Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အစ္စဏီနဲ့ မော်ဒယ်မလေး တို့ရဲ့ဖြစ်စဉ်တချို့ကို ပြောပြလာတဲ့ အစ္စဏီ ရဲ့မိခင်

Image



သင်္ကြန်မတိုင်မီ ဧပြီလ ၁၂ရက်နေ့ မနက်ခင်းက ဖြစ်ပွားခဲ့တဲ့ အဆိုတော် အစ္စဏီမှ ချစ်သူဖြစ်သူ မော်ဒယ်ဇာခြည်အား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ယင်းနေ့မှာဘဲ အဆိုတော် အစ္စဏီကို ပုဒ်မ၃ခုဖြင့် အရေးယူကာ ဖမ်းဆီးထားခဲ့တယ်လို့ ပြည်ထဲရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အစ္စဏီရဲ့ မိခင်ဖြစ်သူ ကသူ့သားအပေါ် အပြည့်အ၀ယုံကြည်သလို တဖက်မိန်းကလေးဘက်ကိုလဲ မနစ်နာစေခြင်ကြောင်းနဲ့ သားရဲ့ချစ်သူနဲ့ တစ်မိသားစုလုံးဟာ ချစ်ချစ်ခင်ခင်နေကြပြီး အစ္စဏီတို့ တစ်မျိုးလုံးက သူတို့တွဲနေကြတာကို သိကြတယ် ဆိုတဲ့အကြောင်းအရာတွေကို မီဒီယာတွေ ရဲ့ အင်တာဗျူးမှာ အသေးစိတ်ဖြေဆိုခဲ့ပါတယ်။

အစ္စဏီအမေဟာ ပြဿနာဖြစ်ပြီးခြင်းမှာ ကောင်မလေးကို တောင်းပန်တယ်ဆိုတဲ့ အသံတွေနဲ့ ပတ်သက်ပြီး သူမက ” တောင်းပန်တယ်ဆိုတာ ဖြစ်ပျက်ပြီးမှသိရတယ် သတင်းတွေတက်လာမှသိရတော့ မခံစားနိုင်ဘူး ၊သားသမီးခြင်းလဲစာနာပါတယ် ၊ ဒါကြောင့်လဲ သမီးရယ်ဘယ်ဖြစ်တာလဲ စိတ်မကောင်းပါဘူး ။ ကိုယ်ချင်းလဲ စာလို့တောင်းပန်လိုက်တယ် ။ ကိုယ့်သားနဲ့ ပတ်သက်တော့ ဒါကကိုယ့်သမီးဘဲလေ ကိုယ်ချင်းစာလို့တောင်ပန်မိတယ် ” ဆိုပြီး မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

အဲ့ဒီနောက် အစ္စဏီနဲ့ ဇာခြည်တို့တွဲနေကြတာနဲ့ ပတ်သက်ပြီး ” အိမ်ကမိဘတွေဆီမှာ သားယူမယ့် အမျိူးသမီးပါ ၊အိမ်ကို၀င်ထွက်ခွင့်ပြုပါဆိုပြီးလာတယ် ၊ အိမ်ကိုအ၀င်အထွက်ခဏခဏရှိတယ် ၊ တစ်မျိုးလုံးကလဲသိတယ်။ သူတို့ တွဲနေကြတာ ၁၀လ၊ ၁နှစ်နီးပါးရှိနေပြီ၊ သူတို့အပြင်မှာ၂လလောက် တွဲပြီးမှ အိမ်ကိုအသိပေးတာ ၈လလောက်ရှိပြီ မိသားစုတွေနဲ့လဲ ရင်ရင်နှီးနှီးနေကြတာပါ ” ဆိုပြီး အစ္စဏီရဲ့ အမေကပြောပြခဲ့ပါတယ်။

အစ္စဏီဟာ ကြေးမှုံသတင်းစာဆရာဦးကြည်မြင့်ရဲ့ မြည်းပြီး ငယ်စဉ်အရွယ်ထဲက အမေနဲ့ အဖေက ကွဲနေခဲ့ပြီး သူဟာ အမေရဲ့ အုပ်ထိန်းမှုအောက်မှာ အမေရယ်၊ အဖိုးအဖွားရယ် ကို လုပ်ကျွေးနေသူဖြစ်ပြီး ငယ်ငယ်လေးထဲ ကကွဲသွားတဲ့ အဖေကိုလဲ ထောက်ပံ့နေရတာဖြစ်တယ်လို့ သူ့အမေကဆိုပါတယ်။ သူက သူရတဲ့ အနုပညာကြေးလေးနဲ့ ရိုးရိုးသားသားလေးရှာဖွေကျွေးပါတယ်တဲ့။ အခုလိုအဖြစ်အပျက်တွေအပေါ် အန်တီကတော့ အံ့သြမိပါတယ်။

“အန်တီကတော့ အန်တီ့သားကိုယုံကြည်ပါတယ်။ အန်တီ့သားမှာ လုံး၀အဲ့လိုစိတ်မရှိပါဘူး ။အန်တီမွေးထားတာ အန်တီလုံး၀ယုံကြည်တယ်၊ အန်တီငယ်ငယ်ထဲက အန်တီ တစ်ယောက်ထဲအုပ်ချုပ်တယ်၊ အဒေါ်တွေ အုပ်ချုပ်တယ်၊ အဲ့လိုဖြစ်မယ်ဆိုတာမထင်ပါဘူး၊ သားအပေါ်လုံး၀ယုံကြည်မှုရှိပါတယ်။ အန်တီ့သားက လုံး၀မရိုင်းစိုင်းပါဘူး၊ လေ့လာနိုင်ပါတယ်၊ ဒီပတ်၀န်းကျင်လဲလေ့လာနိုင်ပါတယ် ။ သူကသဘောထားကြီးတယ် ၊ အားနာတက်တယ် ၊သနားတက်တယ်၊ စိတ်ထားပြည့်၀တယ် ၊ ခုလိုဖြစ်တာ စိတ်မကောင်းဖြစ်တယ်ခုဟာကြီးက ရစရာကိုမရှိတော့ဘူး၊ ဒါပေမယ့် အန်တီကယုံကြည်တယ် စိတ်မာတယ် အန်တီ့သားဒီလိုမလုပ်တဲ့အတွက် ယုံကြည်တယ် ” ဆိုပြီး သားအပေါ်ယုံကြည်ကြောင်းကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက် အဲ့ဒီအဖြစ်အပျက်ကို သိခဲ့ရပုံနဲ့ အဖြစ်ခင်နေ့က အကြောင်းအရာတွေကိုလဲ ” သင်္ကြန်ကို ပွဲတွေလက်ခံထားတော့ ဒီနေ့ ဘယ်မှမသွားတော့ဘူးဆိုပြီးအိမ်မှာ၇ှိနေပါတယ်။ သူ့အခန်းထဲကို ဖုန်းတွေလာပါတယ်၊ အန်တီဖုန်းကို တောင်၀င်လာတယ်၊ ည ၁နာရီလောက်မှ ဖိုးကြီးဖွားကြီး မေကြီး အိပ်တော့နော် ၊သားပြန်လာမှာ သင်္ကြန်ပွဲတွေလဲလက်ခံထားတာ သားပြန်လာမှာစိတ်ချလက်ချအိပ်နော် ဆိုတော့ အိပ်လိုက်တာပေါ့ ၊ မနက်၁၀နာရီ မှ သိရပါတယ်၊ သိလဲသိ သားကို အင်းစိန်ပို့ဘဲ ရုံးထုတ်တဲ့နေ့မှ တွေ့ရမှာပါ ၂၆ရက်နေ့ မှရုံးထုတ်မှာအဲ့နေ့မှတွေ့ရမှာ ” ဆိုပြီး မျက်ရည်မကျအောင် ထိန်းထားရင်း ပြောပြခဲ့ပါတယ်။

” အမှန်တရားက ၇ှိမှာပါ၊ဖြစ်လာမှာဘဲ အကောင်းဆုံးဖြေရှင်းရမယ် ၊ဘယ်သူ့ကိုမှလဲ မနစ်နာစေချင်ဘူး ဇာခြည့်ကိုလဲမနစ်နာစေချင်ဘူး အန်တီ့သားခံစားနေရတာကိုလဲ အန်တီမခံစားနိုင်ဘူး ။ အမှန်တရား ဘဲဖြစ်စေချင်ပါတယ် ဆိုကာ အမှန်းတရားပေါ်ပေါက်ဖို့ စောင့်မျှော်နေရှာပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မော်ဒယ် ဇာခြည်ဘက်မှ ပုဒ်မ၃ခုဖြင့် အမှု့ဖွင့်အရေးယူထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Eleven media group

#

Latest Comments

Leave a Comment

Related News