Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အမျိုးသမီးများ မြုံခြင်းနှင့်ပတ်သက်၍ သိထိုက်သော အချက်အလက်များ

Image



သီတင်းတစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ် အကာအကွယ်မပါဘဲ  လိင်ဆက်ဆံသော

လင်မယားစုံတွဲ အများစုမှာ တစ်နှစ်အတွင်း ကိုယ်၀န်ရှိနိုင်သည်။

တစ်နှစ်ကြာပြီးနောက် ကိုယ်၀န်မရှိပါက လင်းနှင့်မ

ယားကို

မျိုးမအောင်နိုင်သည့် ပြဿနာရှိသူများအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

မျိုးမအောင်ခြင်းမှာ အမျိုးသား၊ အမျိုးသမီးကြောင့် (သို့ မဟုတ်)

နှစ်ဦးစလုံးကြောင့် ဖြစ်နိုင်သည်။ အ

ချို့သော လင်မယားစုံ တွဲများတွင်

မျိုးမအောင်ဖြစ်ရသည့် အကြောင်းရင်းကို ရှာမတွေ့နိုင် ပေ။

အခြားသော

လင်မယားစုံတွဲများတွင်ကား မျိုးမအောင်ဖြစ်ရ သည့် အကြောင်းရင်းတစ်ခုထက်

ပိုနေလေ့ရှိသည်။

သာမန်အတိုင်းအသက်အရွယ်ကြီးရင့်လာမှုကြောင့်အမျိုးသမီးတစ်ဦးကိုယ်၀န်ရှိနိုင်စွမ်းကို လျော့ကျ

သွားစေသည်။ အမျိုး သမီးများ

အသက်ကြီးလာချိန်တွင် သားဥဖြစ်ပေါ်မှုနှင့် သားဥထုတ် လွှတ်မှုများ နှေးကွေးပြီး

အစွမ်းထက်မှု လျော့နည်းသွားတတ်သည်။

အမျိုးသမီးများ အသက်(၃၀)အရွယ်၌ပင် သန္ဓေတည်နိုင်

စွမ်းလျော့ကျသွားနိုင်သည်။ အသက် (၄၄)နှစ်နောက်ပိုင်း ကိုယ်၀န်

ဆောင်နိုင်မှုနှုန်းမှာ အလွန်ပင်နည်းပါးသည်။ မျိုးအောင်စေသော

 ဆေး၀ါးများ

သုံးလျှင်ပင် ယင်းအချက်မှာ မှန်ကန်မြဲ ဖြစ်သည်။

မျိုးဥဖြစ်ပေါ်ချိန် ပုံမှန်မရှိခြင်း၊ အချိန်တစ်လကျော်ကြာမှ

ဓမ္မတာလာခြင်း (သို့မဟုတ်) တစ်ခါတစ်ရံ ဓမ္မတာမလာခြင်းတို့မှာ

မျိုးမအောင်နိုင်ခြင်း၏ လက္ခဏာများ ဖြစ်သည်။

အစားအသောက်မူမမှန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အပြင်းအထန်

လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချရန် အပြင်းအထန်

ကြိုးစားခြင်း၊ အ၀လွန်ခြင်းတို့ကဲ့သို့ ခန္ဓာကိုယ် ဖိအား

များကြောင့်

မျိုးဥဖြစ်ပေါ်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကိုယ်၀န်ဆောင်နိုင်ရန် ကြိုးစားနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။

မပြင်းထန်လွန်းသော

 လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ပါ။ ဓမ္မတာလာချိန်

ပုံမှန်မဟုတ်သည်အထိ (သို့မဟုတ်) ဓမ္မတာ မလာ ဖြစ်သွားနိုင်သည်အထိ

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနှင့်။ ကိုယ်အလေးချိန်

 မပိုရန်

သတိထားပါ။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) အနည်းဆုံး ၂၀ နှင့် ၂၇ အောက်

ရှိနေရန်

လိုသည်။

အရက်၊ ဆေး လိပ်နှင့်မူးယစ်ဆေးမသုံးပါနှင့်။

ကဖိန်းဓာတ်များစွာ သောက်သုံး ခြင်း ရှောင်ပါ။ တစ်နေ့ ကော်ဖီတစ်ခွက်ထက်

ပိုမသောက်ပါနှင့်။ ဆရာ၀န်နှင့် တိုင်ပင်ပြီးမှ ဆေး၀ါးသုံးစွဲပါ။ အချို့သော

ဆေး၀ါးများ ကြောင့် ကိုယ်၀န်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်သည်။

အာဟာရပြည့် စုံသော အစားအသောက်များ စားပေးရန်လည်း လိုအပ်သည်။

သန္ဓေအောင်စေသော ဟော်မုန်းဆေးများလည်းရှိပါသည်။သို့သော်ယင်းဆေးများအားလုံးတွင် ဘေး

ထွက်ဆိုးကျိုးများ ရှိနိုင် ပြီး

ကိုယ်၀န်တစ်ကြိမ်ဆောင်စဉ် ကလေးနှစ်မြွှာပူး၊ သုံးမြွှာပူး မွေး နိုင်သည်။

သန္ဓေအောင်စေသော ဆေး၀ါးအများစုကို ပညာရှင်နှင့် တိုင်ပင်ပြီးမှ

သောက်သုံးသင့်သည်။ သို့သော် တစ်ခါတစ်ရံတွင် ယင်းဆေး၀ါးများဖြင့်

ကုသပြီးနောက် ခွဲစိတ်ကုသမှု ပြုလုပ်ရန်လိုအပ် သည်။

ကိုယ်၀န်ရရန် ကြိုးစားမှုတစ်နှစ်ကျော်၍မျှ မအောင်မြင်ပါက ဆရာ၀န်နှင့်

တိုင်ပင်ဆွေးနွေးသင့်သည်။ အကယ်၍  အသက်(၃၅) နှစ်ကျော်နေပါက ကိုယ်၀န်ရရန်

ကြိုးစားမှု လေးလမှ ခြောက်လအ ထိ ကြာမြင့်ချိန်တွင် ဆရာ၀န်နှင့်တိုင်ပင်သင့်သည်။ယင်းအသက်အရွယ်၌သန္ဓေအောင်စေသော ဆေး၀ါး

မပါဘဲ

ကိုယ်၀န်ရရှိမှု နည်းပါးလေ့ရှိသည်။ အကယ်၍ သန္ဓေတည်နိုင်သော ဆေး၀ါးများ

သုံးစွဲနေချိန် ဆီးခုံနာကျင်မှုနှင့် ၀မ်းဗိုက်ရောင်ရမ်းမှုတို့ ရှိပါက

ဆရာ၀န်ကို အသိပေးပါ။

အောင်မြင်စွာ ကိုယ်၀န်ဆောင်နိုင်ခြေမှာ မြုံရခြင်းအကြောင်း

ရင်းပေါ်မူတည်သည်။ မြုံနေ၍ ဆေး၀ါးကုသမှု ခံယူသော အမျိုး သမီးများ၏

ထက်၀က်ကျော်မှာ နောက်ဆုံးတွင် ကိုယ်၀န်ရှိလာနိုင် သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

Latest Comments

Leave a Comment

Related News