Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ အတုုတွေကို ဖယ်ခွာကြည့်ခြင်း

Image



အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ အတုုတွေကို ဖယ်ခွာကြည့်ခြင်း

1.အမျိုးသမီးတွေရဲ့ သဘာဝကတော့ အမျိုးသားတွေထက် ချွေးထွက်နည်းပါတယ်။သူတို့ဟာ ချွေးတော့ထွက်ကြပြီး ဂျိုင်းမှာ ချွေးစုပ်တဲ့ ပလတ်စတာကို ကပ်ကြပါတယ်။ဒါက ဂျိုင်းကို သန့်ရှင်းစေပြီး ချွေးကို စုပ်ပေးပါတယ်။ဂျိုင်းရဲ့ ချွေးနံ့ကို ပျောက်စေပြီး ဂျိုင်းကို ဖြူစေပါတယ်။

2.တချိုက အမျိုးသမီးတွေက လည်းသည်းတွေ မလှပါဘူး။ဒါပေမယ့် သူတို့အတွက် ဒါဟာ ပြဿနာမဟုတ်ပါဘူး။လက်သည်းတုတွေကို ကပ်လိုက်ခြင်းက သူတို့ကို ပိုမိုလှပသွားစေပြီး ပုံစံမျိုးစုံဖော်ပြီးသား ဒီဇိုင်းတွေနဲ့ အရောင်တွေက အသင့်ထွက်နေတာဖြစ်ပါတယ်။

3.အမျိုးသမီးတွေ ဗိုက်ပူရင် ကြည့်မကောင်းပါဘူး။ဒါပေမယ့် အခုခေတ်ကတော့ ဗိုက်မရှိဖို့ တင်သားတွေ ရှိဖို့ အကူအညီတွေထွက်လာပါ။ဗိုက်ကို ချပ်ရပ်နေအောင် ပတ်ပေးမယ့် အစည်းတွေနဲ့ တင်ကို ပိုထွက်လာအောင် လုပ်ပေးမယ့် တင်တုဘောင်းဘီတွေ ထွက်လာတာဖြစ်ပါတယ်။

4.မျက်လုံးတွေဟာလည်း အစစ်ဆိုတာ ရှားပါတယ်။မျက်တောင် တုတွေကပ်တာနဲ့ မျက်ခုံးစိုက်တာ တက်တူးထိုးတာကို လုပ်ကြပြီး မျက်ကပ်မှန်တပ်တာပါ လုပ်ကြပါတယ်။ဒီတော့ အမျိုးသမီးတွေရဲက မျက်လုံးကို ရင်ဆိုင်ဖို့ဆိုရင် အတုတွေကို အထပ်ထပ် ဖြတ်ကျော်ရမှာဖြစ်ပါတယ်။

5.ရင်သားတွေသေးငယ်တာကလည်း အစားထိုးလုပ်ဆောင်မှုတွေရှိလာပါတယ်။ရင်သားကို ဖော့ခံတာ ဆေးထိုးတာနဲ့ ဆေးလိမ်းတာအပြင် ဆီလီကွန် ထည့်တာတွေပါ လုပ်တတ်ကြပါတယ်။

6.အမျိုးသမီးတွေဟာ အကြပ်တွေ ဝတ်တဲ့ အခါ အောက်ခံဘောင်းဘီအရာတွေထင်းနေတာကို မကြိုက်ကြပါဘူး။တကယ်လည်း သရုပ်ပျက်စရာဖြစ်ပါတယ်။ဒီအတွက် သူတို့ဟာ အဓိကနေရာကို အကာအကွယ်ပေးနိုင်တဲ့ အောက်ခံတွေသာ ဝတ်လာပြီး ဒါတွေက အနံ့ဆိုးကို ဖျောက်ပေးနိုင်တဲ့ ပုံစံအတိုင်းထုတ်လာတာဖြစ်ပါတယ်။

7.တချို့တွေကတော့ ခြေချောင်းတွေ မလှတာနဲ့ ခြေသည်းတွေ စုတ်ပြတ်နေတာရှိပါတယ်။ဒါပေမယ့် ဒါတွေကို အမျိုးသားတွေနဲ့ အခြားလူတွေ မမြင်နိုင်အောင် လုပ်နိုင်တဲ့နည်းရှိပါတယ်။ဒါကတော့ ခြေချောင်းထိပ်တွေကို ခြေအိပ်အစွပ်လေးစွပ်လိုက်တာဖြစ်ပြီး သူတို့ဟာ ဒီအတွက် ခြေထောက်တွေ ပိုလို့တောင် လှပသွားပါသေးတယ်။

8.မျက်နှာကို ပြုပြင်ခြင်းက ဒီဘက်ခေတ်မှာ ပိုလို့တောင် ခေတ်စားလာပါတယ်။မျက်နှာကို ခွဲစိတ်ပြုပြင်ခြင်းအပြင် တချို့နှုတ်ခမ်းတွေ မျက်နှာတွေဆို ပန်းရောင်လေးပါ သမ်းနေကြပါတယ်။သူတို့ဟာ မျက်နှာထဲကို ဆေးတွေထိုးကြတာဖြစ်ပြီး ပန်းနုရောင်သမ်းအောင် လုပ်ဆောင်လာကြပါတယ်။

9.ဆံပင်တွေဟာလည်း သာမာန်ဆံပင်တွေထက် ပိုလို့တောင် ရှည်လျားပြီး လှပနေတာတွေ့ရပါလိမ့်မယ်။ဆံပင်ရှည်တွေဟာ သဘာဝဆံပင်တွေမဟုတ်ပဲ ပြန် ဆက်ထားတာဖြစ်ပြီး တောက်ပနေတာဖြစ်ပါတယ်။

10.တင်တွေကောက်နေတာကို အမျိုးသားတိုင်း သဘောကျပါတယ်။ဒီအတွက် ဒီလို ဂရုစိုက်ခြင်းခံရဖို့ သူတို့ဟာ တင်ပါးတွေကို အကွေ့အဝိုက်တွေ အဖုတွေဖြစ်အောင်နဲက တင်ပါးကားအောင် ဖော့တွေ ခုပါတယ်။ဒါကို နှစ်ဖက်ခံလိုက်တယ်ဆိုရင်ပဲ တင်ပါးတေ့ ကောက်နေသလိုဖြစ်သွားပါတယ်

11.ဒေါက်မြင့်ဖိနပ်ကြီးတွေကို တချို့က အပင်ပမ်းခံစီးပါတယ်။ဒီလို စီးရခြင်း အရပ်ပုခြင်းအတွက်လည်းဖြစ်ပြီး တင်ပါးတွေပိုထွက်လာဖို့ စီးကြတာဖြစ်ပါတယ်။တကယ်တော့ ခြေထောက်တွေ လုံးဝမသက်သာပါဘူး။

12.သာမာန်နှုတ်ခမ်းတွေ လှလား မလှလားကြည့်ဖို့ အမျိုးသမီးတွေ မျက်နှာသစ်ချိန်ကို စောင့်ရမလိုပါပဲ။အခုနှုတ်ခမ်းနီတွေဟာ အရောင်တောက်ပြီး စိုရွှန်းနေတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: cantwait2say

#

Latest Comments

Leave a Comment

Related News