Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အကောင့်တစ်ခုကို Facebook ပေါ်မှာ ဘယ်လို Report ထု မလဲ

Image

အခုနောက်ပိုင်း ကိုယ့် ဓာတ်ပုံကိုယူသုံးပြီး အကောင့်အသစ်တွေ ဖွင့်ခံရတာ၊ လိုက်နှောင့်ယှက်တာတွေ ကြုံရတတ်ပါတယ်။
အဲ့လိုဆိုရင် ကိုယ့် သူငယ်ချင်းတွေကို အကူအညီတောင်းပြီး Facebook ပေါ်မှာ အဲ့ဒီ အကောင့်ကို Report ထုလိုက်ရင် အကောင့် ပျက်သွားပါတယ်။

Report ဘယ်လို ထုမလဲ

စမတ်ဖုန်းမှာဆိုရင်

Facebook ကို အရင်ဖွင့်ပါ။
ကိုယ် Report ထု ချင်တဲ့သူရဲ့ အကောင့် ကို သွားပါ။

Facebook ရဲ့ Search Bar မှာ ကိုယ် Report ထုချင်တဲ့သူရဲ့ နာမည်ကို ရှာပါ။

တွေ့ရင် နာမည်ကို နှိပ်ပြီး သူ့အကောင့် Wall Page ကို ၀င်လိုက်ပါ။

… More. More ဆိုတာလေးကို နှိပ်လိုက်ပါ။ နာမည်ရဲ့ ညာဘက် အောက်ဘက်မှာ ရှိပါတယ်။

Report ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုုက်ပါ။

Report this Profile ကိုနှိပ်ပါ။

အရှင်းဆုံးနည်းလမ်းကတော့ “The person is annoying me” ကို ရွေးလိုက်ပါ။

“Ask us to review this profile” ကို ရွေးလိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)

Latest Comments

Leave a Comment

Related News