Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အစားမလျော့ဘဲ (၆) လအတွင်း (၄၂) kg ကျအောင်ဝိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီး မစားဘဲလည်းမနေနိုင်ဘူး ဝိတ်လည်းကျချင်နေတဲ့မိန်းကလေးတွေအတွက်shareပေးကြပါ

Image



အစားမလျော့ဘဲ (၆) လအတွင်း (၄၂) kg ကျအောင်ဝိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီး

ဝိတ်ချတယ်ဆိုတာက သင်ထင်သလောက်မလွယ်ကူပါဘူး။ ဝိတ်တက်တာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျဖို့ဆိုတာကတော့ လုံးဝမစ်ရှင်ကြီးတစ်ခုပါ။ အစားလျော့စားရတာနဲ့ လေ့ကျင့်ခန်းလုပ်ရတဲ့ (၂) ခုကတော့ ဝိတ်ချချင်တဲ့သူတော်တော်များများအတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့အရာတွေပါ။ သင်ကအစားမက်တဲ့သူဖြစ်ရင်တော့ ကိုယ်ကြိုက်တဲ့အစားအစာကိုစွန့်လွှတ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိမှာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချပြီး ကြိုးစားမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဒီအရာကို အသက် (၂၀) ပဲရှိသေးတဲ့ Arpita Agarwal ဆိုတဲ့ကောင်မလေးက သက်သေပြခဲ့ပါတယ်။

ဟုတ်ပါတယ်။ သူ(မ)ကလုံးဝကို အစားမက်တဲ့ကောင်မလေးပါ။ ပြီးတော့ ဝိတ်ကျဖို့ကိုလည်း အစားလုံးဝမလျော့ဘဲကြိုးစားခဲ့သူပါ။

Arpita ကသူ(မ)ရဲ့ ခန္တာကိုယ်ကြောင့်အမြဲတမ်း အနှိမ်ခံ၊ အစအနောက်ခံခဲ့ရရှာပါတယ်။ ပေါင်ချိန် (၉၆) kg တောင်ရှိတာမို့ လမ်းလျှောက်ဖို့တောင်အနိုင်နိုင်ဖြစ်ခဲ့ရပါတယ်။ အကျႌဆိုင်သွားလို့ အရောင်းဝန်ထမ်းက “ဒီအကျႌ size က အစ်မနဲ့မတော်လောက်ဘူး” လို့ပြောတာက Arpita အတွက်ခံရအခက်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း သူ(မ)ကလုံးဝနောက်ပြန်လှည့်မကြည့်ဘဲ ဝိတ်ချဖို့ဆုံးဖြတ်ခဲ့တာပါ။

ဒါကို Arpita လုပ်နိုင်ခဲ့ပါတယ်။ သူမအကြိုက်ဆုံးရေခဲမုန့်နဲ့ ပူရီတို့လို့ ဝိတ်တက်လွယ်တဲ့အစားအစာတွေကို မရှောင်ဘဲနဲ့တောင်မှပေါ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ ထင်သွားတယ်မဟုတ်လား။ တကယ်တော့ ပမာဏကိုလျော့ချလိုက်တာပါ။ သူ(မ)ရဲ့မနက်စာမှာဆို မြေပဲထောပတ်နဲ့ ပေါင်မုန့်၊ နို့ထောပတ်နဲ့ အုတ်ဂျုံ၊ နေ့လည်စာဟာဆို ပဲဟင်း၊ ချပါတီ၊ အိန္ဒိယဒိန်ချဉ်၊ နို့ထောပတ်နဲ့ အရွက်သုပ်တို့ပါဝင်ပါတယ်။ ညဘက်မှာတော့ ဆွတ်ပြုတ်၊ ထမင်းညို၊ ပဲဟင်းနဲ့ အရွက်သုပ်တစ်မျိုးမျိုးကို စားတယ်လို့ဆိုပါတယ်။

သူ(မ)စားသောက်တဲ့အစားစာတွေမှာ ထောပတ်ဆီအစား သံလွင်ဆီကိုပဲထည့်ချက်ပါတယ်လို့ ဆိုပါတယ်။ နောက်ထပ် မိသားဝင်တွေက နေ့လည်စာနဲ့ညစာအတွက် အပြင်ထွက်စားတဲ့အခါမှာလည်း သူ(မ)ကအိမ်မှာနေပြီး အရွက်သုပ်ပဲစားပါတယ်လို့ဆိုပါတယ်။ နည်းတဲ့စကေးလားနော်။ ကိုယ်တွေဆို (၂) ခါခေါ်စရာမလိုဘူး။ အစားဆို တစ်ခါတည်းနဲ့ပါသွားမှာ။

ဒီလိုအစားသိပ်မလျော့ဘူးဆိုရင်တော့ လေ့ကျင့်ခန်းပြင်ပြင်းထန်ထန်လုပ်ရတော့မှာပေါ့။ ပုံမှန်နေ့တိုင်း ကာဒီရို (cardio)၊ ဝိတ်လေ့ကျင့်ခန်း၊ crossfit၊ burpees၊ အမြင့်ခုန်၊ အမြန်လမ်းလျှောက်နဲ့ အခြားလေ့ကျင့်ခန်းအမျိုးမျိူးကို (၁၅) မိနစ်လောက်လုပ်တယ်လို့ဆိုပါတယ်။ အသစ်အသစ်သော နည်းလမ်းတွေကိုသိရှိနိုင်ဖို့ရာ အခြားလေ့ကျင့်ခန်းလုပ်တဲ့ ဗီဒီယိုတွေနဲ့ ဝိတ်ချနည်းတွေကိုလည်း စဉ်ဆက်မပြတ်လေ့လာတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: ဗဟုသုတ

#

Latest Comments

Leave a Comment

Related News