Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အနှစ်(၅၀)သက်တမ်းရှိ အချစ်ဆုံးသူငယ်ချင်းနဲ ့ အသက်တစ်ရာပြည့်အဘွားနှစ်ယောက်

Image



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Diego ရှိ Matilda Curcia နဲ ့Mickey လို ့ခေါ်တဲ့အဘွားနှစ်ယောက်ကြောင့် အင်တာနက်သုံးစွဲသူတွေကြား အံ့သြဝမ်းသာမှုတွေခံစားလိုက်ရပါတယ်။

အကြောင်းအရင်းကတော့ သူတို ့နှစ်ယောက်ဟာ ယခုနှစ်မတ်လအတွင်း အသက်(၁၀၀)ပြည့်မွေးနေ ့ပွဲနဲ ့သူငယ်ချင်းသက်တမ်း အနှစ်(၅၀)ပြည့်ပွဲလေးကို အတူတူကျင်းပခဲ့လို ့ဖြစ်ပါတယ်။

အသက်တစ်ရာနေရဖို ့ဖြစ်နိုင်ချေနည်းပါးလွန်းတဲ့ခေတ်ကြီးမှာ အချစ်ဆုံးသူငယ်ချင်းဖြစ်သူနဲ ့အတူတူ အသက်(၁၀၀)ထိနေရတာဟာ အရမ်းကံကောင်းလွန်းပါတယ်။သူတို ့နှစ်ယောက်ကတော့ သူတို ့ဟာလွန်ခဲ့တဲ့အနှစ်(၅၀)က ယခုလက်ရှိနေထိုင်ရာ Allied Gardens ရပ်ကွက်လေးကို တစ်ချိန်တည်းပြောင်းလာချိန်ကစပြီး ခင်မင်ရင်းနှီးခဲ့ကြောင်း ….သူတို ့နှစ်ယောက်အိမ်ကြားမှာ တစ်ခြားမိသားစုလေးအိမ်ရှိကြောင်း …..ခင်မင်ရင်းနှီးပြီးနောက်ပိုင်း အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အတူတူအနှစ်(၅၀)ဖြတ်သန်းခဲ့ကြောင်း……အခုချိန်ထိနှစ်ယောက်သားအတူတူလမ်းလျှောက် စက်ဘီးစီးစတဲ့လေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်းမာအောင်နေထိုင်ကြောင်းစတာတွေကို ပြောကြားခဲ့ပါတယ်။

စာဖတ်ပရိသတ်တွေလည်း မိမိချစ်ရတဲ့သူတွေနဲ ့အတူ အသက်ရှည်ကျန်းမာစွာနဲ ့ဘဝကိုဖြတ်သန်းသွားနိုင်ဖို ့ဆုတောင်းပေးလိုက်တယ်နော်……

ဖိုးသူတော် (www.phothutaw.com)

Credit: အိပပစံ (MyanmarNote)

#

Latest Comments

Leave a Comment

Related News