေါက်တာဦးသိန်း ဖြေကြားထားပါတယ်။

ငလျင်ဒဏ် အများဆုံးခံရဖွယ် နှင့် အပြင်းထံဆုံးခံရဖွယ် ဧရိယာများအနေဖြင့် ပြောကြားသွားရာမှာ (၁) မန္တလေးးတိုင်း အရှေဘက်ခြမ်း (၂) ပဲခူးတိုင်း အရှေ့ဘက်ခြမ်း (၃) ချင်းတောင်တန်းမြောက်ဘက်ခြမ်း / စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်းစသည့် ဧရိယာများဖြစ်ကြပြီး အန္တရာယ်များနှင့်လည်း ကြုံရဖွယ်ရှိပါကြောင်း ပြောကြားသွားပါတယ်။

တိုင်းအလိုက် ခွဲခြားပြီး ပြောကြားရာမှာတော့ (၁) ရန်ကုန်တိုင်းအတွင်းမှာဆိုရင်ဖြင့် ရန်ကုန်မြို့ဧရိယာ၏ အရှေဘက်အခြမ်းရှိ စစ်ကိုင်းပြတ်ရွေ့ကြောဖြင့် ၁၅-၂၀ မိုင်နီးစပ်လျှက်ရှိနေသော ဒဂုံတောင်/မြောက်၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များ ဖြစ်ကြပါတယ်။

မြေပျော့ဧရိယာများဖြစ်ကြသည့်အတွက်လည်း အခြားနေရာများနှင့်နှိုင်းလျှင် ပိုမိုခံရဖွယ်ရှိပါကြောင်း ပြောကြားသွားပါတယ်။ (၂) မန္တလေးတိုင်းအတွင်းမှာဆိုရင်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အများဆုံးခံရဖွယ်ရှိပါတယ်။ ရစ်ချက်တာစကေး ၉ – ၁၀ အထိအောင် လှုပ်နိုင်ဖွယ်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောဖြင့် ၆-၇ မိုင်လောက် ကပ်လျှက်ရှိနေသော မန္တလေးအနောက်ဘက်ခြမ်းပိုင်းမှာတော့ မြေပျော့များဖြစ်သည့်အလျောက် အပျက်အစီးပို၍ များပါမယ်။ ခန့်မှန်းခြေအားဖြင့် ၈၅-၈၆ လမ်း၏အရှေ့ဘက်တွေက ပို၍ အပျက်အစီးများနိုင်ပါတယ်။

(၃) နေပြည်တော် အနေဖြင့်တော့ ပျဉ်းမနားထက်စာလျှင် ပို၍ ခံရဖွယ်ရှိပါတယ်။ ပျဉ်းမနားက စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၁၀ မိုင်လောက် နီးကပ်ပေမယ့် နေပြည်တော်၏တစ်ချို့နေရာတွေက ၁-၂ မိုင်လောက်အထိ ကပ်နေတဲ့နေရာတွေ ရှိနေပါတယ်။

ငလျင်အန္တရယ် ကြီးမားစွာ ခံရနိုင်ဖွယ်မှာ ရှနေပေမယ့် အထပ်မြင့်အဆောက်အဦးများ ရှိမနေခြင်းကြောင့် ဘေးကျရောက်မှုတော့ နည်းပါလိမ့်မယ်။မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ မြို့ကြီးများအနေဖြင့် ငလျင်ဒဏ်ခံရဖွယ်မြို့ကြီးများကို မြန်မာပြည် တောင်ဘက်ဖျားမှ စတင်ကာ ပြောပြရရင်ဖြင့်

(၁) ပဲခူး (၂) ဖြူး (၃) တောင်ငူ (၄) နေပြည်တော် / ပျဉ်းမနား (၅) သာစည် (၆) သဲတော် (၇) ၀မ်းတွင်း (၈) မန္တလေး (၉) စစ်ကိုင်း (၁၀) တကောင်း (၁၁) သပိတ်ကျဉ်း (၁၂) ပူတာအို (၁၃) ဟုမ္မလင်း (၁၄) ကလေး၀ (၁၅) ရွှေဘို (၁၆) မုံရွာ (၁၇) ကျောက်ဆည် (၁၈) မိတ္ထီလာ

စတဲ့မြို့ကြီးတွေဟာ ငလျင်ဒဏ်ခံရဖွယ်ရှိပါကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဦးသိန်း ပြောကြားသွားချက်ကို စေတနာ ရှေ့ထား မေတ္တာထားကာ သတ္တ၀ါအများ ဘေးအန္တရယ်မှ ကြိုတင်ကာကွယ် ရှောင်ရှား လွတ်မြောက် နိိုင်ပါစေကြောင်း ကရုဏာထားကာရေးသားအသိပေး လိုက်ရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)

Credit: KyarNyo

#

Latest Comments

Leave a Comment

Related News