Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အဆီပြန်သော မျက်နှာ ကို ဘယ်လို ထိန်းသိမ်းမလဲ

Image



မျက်နှာ အဆီပြန်ရခြင်းဟာ မျက်နှာ အရေပြားက အဆီဂလင်းတွေရဲ့အားကောင်းသောကြောင့် ဖြစ်ပါတယ်။

အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေက အများအားဖြင့် ၀က်ခြံ၊ အမည်းစက်တွေ ရှိပြီး ချွေးပေါက်ကျယ် ကြပါတယ်။

ဒါ့အပြင် မသန့်ရှင်းတဲ့ လေ၊ ရေနဲ့ ဖုန်မှုန့်တွေက အဆီပြန်တဲ့ အသားအရေ ကို အဖုအပိမ့်တွေ ထွက်စေပါတယ်။

ဒါကြောင့် အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အနေ နဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာ သိဖို့လိုပါတယ်။

၁။ သန့်စင်ပေးပါ။

အဆီပြန်တာကို ထိန်းချုပ်ဖို့ နည်းလမ်းကတော့ မျက်နှာ ကို သေချာသန့်စင်ပြီး တစ်ချိန်လုံး သန့်သန့်ရှင်းရှင်း ထားတာပါပဲ။

တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာ ခဏခဏ သစ်လွန်းရင်လည်း မျက်နှာ အစိုဓာတ် မရှိတော့ဘဲ အသားအရေ ခြောက်သွေ့ သွားစေတတ်ပါတယ်။

အဆီ မပါ၀င်တဲ့ မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်ပါ။ မျက်နှာသစ် ဆပ်ပြာမှာ ဤပါ၀င် ပစ္စည်းတွေ တစ်မျိုးထက် ပိုပြီးပါ၀င်ပါစေ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey.

၂။ ဂျီးချွတ် ပေးပါ။

ဂျီးချွတ် ပေးတာက အဆီပြန်တဲ့ မျက်နှာ အတွက် ကောင်းပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် လုပ်ဆောင်ပါ။

ဘာကြောင့်လဲ ဆိုတော့ မျက်နှာ ပေါ်က အဆီပိုတွေက အရေပြား ဆဲလ်အသေတွေကို ဖြစ်စေပြီးတော့ ရလဒ်အနေနဲ့ ၀က်ခြံနဲ့ အမည်းစက်တွေ ထွက်စေပါတယ်။

ဒါပေမဲ့ မျက်နှာအရေပြားကို ဂျီးချွတ်တဲ့ အခါ ညင်သာပါ၊ ကြမ်းကြမ်း တမ်းတမ်း မပွတ်ဆွဲပါနှင့်။

၃။ မျက်နှာ ပေါင်းတင်ပေးပါ။

မျက်နှာ ကို ဂျီးချွတ်ပြီးရင် ပေါင်းတင်ဖို့ မမေ့ပါနဲ့။ ပေါင်းတင်နည်း တွေ ကတော့-

(၁) သင်္ဘောသီးမှည့်တစ်လုံးကို ချေပြီး ရှောက်သီး တစ်ခြမ်းကို အရည်ညှစ်ပြီး ရောပါ။ ထို့နောက် မျက်နှာပေါ်မှာ သေချာ နှိပ်နယ်ပြီး လိမ်းပါ။

(၁၅၊ ၂၀) မိနစ်လောက်ထားပြီး ရေအေးဖြင့် ဆေးပါ။ ဤနည်းက အဆီပြန်တာကို အတော်လေး ထိန်းချုပ် ပေးနိုင်ပါတယ်။

(၂) ပန်းသီး လတ်လတ် ဆတ်ဆတ် တစ်လုံးကို ခပ်ပါးပါးလှီးပြီး ကြိတ်ပါ။ ပြီးနောက် ပျားရည် နှစ်ဇွန်းထည့်ပြီး ခပ်ပျစ်ပျစ် ဖြစ်အောင်ရောပြီး လိမ်းပါ။

(၁၅၊ ၂၀) မိနစ် ခန့်ထားပြီး ကြက်သီးနွေးရေဖြင့် ဆေးပါ။ ဒီနည်းက ချွေးပေါက်တွေ ကျယ်တာ၊ မျက်နှာ အဆီပြန်တာကို ထိန်းချုပ်ပေးပါတယ်။

၄။ နေ့စဉ် အရက်ပြန်မပါတဲ့ တိုနာ (Toner) ကိုသုံးပါ။

နေ့စဉ် တိုနာကို အသုံးပြုတာက မျက်နှာက အဆီနဲ့ အညစ်အကြေးတွေကို သန့်စင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ တိုနာကို မျက်နှာရဲ့အဆီပြန်တဲ့ အစိတ်အပိုင်းတွေကိုသာ လိမ်းသင့်ပါတယ်။

၅။ အစိုဓာတ် ထိန်းခရင်မ်ကို မမေ့ပါနဲ့။

တကယ်တမ်းတော့ အဆီပြန်တဲ့ အသားအရေက အစိုဓာတ် ထိန်းပေးဖို့ လိုအပ်ပါတယ်။ အစိုဓာတ် မရှိလေ မျက်နှာ အသားအရေက အဆီ ပိုထွက်လေပါပဲ။

အစိုဓာတ်ထိန်း ခရင်မ်ကို ၀ယ်ရင် အဆီမပါတဲ့၊ ရေ ကို အခြေခံထားတဲ့ ခရမ်ကို ရွေးချယ်ပါ။

၆။ နေရောင်ကာ ခရမ် အမြဲတမ်း လိမ်းပေးပါ။

အဆီပြန်တဲ့ အသားအရေ ပိုင်ရှင် အမျိုးသမီး တော်တော်များများ က အဆီ ပိုပြန်မှာစိုးရိမ်လို့ နေရောင်ကာ ခရမ်တွေကို မလိမ်းကြပါဘူး။

ရလဒ် အနေနဲ့ကတော့ မျက်နှာမှာ အညိုစက်တွေ၊ တင်းတိပ်တွေ ဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေအတွက် အထူးပြုလုပ်ထားတဲ့ နေရောင်ကာ ခရမ်ကို လိမ်းသင့်ပါတယ်။

အဆီများတဲ့ မုန့်တွေ (ဥပမာ-ဟမ်ဘာဂါ၊ ချောကလက် စသည်) ကို ရှောင်ပါ။

ရေများများ သောက်ပေးပါ။

သစ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: Myawady Health

Latest Comments

Leave a Comment

Related News