Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အရက်ကို မှန်ကန်စွာ သောက်သုံး သူများ အသက်(၉၀)ကျော်ထိ အသက်ရှည်ဟု လေ့လာမှုကဆို

Image



The 90+ Study ဟု အ မည်ပေးထား သည့် ကာလ ရှည် သုတေသနပြုလုပ်ခဲ့မှု ရလဒ်များအရ အသက် (၉၀) ကျော်အထိနေလိုပါလျှင် လေ့ကျင့်ခန်းလုပ်ခြင်းထက် အရက်သောက်ခြင်းက ပိုမို အထောက်အပံ့ဖြစ်စေသည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

အရက်သောက်ခြင်း၏ အကျိုးကျေးဇူးများအပေါ် သုတေသနများပြုလုပ်ခဲ့ရာ မတူညီသော ရလဒ်များစွာ ထွက်ပေါ်ခဲ့ပေသည်။ အချို့သောလေ့လာခြင်းများက အရက်သောက်ခြင်းသည် DNA ပျက်စီးခြင်းအပြင် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည်ဟု အခိုင်အမာပြောဆိုခဲ့ကြပြီး အချို့သော လေ့လာမှုများကမူ အရက်သောက်ခြင်းသည် ဦးနှောက်ကိုသန့်ရှင်းစေနိုင်ကြောင်း ပြောဆိုခဲ့ကြ သည်။ ထိုမတူညီသောရလဒ်နှစ်ခုစလုံး၏ အရေးအကြီးဆုံး ကွဲပြားခြားနားချက်မှာ အယ်လ်ကိုဟော ပါဝင်မှုပမာဏပေါ် မူတည်နေသည်ဟု နောက်ဆုံးလေ့လာတွေ့ရှိချက်များက ဖော်ပြခဲ့ပေသည်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဦးနှောက်နှင့် အာရုံကြောပါရဂူ ကလော်ဒီယာ ကေးဝက်စ် ဦးဆောင်၍ (၂၀၀၃) ခုနစ်က စတင်ပြုလုပ်ခဲ့သည့် The 90+ Study လေ့လာမှုတွင် oldest-old အဖွဲ့မှ သက်ကြီးရွယ်အိုပေါင်း (၁၆၀၀) အပေါ် လေ့လာမှုများ ပြုလုပ်ခဲ့ကြပေသည်။ ၎င်း oldest-old အဖွဲ့ကို အမေရိကန်တွင် fastest-growing အဖွဲ့ဟု သိရှိကြပြီး အသက် (၉၀) နှင့်အထက်ရှိသော သက်ကြီး ရွယ်အိုများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

The 90+ Study ၌ ပါဝင်သူများသည် သုတေသနအဖွဲ့ ဆရာဝန်များနှင့် ခြောက်လကြာ အတူတကွနေထိုင်ပြီး စမ်းသပ်စစ်ဆေးမှုများ ခံယူခဲ့ကြသည်။ ထိုသို့စမ်းသပ်ရာတွင် သုတေသန ပြုလုပ်သူများသည် ဦးနှောက်အာရုံကြောနှင့်သက်ဆိုင်သောစစ်ဆေးခြင်းများ၊ အာရုံကြောစိတ်ပညာ ဆိုင်ရာ စစ်ဆေးခြင်းများ၊ အမြင်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများနှင့် ရုပ်ပိုင်းဆိုင်ရာ အခြား စမ်းသပ် စစ်ဆေးခြင်းများ အစရှိသည့် စမ်းသပ်မှုအမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ စစ်ဆေးခဲ့ရာ ဆေးပညာဆိုင်ရာဖြစ်စဉ်များ၊ လှုပ်ရှားနေထိုင်မှုပုံစံများ၊ စားသောက်မှုပုံစံများနှင့် အခြားသော အချက်အလက်များစွာကို ရရှိခဲ့ကြသည်။

ရှာဖွေတွေ့ရှိချက်များသည် အမှန်တကယ် စိတ်ဝင်စားဖွယ်ရာကောင်းပေသည်။ တွေ့ရှိချက် များအနက်တစ်ခုက တစ်နေ့လျှင် အယ်လ်ကိုဟော (၂) ဖန်ခွက် သောက်သုံးပါက စောစီးစွာ သေဆုံးနိုင်ခြေကို (၁၈) ရာခိုင်နှုန်းထိ လျော့ကျစေသည်ဟု ဆိုသည်။ နှိုင်းယှဉ်ချက်တစ်ခုအားဖြင့် နေ့စဉ် (၁၅) မိနစ်မှ (၄၅) မိနစ်အတွင်း လေ့ကျင့်ခန်းလုပ်ခြင်းများသည် စောစီးစွာသေဆုံးနိုင်ခြေကို (၁၁) ရာခိုင်နှုန်းမျှသာ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

“ဒီရှာဖွေတွေ့ရှိချက်နဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြနိုင်စွမ်း မရှိပါဘူး၊ ဒါပေမယ့် သင့်တင့်တဲ့ အယ်လ်ကိုဟောပမာဏ သောက်သုံးခြင်းဟာ အသက်ရှည်စေနိုင်တယ်ဆိုတာကိုတော့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ကေးဝက်စ်က ပြောကြားသွားခဲ့သည်။ ဘီယာနှင့် ဝိုင်အများအပြား သောက်သုံးခြင်းသည် ဆိုးကျိုးများကို ဖြစ်ပွားစေသော်လည်း အသက် (၉၀) ကျော် သက်ကြီးရွယ်အိုများ အတွက် သင့်တင့်သည့် အယ်လ်ကိုဟောပမာဏ မှီဝဲခြင်းသည် အသက်ရှည်ရန် အထောက်အပံ့ ပေးနိုင်သည်ဟု ၎င်းက ဆိုခဲ့သည်။

The 90+ Study ၏ လေ့လာချက်များအရသာမက အခြားသော လေ့လာမှုများအရလည်း အရက်ကို သင့်တင့်သည့်ပမာဏသောက်သုံးပေးခြင်းသည် အသက်ရှည်စေရန်အတွက် ကောင်းကျိုး များ ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရသည်။ တစ်နေ့လျှင် (၂) နာရီမျှ မိမိဝါသနာပါသော အလုပ်တစ်ခုခုကို ပြုလုပ်ခြင်းသည် စောစီးစွာသေဆုံးနိုင်ခြေကို (၂၁) ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်ပြီး တစ်နေ့လျှင် ကော်ဖီနှစ်ခွက်သောက်သုံးခြင်းကလည်း (၁၀) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း သိရသည်။

အခြားထူးခြားသည့် လေ့လာတွေ့ရှိချက်တစ်ခုမှာ အဝလွန်ခြင်းမဟုတ်ဘဲ အလေးချိန်ပိုများသော အသက် (၉၀) ကျော် သက်ကြီးရွယ်အိုများသည် စောစီးစွာသေဆုံးနိုင်ခြေ (၃) ရာခိုင်နှုန်းမျှ ပိုမို လျော့နည်းကြောင်း တွေ့ရှိခဲ့ရပေသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: သီဟမောင်

 MyanmarNote

Tags:
  • ,

Latest Comments

Leave a Comment