Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အစ္စဏီအကြောင်း ပြောပြလာတဲ့ စိုးပြည့်ပြည့်စံ

Image



အဆိုတော် စိုးပြည့်ပြည့်စံဟာ အစ္စဏီနဲ့အတူ ဖျော်ဖြေပွဲတွေ တော်တော်များများမှာဆံဖြစ်သလို အနုပညာမောင်နှမတွေလို ခင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ချေတာတွေ မာနကြီးတာတွေ မရှိကြဘူးလို့ သိရပါတယ်။ အခုလို အချိန်မျိုးမှာ သူမအနေနဲ့ အစ္စဏီကို သွားအားပေးချင်ပေမယ့်လည်း ကလေးတစ်ဖက်ဖြစ်နေတာကြောင့် မသွားဖြစ်ခဲ့ပါဘူးတဲ့။ အမြဲတမ်းဆိုသလို ပြုံးနေတတ်တဲ့ အစ္စဏီရဲ့ အကြောင်းကိုလည်း Duwun Media ကနေ ယခုလို ပြောပြခဲ့ပါသေးတယ်။

“အကိုနဲ့က ဖျော်ဖြေပွဲတွေ တော်တော်များများမှာ ဆုံဖြစ်တယ်။အမဂီတလောကထဲကို စဝင်ကတည်းက အမတို့ကတေးရေးဦးစိုးလင်း ဂရုပေ့ါ ။အဲ့ထဲမှာအမြဲတမ်းဆုံနေကြ။ ပွဲသွားရင်လည်း အကိုနဲ့က တော်တော်များတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ တွေပေ့ါ။ ဘာကြောင့်အတွဲများကြလည်း ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ညီအစ်ကိုမောင်နှမတွေက ချေတာတွေဘာတွေမရှိဘူူး။ ကိုယ်ပွဲစီစဉ်ရင်လည်း အကိုတွေကိုသတိရတယ်သူတို့ကလည်းအဲ့လိုပဲ ကိုယ်တွေကို သတိရတယ်။သူနဲ့နောက်ဆုံးဆုံဖြစ်တဲ့ ပွဲက မိတ္ထိလာရှိုးပွဲပေ့ါ။အဲ့တုန်းကလည်း အရမ်းပျော်ဖို့ကောင်းတယ်။မနှစ်ကပေ့ါ။

စိုးပြည့်အွန်လိုင်းမှာတောင်တင်ဖြစ်သေးတယ်။ဗီဒီယိုဖိုင်လေး။ တစ်ညလုံးကားစီးရပေမယ့်လုံးဝမအိပ်ကြဘူးသီချင်းဆိုကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။အကိုက အရမ်းပျော်တတ်တယ်။ အရမ်းလည်းသွက်တယ်။ ဒေါသဖြစ်ရင်တောင်သိပ်မသိရဘူး။အမြဲတမ်းပြုံးနေတတ်တဲ့သူမျိုး။ဒါပေမယ့်သူအရမး်ဒေါသထွက် ပြီဆိုရင်ဝုန်းဒိုင်ေးတာ့ကြဲတယ်။ တစ်ခါတော့သူဒေါသဖြစ်တာနဲ့ ဆုံဖူးတယ်။ဒါပေမယ့်အဲ့ဒါက နည်းတယ်။သူကအမြဲတမ်းပြုံးနေတာပဲ” လို့ စိုးပြည့်ပြည့်စံက ဇွန်လ(၁၀)ရက်နေ့ သူမရဲ့ သားလေးမွေးနေ့ ပြုလုပ်တဲ့နေ့က ပြောပြခဲ့တာပါ။

သူမအခုလို အစ္စဏီရဲ့ အကျင့်လေးတွေကို ပြောပြတာကလည်း အနုပညာမောင်နှမတစ်ယောက်အနေနဲ့ သူ့မှာရှိတဲ့ အကျင့်ပုံစံလေးကို ပြောပြတာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စဏီတို့ စုံတွဲရဲ့ ပြဿနာကို အကုန်မသိပေမယ့်လည်း မိန်းကလေးဘက်ကိုလည်း ကိုယ်ချင်းစာကြောင်း ဆက်ပြီး ပြောပြခဲ့ပါတယ်။

“စိုးပြည့်အခုလို ပြောတာကလည်း အနုပညာမောင်နှမ သူ့မှာရှီတဲ့အကျင့်ပုံစံလေကိုပြောပြတာပါ။သူတို့တွေရဲ့ ပြဿနာကို အကုန်မသိဘူး။ဒါပေမယ့်မိန်းကလေးဘက်ကိုလည်းကိုယ်ချင်းစာတယ်။ဘယ်သူမှားတယ်မှန်တယ်ဆိုတာ ကိုယ်မသိတဲ့အတွက် ကိုယ့်အကိုဘက်ကနေပြီးတော့သူအပြစ်ရှိရင်အပြစ်ခံရမယ်။ အပြစ်မရှီရင်လည်းအမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အမှန်တိုင်းပြောရရင်တော့ အကို့အတွက်လည်း စိတ်မကောင်းပါဘူး။

သူ့ကိုလည်း တွေ့ချင်တယ်။ အွန်လိုငး်တွေမှာ အကို့သတင်းတွေ လည်း တွေ့ပါတယ်။ကိုယ်တွေ့ချင်တာကတော့ သူဘာအပြစ်မှမရှိလို့ လွှတ်သွားပြီဆိုတာလေး ကြားချင်တာ ပေ့ါနော်။သွားလည်းသွား ချင်တယ်။သူဘာအခက်အခဲဖြစ်လည်းပေ့ါမိတ်ဆွေကောင်းဆိုတာက အခက်အခဲဖြစ်တဲ့အချိန်မှသတ်မှတ်လို့ရတာလေ။ ဒါပေမဲ့ ကိုယ့်မှာလည်းကလေးတစ်ဖက်ပြီးတော့ မိုးတွင်းကလည်းဖြစ် စိတ်နဲ့သာင့ါအကိုအဆင်ပြေရဲ့လား အပြုံးလေးတစ်ခုသော်လည်း ကောင်း အားရှိသွားအောင်လို့လေ။

အပြစ်ရှိရှိမရှိရှိ အပြစ်ရှိလို့အပြစ်ဒဏ်ခံပြီး ရင်လည်း ကြိုဆိုရမှာပဲအရင်လို တက်ကြွတဲ့ ကိုအစ္စဏီကို မြင်လည်းမြင်ချင်တယ်။ ဖြစ်လည်းဖြစ်စေချင်တယ်။မှားခဲ့ရင်လည်း အမှားကိုပြင်မယ်ကိုအစ္စဏီကို ကြိုဆိုပေးပါလို့။ အမှားမရှိခဲ့ရင်လည်း အမှားမရှိလို့ လွှတ်လာတဲ့အကို့ကို ကြိုဆိုပေးပါလို့စိုးပြည့်က တောင်းဆိုချင်ပါတယ်။ဘာပဲဖြစ်ဖြစ် အမှားဆိုတာကတော့ လူတိုင်းမှာတော့ ရှိမှာပါ။

ဒီအမှားက ဘယ်သူမှားတယ်မှန်တယ်ဆိုတာ စိုးပြည့်တို့က မသိဘူးလေ။ဘာပဲဖြစ်ဖြစ် ကိုယ့်အကိုတစ်ယောက် မှားခဲ့ရင်လည်း မှားတဲ့ပြစ်ဒဏ်ကို ခံရမှာပဲ။ကိုယ့်အကိုဘက်က မှန်နေတယ်ဆိုရင်လည်း အကိုအမြန်ဆုံး အမှန်တရားပေါ်ပြီးတော ပရိသတ်တွေနဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်နိုင်ပါစေ။အဆိုတော်တွေနဲ့ အရင်လိုမျိုး ပျော်ရွှင်မှုတွေနဲ့ တက်ကြွတဲ့အကိုတစ်ယောက် အမြန်ဆုံးတွေ့ ချင်ပါတယ်။ အမြန်ဆုံးလည်းဖျေ်ာဖြေခွင့်ရပါစေလို့ ဆုတောင်း ]ပေးပါတယ။်” လို့ သူမက အစ္စဏီနဲ့ ပတ်သက်လို့ ထပ်မံဖြေဆိုပေး ခဲ့တာပါ။

သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံဟာ ခင်ပွန်း ကိုအောင်သူပိုင်နဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်ထားသူတစ်ဦးဖြစ် သလို မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်အား ပေးမှုရရှိထားတဲ့ အနုပညာရှင်တစ် ယောက်ဖြစ်ပါတယ်။စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

#

Latest Comments

Leave a Comment

Related News