Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဟော့ရှော့မမဇာတ်ရုပ်ကြောင့် ပရိသတ်တွေအမြင်တစ်မျိုးဖြစ်မှာ စိုးရိမ်နေတယ်ဆိုတဲ့ အေးဝတ်ရည်သောင်း

Image



သရုပ်ဆောင်အေးဝတ်ရည်သောင်းဆိုတာနဲ့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားအပေါ်မှာ မြန်မာဆန်ဆန်အကျီလေးတွေအမြဲဝတ်တတ်တဲ့ အမျိုးသမီးတစ်ယောက်ကိုပြေးမြင်ကြမှာပါ။

သူမကအနုပညာလောကကထဲကိုတကျော့ပြန်ပြန်လည်ဝင်ရောက်လာတာကာ ရုပ်သံဇာတ် လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ကိုလည်းရိုက်ကူးထားပါသေးတယ်။

အခုလည်းလက်ရှိသူမရဲ့ပုံစံဆန့်ကျင့်ဘက်ဇာတ်ကောင်နဲ့ရုပ်ရှင် ရိုက်ကူးဖို့လာရောက် ကမ်းလှမ်း ခံထားရပြီး၊ သူမအနေနဲ့ ပရိသတ်တွေအမြင် တစ်မျိုးဖြစ်မျာစိုးတဲ့အတွက် အဲဒီရုပ်ရှင်ဇာတ် ကားကြီး ကို ရိုက်ကူးဖို့ စဉ်းစာနေတယ်လို့ဆိုပါတယ်။

“ လက်ထဲကိုဝတ္ထုတစ်အုပ်ရောက်လာတယ်။ ရုပ်ရှင်ရိုက်ဖို့အတွက်။ ကိုယ်လုပ်ရမဲ့ဇာတ်ကောင်က အခုလက်ရှိကိုယ်ရဲ့ပုံစံနဲ့ ဆန့်ကျင်ဘက်။ဟော့ရှော့မမပေါ့နော်။ စိတ်ထဲမှာကတော့ ဒွိဟတွေနဲ့ သရုပ်ဆောင်ဆိုတော့ဆေးစက်ကျရာ အရုပ်ထင်အောင်ကြိုးစားရမှာပဲလို့စဉ်းစားမိတယ်။ ရတဲ့အခွင့်အရေးလေးကိုအမိအရလေးကြိုးစားပြချင်တယ်။ ဇာတ်လမ်းလေးကလည်း သိပ်ကောင်း လို့။ တဖက်ကလည်းကိုယ်ဒီလိုတွေဝတ်ရင် မထော်မနန်းတွေများဖြစ်နေမလား။ ကိုယ့်ကိုမြန်မာ ဝတ်စုံနဲ့ပဲ ကြည့်ချင်ကြတဲ့သူတွေကိုများ မျက်နှာပူစရာဖြစ်မလားလို့လည်းစဉ်းစာမိတယ်” လို့ အေးဝတ်ရည်သောင်းက ရုပ်ရှင်ဇာတ်ကား ရဲ့ဇာတ်ကောင်ကာရိုက်တာအပေါ် သူမရဲ့ခံစားချက် ကိုဆိုပါတယ်။

ရုပ်ရှင်ဇာတ်ကားရဲ့အဓိကအကြောင်းမှာ အမျိုးသမီးတွေရဲ့ဘဝအကြောင်းကို အခြေခံရိုက် ကူးထားပြီး၊ စိတ်ကိုခွန်အားဖြစ်စေမယ့် ဇာတ်လမ်းဖြစ်ကာ၊ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးဖြစ် ရင်ပရိသတ်တွေကို ထပ်မံအသိပေးပါမယ်လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

Photo Credit- Aye Thaung

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Latest Comments

Leave a Comment

Related News