Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အပြစ်​မမြင်​ပါနဲ့ ရှင်ရယ်

Image



ကျွန်မ ရှေ့အပါတ်ထဲ ဘာပဲ လုပ်ပြီး လုပ်ပြီး ရေ မဆေးဘူး ဆိုရင်

ကျွန်မ ကို အပြစ် မမြင်ပါနဲ့ ကိုငြိမ်းမောင်..

ရန်ကုန် မှာ ရေ (၆) ရက် မလာဘူး လို့

ကြေညာ ထားတာ ရှင်ထင်သလောက် မှ

မလွယ် ဘူး ကိုး ကိုငြိမ်းမောင် ရဲ့

အဲ့ဒိ သတင်း ကြားကြား ပြီးကတည်း က

ကျွန်မ ရှိသမျှ ထည့်လို့ ရသမျှ ကန်တွေ၊

ပုံးတွေ၊ ခွက်တွေ ရှိသမျှ ထည့်လိုက်ရတာ

ခု တော့ ထည့်စရာ ခွက် ဆိုလို့

ရှင့်မျက်ခွက် ပဲ ကျန်တော့ တာပါ ကိုငြိမ်းမောင်

.

ရေလာတဲ့ နောက်ဆုံးနေ့ ညနေက ရှင် ရေ အိမ်သာ မှာ တံခါး လာခေါက်လို့ ကျွန်မ ဖွင့် မပေးခဲ့ဘူး ဆိုတာ ကျွန်မ အိမ်သာ ထဲ ထိုင်နေတဲ့ ၄၅ မိနစ် လောက်မှာ ပေါ့ ။

ဟုတ်ပါတယ် ကိုငြိ်မ်းမောင် …

မိန်းမ တစ်ယောက် အတွက် နောက်ထပ် (၆) ရက်စာ အပြီး အင်အင်း ပါရတယ် ဆိုတာ လွယ်လောက်တယ် မှ မဟုတ်တာ

ဒီလောက်တော့ အချိန် ယူရ တာပေ့ါ ကိုငြိမ်းမောင်ရယ် …

ပြီးတော့ ရှင့်လိပ်ခေါင်း နဲ့ အဆင်ပြေလို့ ဆိုပြီး တပ်ထားတဲ့ အဲ့ဒီ ဗိုလ်လို ထိုင်တဲ့ အိမ်သာ က ရေတစ်ခါ ဆွဲ ချရင် လီတာ ၂၀ လောက် ကုန်တာ လည်း ရှင်အသိ…

အဲ့ဒါကြောင့် လာသမျှ ရှင့်ဧည့်သည် တွေ နောက်ဖေး လေး သွားချင်တယ် ဆိုတဲ့ အသံလေး ကြားတာနဲ့ အိမ်သာ နားမှာ စပိုတာ လှမ်း သယောင်ယောင်၊ အဝတ်လျှော် သယောင်ယောင် ငရုတ်သီး ညှော်တိုက် သယောင်ယောင်နဲ့ ပလီပလာ လုပ်ရ တာက လည်း မိန်းမ မာယာ တွေပေါ့ ကိုငြိမ်းမောင် ..

ကျွန်မ ဆို တစ်နာရီ ခြား တစ်ခါ ရှူးရှူး ကို သုံးခါ လောက်ပေါက်ပြီး မှ ပေါင်းပြီး ရေဆွဲ ချ တာ ကို သူတို့ မှ ကိုယ်ချင်း မစာ တာ ..

တကယ်ဆို ကျွန်မ သဘောက ရှင်တို့လို ယောက်ျား တွေက ဘေစင်ဘေးက ရေထွက်ပေါက် ကို တန်းပြီး ရွှေပြွန်က ရေသွန်လို့ ရပေမယ့် ကျွန်မ ဟာ တောင်ဥက္ကလာ ဂန္ဓမာ Wholesale နားမှာ ကန်စွန်းရွက် ခူးပြီး ကြီးပြင်း လာသူ မဟုတ်တော့ မိန်းမ တန်မယ့် အဲ့ဒီလို တန်း ပြီး မတ်တပ် ငေ့ါပန်းဖို့ ဆိုတာ နည်းတဲ့ စကေးမှ မဟုတ် တာ။ ဒါလေး တစ်ခုတော့ ကျွန်မ မတတ်နိုင်ဘူး မောင်..

.

ဒါပေမယ့် ကိုငြိမ်းမောင်ရယ် ကျွန်မကို အပြစ်တင်တော့ မစောလိုက် ပါနဲ့

မနေ့က ရှင်တို့ မူးမူး နဲ့ စားလို့ ကောင်းလိုက်တာ ကြွပ်ကြွပ် ကလေး ဆိုတဲ့ ထမင်း ဂျိုးကြော် ပန်းကန် ဆိုတာ မနေ့ ကတတည်းက ကျွန်မ ဘဲဥ နဲ့ စားထားတဲ့ ထမင်း ပန်းကန် ကို မဆေး ရသေး တာမို့ အဲ့ဒါနဲ့ ထည့်ပေးမိ လိုက်တာ ပါ..

ရှင်တို့ စားလို့ ကောင်းလိုက်တာ ဆိုတာ

ကျွန်မ ထမင်း ပန်းကန် မှာ ကပ်နေတဲ့ ဘဲဥနှစ် လေးတွေ ခြောက်ပြီး ကျွပ်နေတာ နေမှာပေါ..

အားအား နေ ရှော့ပင်းစင်တာ ရောက်နေတဲ့ ကျွန်မကို ရှင် အပြစ် တင်တာနဲ့ စာရင် ရေမလာတဲ့ ရန်ကုန်သူ တစ်ယောက် က စရိတ်ငြိ်မ်​း နဲ့ အိမ်သာ ဝင်လို့ ရတာ….

ဒီထက် စကေး ကြမ်း တဲ့ ကျွန်မ က ရှော့ပင်းစင်တာက အများသုံး အိမ်သာကို အနုကြမ်းစီး ၊ တံခါး ချက်ချ ထားပစ် လိုုက်ပြိးတော့ ဘေစင်မှာ ခေါင်းလျှော် ပြီး အဝတ်ပါ လျှော် ခဲ့လို့… ရှင် ဒီနေ့ ရုံးသွားတဲ့ အကျႌလေးက ဖြူလွှလွှ လေး ဖြစ်နေ တာပေ့ါ ကိုငြိမ်းမောင်

အများသုံး အိမ်သာ က လက်ဆေး ဆပ်ပြာနဲ့ အကျီ ကို ဖွေးနေအောင် လျှော်နိုင်တဲ့ ရှင့် ဇနီး ရဲ့ မနည်း မနော စကေးကို ရှင် အသိအမှတ် ပြုသင်​့တာပေ့ါ ကိုငြိမ်းမောင်ရယ် ..

အညာက ရှင်တို့ ရွာကို အလည် ပြန်သလိုနဲ့ ရေချို ချိုးရအောင်လည်း မုန်းချောင်းထဲ ဗူးလက် လှဆွေ ကြီး လန်ကွတ်တီနဲ့ လာ DAB လုပ်နေ ကတည်းက ဒီလောက် မသတီစရာ ညစ်ပတ်တဲ့ ရေကို ဘယ်သူက ချိုးတော့မှာ လဲ ကိုငြိမ်းမောင်…

ဒါကြောင့် ဒီရက်ပိုင်း ပုပ်အက်အက် အန့့ံ ရတိုင်း ကျွန်မကို မငြိုငြင် ပါနဲ့ ကိုငြိမ်းမောင်ရယ်

ကျွန်မ ရှော့ပင်း စင်တာ မသွားဖြစ် သေးလို့ပါ

ယောက်ခမအိမ် ခဏ ခဏ သွားချင်တယ် ပူစာလို့ မငြိငြင်ပါနဲ့ ကိုငြိမ်းမောင်

ကျွန်မ ရှူးရှူး ပေါက်ချင် လို့ပါ

ကျွန်မ ရှေ့အပါတ်ထဲ ဘာပဲ လုပ်ပြီး လုပ်ပြီး ရေမဆေးဘူး ဆိုရင် ကျွန်မ ကို အပြစ် မမြင်ပါနဲ့ ကိုငြိမ်းမောင်..

ရန်ကုန်မှာ ရေ (၆) ရက် မလာဘူး လို့ကြေညာ ထားတာ ရှင် ထင်သလောက်မှ မလွယ်ဘူးကိုး ကိုငြိမ်းမောင်ရဲ့…

ဖိုးသူတော် (www.phothutaw.com)

Credit: Original Uploader

#

Tags:
  • ,

Latest Comments

Leave a Comment