Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အမြန်လမ်းမကြီးဘေးမှာ လူ (၁)ဦးအား သတ်ဖြတ်သွားသူများကို ဖမ်းဆီးမိ

Image



ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၂/၇)နှင့် (၈၃/၀)ကြား အမြန်လမ်းမကြီး အနောက်ဘက် (၉၀)ပေခန့်အကွာ ရေထုတ်မြောင်းအတွင်း၌ လူ(၁) ဦး သေဆုံးနေမှုမှ သတ်ဖြတ်သွားသူတရားခံများအား ဖော်ထုတ်အရေးယူထား

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၂/၇)နှင့် (၈၃/၀)ကြား အမြန်လမ်းမကြီး အနောက်ဘက် (၉၀)ပေခန့်အကွာ ရေထုတ်မြောင်းအတွင်း၌ မေလ ၁၀ ရက်နေ့က လူ(၁) ဦး သေဆုံးနေမှုမှ သတ်ဖြတ်သွားသူ တရားခံများအား ဖော်ထုတ်အရေးယူထား မြန်မာနိုင်ငံရဲတပ်ဖွဲ ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၂/၇)နှင့် (၈၃/၀)ကြား အမြန် လမ်းမကြီး အနောက်ဘက် (၉၀)ပေခန့်အကွာ ရေထုတ်မြောင်းအတွင်း၌ လူ ၁ ဦး သေဆုံး နေကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အသက်(၄၅)နှစ်ခန့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)ဖြစ်ပြီး ဝဲပါး ထိုးသွင်း၊ ဦးခေါင်း၊ နဖူး ပေါက်ပြဲ၊ နောက်စေ့၊ လည်ပင်း၊ နှုတ်ခမ်းပြတ်ရှ၊ ယာပါးဖူးရောင်၊ သွား ၇ ချောင်းကျိုး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ၍ အလောင်းအား မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့အပ်ခဲ့ပြီး သတ်ဖြတ်သွားသူ(စုံစမ်းဆဲ) အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း (ပ)၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း သိရပါသည်။

စုံစမ်းချက်များအရ သေဆုံးသူမှာ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ ဘုံးမဲဇာကျေးရွာနေ ဇော်ဝင်းထွဋ်(၂၈)နှစ် ဖြစ်ကြောင်းသိရှိရပြီး တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ဇော်ဝင်းထွဋ် နှင့်အတူ ကျောက်တံခါးမြို့နယ်၊ ကင်းရွာနေ ကိုထိုက်(၂၈)နှစ်၊ ကုလားကုန်းကျေးရွာနေ နေမျိုးထွန်း(၂၀)နှစ်တို့ လမ်းဘေးသစ်ပင်အောက်၌ အရက်အတူသောက်ကြစဉ် စကားများရာမှ ကိုထိုက်နှင့် နေမျိုးထွန်း က ဇော်ဝင်းထွန်းအား ပုလင်း၊ တုတ်၊ သစ်ကိုင်း တို့ဖြင့် ရိုက်နှက်ကာ သတိလစ်သွား၍ ရေမြောင်းအတွင်းသို့ ဆွဲချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ကိုထိုက်နှင့် နေမျိုးထွန်း(၂)ဦးအား ဖမ်းဆီးပြီး အမှုနှင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်







Latest Comments

Leave a Comment

Related News