Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အက်ဖ်အေဖလားဗိုလ်လုပွဲ ချယ်လ်ဆီးနှင့် အာဆင်နယ် ရင်ဆိုင်တွေ့ ..!

Image



လန်ဒန် − အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် အာဆင်နယ်က မန်စီးတီးကို အချိန်ပိုကစားပြီး ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ချယ်လ်ဆီးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မိနစ် ၉၀ ကစားချိန်တွင် တစ်ဂိုးစီသရေကျခဲ့ပြီးနောက် အာဆင်နယ်နှင့် မန်စီးတီးတို့အချိန်ပို ဆက်ကစားခဲ့ရသည်။ အဂူရို၏ အဖွင့်ဂိုးကို နာချိုက ချေပပြီး တစ်ဂိုးစီသရေ ကျနေခဲ့ခြင်းဖြစ်သည်။

အချိန်ပို ၁၀၁ မိနစ်တွင် အလက်ဆီဆန်းချက်ဇ်က အာ ဆင်နယ်အတွက် အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် အာစင်၀င်းဂါး၏ အဖွဲ့သားများ အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ ပြီး ယမန်နေ့က စပါးကို အနိုင် ရရှိခဲ့သော ချယ်လ်ဆီးနှင့် မေလ၂၇ ရက်တွင် ဖလား လုရတော့မည်ဖြစ်သည်။

ဘန်လေကို အနိုင်ယူပြီး မန် ယူအသင်းက ထိပ်ဆုံး လေးသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ သော ပွဲတွင် ၀ိန်ရွန်းနေက ဇန်န ၀ါရီနောက်ပိုင်း ပထမဆုံးဂိုးသွင်းယူခဲ့သည်။

အီဗရာဟီမိုဗစ်ဒဏ်ရာရရှိ သွားသဖြင့် ပွဲစကတည်းက ပါ၀င် ကစားခဲ့သော ရွန်းနေသည် မာ ရှယ်၏ တန်ပြန်တိုက်စစ်အဖွင့်ဂိုး အတွက် အဓိကနေရာမှ ပါ၀င်ခဲ့ ပြီး ပထမပိုင်းမပြီးမီ ကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့သည်။

မန်ယူသည် ယခုပွဲအနိုင်ရ ခဲ့သဖြင့် ၆၃ မှတ်ရရှိသွားကာ နံပါတ် (၄)နေရာရှိ မန်စီးတီးနှင့် တစ်မှတ်သာ ကွာဟတော့သည်။ ဘန်လေအပေါ် နိုင်ပွဲနှင့်အတူ မန်ယူရှုံးပွဲမကြုံသေးသော ပွဲ ၂၃ပွဲအထိ ရှိလာပြီး မာရှယ်၏ ဂိုးကမန်ယူအတွက် ၂၅ ဂိုးမြောက်ဖြစ် သည်။

ဘန်လေသည် ကစားရခက် သော အသင်းဖြစ်ပြီး မိမိတို့က မိနစ် ၉၀ လုံး ထိန်းချုပ်နိုင်ခဲ့သ ဖြင့် အနိုင်နှင့် ထိုက်တန်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

#

Latest Comments

Leave a Comment

Related News