Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အမျိုးသမီးများ အိပ်မပျော်ရခြင်း အကြောင်းရင်းများ

Image



ဒေါက်တာရှင့် ကျွန်မအသက် ၆၀ ကျော်ပါပီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲက ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး ဆရာ။ အဲ့ဒါဘာဖြစ်လို့ပါသလည်း။ ကျွန်မမှာ ဆီးချိုရောဂါတော့ ရှိပါတယ် ဆရာ။

ဆီးချိုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာပါလား။

ကျွန်မပြသနေတဲ့ ဆေးခန်းက အိပ်ဆေးပေးပါတယ်ဆရာ။ ဆေးက ဝယ်ရခက်တဲ့ဆေးပါ။ ဆေးမသောက်ဘဲ အိပ်ပျော်ချင်ပါတယ် ဆရာ။ ကူညီပေးပါ။

ဒေါ်တင်တင်ဝေ(ကျောက်ကုန်း)

ဒေါ်တင်တင်ဝေရဲ့ ပြဿနာကို သက်ကြီးပိုင်း အမျိုးသမီးအများစုမှာ တွေ့ရလေ့ရှိပါတယ်။ အသက်အရွယ်ရ၍ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်သော် လည်းကောင်း၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါတစ်ခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်သော် လည်းကောင်း၊ နေထိုင်မှု ပုံစံမမှန်ကန်မှုကြောင့်သော် လည်းကောင်း နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ဖြစ်လေ့ရှိပါတယ်။ လူတစ်ယောက်ချင်းစီမှာ လိုအပ်တဲ့အိပ်ချိန်က တူညီလေ့ မရှိတာကြောင့် ဒေါ်တင်တင်ဝေ လိုအပ်တဲ့ အိပ်ချိန်ပမာဏကို ကိုယ်တိုင်သိထားဖို့ လိုအပ်တာက ပထမအချက်ပါ။ ဥပမာ- ည ၁ဝ နာရီအိပ်ရာဝင်ပြီး မနက် ၆ နာရီထလျှင် အိပ်ချိန် ၈ နာရီရ၍ ထိုအိပ်ချိန် ၈ နာရီမျှ အိပ်ရသည်ကို ခန္ဓာကိုယ်က ကြည်လင် လန်းဆန်းပါသလားဆိုတာကို သိသင့်ပါတယ်။ ဒါကြောင့် အိပ်မပျော်သူတစ်ယောက်ဟာ-

(၁) ညစဉ်အချိန်မှန် အိပ်ရာဝင်၊ နံနက်အချိန်မှန် အိပ်ရာထတဲ့ အကျင့်လုပ်ပြီး နေ့လယ်ဘက်မှာ တစ်မှေးမျှ မအိပ်သင့်ပါ။

(၂) အိပ်ရာမဝင်ခင် ၃ နာရီအတွင်း အဆီအအိမ့်များ၊ ကဖင်းဓာတ်များ မသောက်သုံးသင့်ပါ။ အိပ်ရာဝင်ခါနီး ဗိုက်ဆာပါက ခရက်ကာ အနည်းငယ် သို့မဟုတ် ငှက်ပျောသီး တစ်လုံးခန့်စားပါ။ နွားနို့ပူပူ တစ်ခွက်သောက်နိုင်ပါတယ်။

(၃) စိတ်တို၊ စိတ်ညစ်စရာများ ရှိပါက အိပ်ရာဝင်ခါနီး ကြွက်သားများကို ခေါင်းမှခြေအထိ ဖြေလျှော့ပါ။ ရေချိုးကန်ရှိပါက ရေနွေးဖြင့် အတန်ကြာစိမ်ပြီး ရေချိုးပါ။

အရေးကြီးဆုံးကတော့ အိပ်ရာမဝင်မီ တစ်နာရီအတွင်း လုပ်လက်စ အလုပ်မှန်သမျှကို ရပ်ပစ်ပြီး စာတစ်အုပ်လောက်ဖတ်ဖို့ပါ။ ဒါမှမဟုတ်သာယာ ငြိမ့်ညောင်းတဲ့ သီချင်း၊ တီးလုံးတွေကို နားဆင်ပါ။ ဒီလိုအချိန်တွေမှာ အိပ်ခန်းဟာ မပူလွန်း၊ မအေးလွန်းဘဲ ဆိတ်ငြိမ်နေပါစေ။

အိပ်ရာဝင်ပြီး နာရီဝက်ကြာသည့်တိုင် အိပ်မပျော်ပါက ဆက်မအိပ်တော့ဘဲ စာဖတ်ကြည့်ပါ။ (TV မကြည့်သင့်ပါ) မနက်ပြုလုပ်ရမယ့် အလုပ်တွေအ တွက် စိတ်ပူ၊ စိတ်ထင့်နေတာမျိုး ရှိရင် ခေါင်းအုံးဘေးမှာ မှတ်စုနဲ့ဘော ပင်ထားခြင်းဖြင့် စိတ်ကိုဖြေလျှော့ပေးပါ။ ထိုမှတ်စုထဲမှာ ပူသမျှအ လုပ်တွေကို ချရေးထားရပါမယ်။ အိပ်ဆေးမသောက်ချင်တဲ့ ဒေါ်တင်တင်ဝေ အတွက် အထက်ပါ နည်းလေးတွေဟာ လွယ်လည်း လွယ်ကူပြီး အသုံးလည်း တည့်ပါစေကြောင်း၊ အိပ်၍မရသော ညပေါင်းကုဋေကုဋာကို ထားခဲ့နိုင်ပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)

Credit:http://health.thithtoolwin.com

#

Tags:
  • ,

Latest Comments

Leave a Comment