Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဟိုင်နန်းကျွန်း သွားလည်မယ့်သူတွေ ဗီဇာလျှောက်ရန် မလိုတော့

Image



တရုတ်အစိုးရက ဟိုင်နန်ကျွန်း လာလည်မယ့်သူတွေကို ရက်ပေါင်း ၃၀ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပြုတော့မယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းမြှင့်တင်ဖို့ ခြေလှမ်းသစ်အနေနဲ့ အခုလို မူဝါဒသစ်ချမှတ်တာလို့ တရုတ်လူဝင်မှုကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ကျုယွန်ဟိုင်က ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒီမူဝါဒသစ်အရ နိုင်ငံပေါင်း ၅၉ နိုင်ငံ အကြုံးဝင်မှာဖြစ်ပြီး၊ မေလမှာ စတင်မယ်လို့ဆိုပါတယ်။ အဲဒီလိုကင်းလွတ်ခွင့်ရမယ့်နိုင်ငံတွေထဲမှာ ရုရှား၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီတို့ ပါတယ်လို့ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

ခရီးသည်တွေကို ဆွဲဆောင်တဲ့အနေနဲ့ အဲဒီ ဟိုင်နန်ကျွန်းမှာ မြင်းပြိုင်ပွဲတွေအပါအဝင်၊ အားကစားနဲ့ ဆက်နွယ်တဲ့ လောင်းကစားလုပ်ငန်းတွေ ဖွင့်ပေးမယ်လို့လည်း တရုတ်အစိုးရက ကြေညာထားပါတယ်။

RFA Burmese

https://www.facebook.com/rfaburmese/







Latest Comments

Leave a Comment

Related News