Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အမြန်လမ်း ၁၁၅ မိုင်ရှိ Pioneer စားသောက်ဆိုင် လူပျိုဆောင်မီးလောင်

Image



ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင်ရှိ Pioneer စားသောက်ဆိုင် လူပျိုဆောင် တန်းလျားတွင် ဖုန်းအားသွင်းရာ ကအပူလွန်၍ ၀ိုင်ယာရှော့ခ်ဖြစ် ကာမီးလောင်ခဲ့ကြောင်း ဖြူးမြို့ နယ်မီးသတ်တပ်ဖွဲ့ တာ၀န်ရှိိသူ တစ်ဦးက ပြောသည်။

‘‘၇နာရီ ၄၅မိနစ်လောက်မှာ  မီးလောင်တာလို့ ခန့်မှန်းရပါ တယ်။ ကျွန်တော်တို့ရောက်သွား တဲ့ အချိန်မှာတော့ မီးကတော် တော်လောင်နေပြီ’’ ဟု ယင်းနေ ရာသို့ သွားရောက်မီးငြိှမ်းသတ်ခဲ့ သည့် မီးသတ်တပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

မေလ၄ရက်ညက မီးလောင် မှုဖြစ်ပွားပြီး မီးစတင်လောင်သည့် လူပျိုဆောင်တန်းလျား၏ သုံးပုံနှစ်ပုံခန့် မီးလောင်ဆုံးရှုံးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်ခြောက်သိန်းကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

‘‘လူထိခိုက်မှုတော့ မရှိပါ ဘူး။ အရေးယူဆောင်ရွက်မှုက တော့ အဲဒီက လျှပ်စစ်တာ၀န်ခံကို  ပေါ့ဆမှုပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အ ရေးယူထားပါတယ်’’ ဟု အထက် ပါတာ၀န်ရှိသူက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7DayDaily

Latest Comments

Leave a Comment

Related News