Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အင်္ဂလန်ကို အနိုင်ယူပြီး ခရိုအေးရှား ဗိုလ်လုပွဲတက်

Image



ပွဲအပြီး ကွင်းအတွင်းအောင်ပွဲခံနေသည့် ခရိုအေးရှား အသင်းသားများနှင့် ပရိသတ်။ ၁၁ ဇူလိုင် ၂၀၁၈။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဒုတိယ ဆီမီးဖိုင်နယ်လ်ပွဲအဖြစ် ခရိုအေးရှားနဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားကြတာမှာ ခရိုအေးရှားအသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါပြီ။

ပုံမှန်ပွဲချိန် မိနစ် ၉၀ ပြီးဆုံးသွားပြီးတဲ့နောက် တဘက်တဂိုးစီနဲ့ သရေဆက်ကျနေတဲ့ အတွက် အချိန်ပိုကန််ကြတာမှာ ဒုတိယ အချိန်ပိုကစားချိန်အတွင်း ခရိုအေးရှားက အနိုင််ဂိုးသွင်းယူသွားတာဖြစ်ပါတယ်။

လန်ဒန်တောင်ပိုင်းတွင် တွေ့ရသည့် အင်္ဂလန်ပရိသတ်များ။ ၁၁ ဇူလိုင် ၂၀၁၈။

အင်္ဂလန်အသင်းဟာ ပွဲစခရာမှုတ်ပြီးတဲ့နောက် စပြီးတော့ အပြင်းအထန် တိုက်စစ်ဆင် ကစားတာကြောင့် ၅ မိနစ်အတွင်းမှာပဲ ခရိုအေးရှားဂိုးစည်းထိပ််မှာ ပြစ်ဒဏ်ဘောရတဲ့ အတွက် Tripper က တိုက်ရိုက်ကန်သွင်းပြီး အဖွင့်ဂိုးရပါတယ်။

အင်္ဂလန်အတွက် အဖွင့်ဂိုးကို ပြစ်ဒဏ်ဘောကတဆင့် ကန်သွင်းယူနေသည့် Trippier ။ ၁၁ ဇူလိုင် ၂၀၁၈။

အဲဒီနောက်ပိုင်း ခရိုအေးရှားက ပိုပြီး တိုက်စစ်ဆင်ဖိကစားနိုင်ပြီး အင်္ဂလန်ကတော့ တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ရင်း နှစ်ဘက်လုံး ဂိုးသွင်းခွင့်တွေရကြပေမဲ့လည်း ပထမပိုင်းပြီးတဲ့အထိ ဘယ်ဘက်ကမှ ဂိုးထပ်မရပါဘူး။

ဒုတိယပိုင်း ၆၈ မိနစ်မှာမှ Perisic က ချေပဂိုး သွင်းတာကြောင့် မိနစ် ၉၀ ပြည့်ပြီးချိန်မှာ တဘက်တဂိုးစီနဲ့ သရေဖြစ်ပြီး အချိန်ပို ဆက်ကစားကြရပါတယ်။

အချိန်ပိုပထမပိုင်းမှာလည်း တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြဘဲ ၁၀၉ မိနစ်မှာတော့ Mendzukic က ခရိုအေးရှားအတွက် အနိုင်ဂိုးကို သွင်းယူလိုက်နိုင်တာဖြစ်ပါတယ်။

ခရိုအေးရှားအတွက် အနိုင်ဂိုးသွင်းယူနေသည့် Mandzukic ။ ၁၁ ဇူလိုင် ၂၀၁၈။

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငါးကြိမ်မြောက် ယှဉ်ပြိုင်ကစားပြီးတဲ့နောက် ဗိုလ်လုပွဲကို ပထမဆုံးအကြိ်မ် တက်သွားနိုင်တာပါ။

အောင်ပွဲခံနေသည့် ခရိုအေးရှားပရိသတ်။ Zagreb, Croatia ။ ၁၁ ဇူလိုင် ၂၀၁၈။

ခရိုအေးရှားနဲ့ ပြင်သစ်တို့ ဗိုလ်လုပွဲကို ဇူလိုင်လ ၁၅ ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ကစားကြမှာဖြစ်ပြီး ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တို့ရဲ့ တတိလုပွဲကိုတော့ ဇူလိုင်လ ၁၄ ရက်၊ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com







Tags:
  • ,

Latest Comments

Leave a Comment