Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သွေးလှူရခြင်းကြောင့် ထူးကဲစွာရရှိသောအကျိုး

Image

















သွေးလှူရှင်တိုင်းတွင် ဖြစ်ထွန်းထမြောက်သော ဒါနအစု အလှူအမျိုးများကိုသိရှိရ၍ ၀မ်းမြောက်

ကြစေလိုပါသည်။သွေးလှူရှင်သည် သွေးလှူမည်ဟု အစပျိုး၍ ရည်ရွယ် ခြင်းသည်ပင်လျှင်

စေတနာဒါန ဖြစ်မြောက်ပြီး ဖြစ်ပါသည်။

အမှန်တကယ်လှူဖြစ်လျှင် ၀တ္ထုဒါန ဖြစ်သော အာမိသဒါန

ဖြစ်ပြန်သည်။ မိမိ အသက်ရှိစဉ်မှာပင် လှူရ သဖြင့် သဇီ၀ဒါန ဖြစ်သည့် အပြင်၊ မိမိမျက်မှောက်၌

လှူရ သော ပစ္စက္ခဒါန နှင့် မိမိကိုယ်တိုင်လှူရသော သာဟတ္ထိက ဒါန တို့လည်း မြောက်ပြန်ပါသည်။

မိမိကိုယ်၏ အစိတ်အပိုင်းဖြစ်သော အသက်သွေးကိုလှူရသော ဤ အဇ္စျတ္တိက ဒါနသည်မကျန်းမာ

သူတစ်ဦးအတွက်မိမိအလှူဖြင့်ချီးမြှောက်ထောက်ပံ့သော အနုဂ္ဂဟဒါန အဖြစ်ဖြင့်၄င်း၊ လူမမာ ၏

အသက်ချမ်းသာခြင်း ဘေးကင်းခြင်းတို့ကိုဖြစ်စေသော ဇီ၀ိတ ဒါန ၊ အဘယဒါန အဖြစ်ဖြင့်၄င်း မလွဲ

ဧကန်ထင်ရှားလှပါသည်။

ဤကဲ့သို့မေတ္တာယှဉ်၍အလှူခံဖြစ်သောလူမမာ၏အကျိုးကိုလိုလားလျက်လှူ

ရသော ဤဒါနသည်အပြစ်ကင်းသော အန၀ဇ္ဇဒါနမျိုး ဖြစ်ပါသည်။ ကောင်းမြတ်သည့် လှူဖွယ်တို့တွင်

တန်ဖိုးရှိလှသော ဤအသက်သွေးကို ပေးလှူခြင်းသည် မွန်မြတ် လှသော ပဏီတဒါန အမှန်

မြောက်ပါသည်။ ထို့ကြောင့်သွေးလှူ ခြင်းသည်တရားနှင့် လျော်စွာ ပေးလှူထိုက်

ပေးလှူအပ်လှသောဒါနမျိုးဖြစ်ပါသည်။

လှူရန်၀တ္ထုလှူခံပုဂ္ဂိုလ်အလှူတစ်ခုထမြောက်ရန်

(၁) အလှူရှင်၊ (၂) လှူလို သောစေတနာ၊ (၃) လှူရန်၀တ္ထု၊ (၄) အလှူခံပုဂ္ဂိုလ်တို့ ပြည့်စုံကြ

ရပါသည်။ သွေးဟူသော လှူရန်၀တ္ထု (လှူ ဖွယ်)သည်အလှူခံသူလူမမာအတွက် အမှန်တကယ်

လိုအပ်လှသော၊ လှူသင့် လှူထိုက်လှသော၊ သန့်ရှင်းသော လှူဖွယ်ပစ္စည်း ဖြစ်ပါသည်။

သဘောထားကြီးစွာဖြင့် မိမိကိုယ်တွင်းမှထုတ်ယူပေးလှူသော အသက်သွေးသည်မွန်မြတ်လှသော

လှူဖွယ်ပစ္စည်းလည်း ဖြစ်ပါ သည်။ လူမမာဖက်မှ သုံးသပ်ကြည့်လျှင် ဤသွေးသည်မိမိ အတွက်

အသက် ရှည်ခြင်း ဆုလာဘ်ကြီး တစ်ခုပင် ဖြစ်နေသည့် အပြင် မိမိနှင့် အသင့်လျော်ဆုံးသော

အသက်ကယ် အာဟာရ အားဆေးကြီးဟူ၍လည်း ဆိုနိုင်ပါသည်။

မိမိ၏ ကျန်းမာရေး အတွက်

အသက်သွေးကိုပင်ဖောက်၍လှူသူရှိပေသည်ဟူ၍၀မ်းမြောက်အားတက်ဖွယ် စိတ်ဓါတ်အားဆေး

ဟုလည်း ဆိုနိုင်ပါ သည်။ လှူဒါန်မည့် သွေးကိုရှာဖွေမရ၍့ဖြစ်ပေါ်ရမည့် စိတ်ဆင်း ရဲခြင်းကိုလည်း

လွန် မြောက် စေပါသည်။ သွေးအလှူခံ ပုဂ္ဂိုလ် များတွင် အလှူရှင်က သိခွင့်ရ သော

လူမမာများရှိသလို သိခွင့် မရလို်က်သူများလည်း ရှိပါ မည်။ သွေးဘဏ်များတွင် သွေးလှူ ပါက

မိမိ၏သွေးသည်မည်သည့်ဆေးရုံတွင် မည်သည့် လူမမာ အား ပေးလှူရမည်ကိုပင် မမှန်းဆနိုင်ပါ။

အလှူခံအပေါ် ပုဂ္ဂိုလ်စွဲ ပယ်ဖျောက်၍ အသုံးလိုသူအတွက်သာဟုသဘောထား နိုင်လျှင်စေတနာ

ပို၍ပင်သန့်စင်နိုင်ပါမည်။

မိမိ လှူလိုက်ရ သည့် သွေးဖြင့် အသက်ဘေးမှကင်းစေခြင်း၊ ရောဂါသက်သာ ပျောက်ကင်းစေခြင်း၊

ကျန်းမာလန်းဆန်းစေခြင်းစသော မွန်မြတ် သော ရည်ရွယ်ချက်တို့ကိုသာဦးတည်ပြီး ပုဂ္ဂိုလ်စွဲကို

ပယ်ဖျောက် နိုင်ပါသည်။ လှူလိုစိတ်ကြောင့်ပင် မိမိ၏ သွေး(လှူဖွယ်ပစ္စည်း) ကို လောဘဖြင့်

စွဲလမ်းတွန့်တိုခြင်းမစ္ဆရိယအကုသိုလ်ကင်းပြီးဖြစ်ပါသည်။

မြတ်သောအလှူ

သွေးလှူခြင်းသည်မေတ္တာ, ကရုဏာ ကုသိုလ်ဓါတ်တို့ကိုကာယကံမြောက်ပွားများလိုသူတို့အတွက်

လက်တွေ့ ဖြည့်ကျင့်ရမည့် ဒါနဥပပါရမီကျင့်စဉ်တစ်ရပ် ဖြစ်ပါသည်။ အမြတ်ဆုံးအလှူ ဖြစ်မြောက်

ရန်အတွက် အလှူရှင်သည် မှန်ကန်သောအသိ ဉာဏ်အမြင်ယှဉ်လျက် မိမိ၏စိတ်ကို ကောင်းစွာ

ပြင်ဆင် ရပါမည်။ အလှူရှင်က သီလသန့်စင်နေပြီး မေတ္တာနှင့်ယှဉ်သော စိတ်စေတနာ ကောင်းဖြင့်

၀မ်းမြောက်၀မ်းသာစွာပေးလှူပါလျှင်မြတ်သောအလှူဧကန်ဖြစ်ပါသည်။

ဒါနတွင်ဉာဏ်ယှဉ်ကံ+ကံ၏အကျိုးကို သိမြင်ယုံကြည်သောဉာဏ် ဖြင့် ပြုသောကြောင့်

ဖြစ်လေရာဘ၀တွင် တိဟိတ် ပဋိသန္ဓေအကျိုး ကို ပေးသဖြင့် ဉာဏ်ပညာထက်မြက်သူ (၀ါ)

တရားထူးရနိုင်သူ ဖြစ်ရသည်။ (ဒါနကောင်းမှု) ကံကြောင့် အကြောင်းအားလျော် သော အကျိုး

(ကောင်းကျိုး)က ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ဖို့ လိုပါသည်။ ဤသိ့ုယြုံကည် ခြင်းသည်

စစ်မှန်သောသဒ္ဓါတရား ဖြစ်ပါသည် ။ သဒ္ဓါရှိသူ ၏ကံသည် ပို၍ထက်မြက်ပါသည်။

အလှူခြင်းတူသော်လည်း အသိ,ခံယူချက်,ယုံကြည်ချက်ဉာဏ်နှင့် စိတ်ထားတို့အပေါ်တွင် မူတည်ပြီး

ဒါနအမျိုးမျိုးကွဲပြားကြရပါသည်။

၁။ကံ+ကံ၏အကျိုးတို့ကိုသိမြင်ယုံကြည်၍လှူလျှင်ဉာဏသမ္ပယုတ္တဒါန၊ကံ+ကံ၏အကျိုးတို့ကိုမသိမြင်မယုံကြည်ဘဲလှူလျှင်ဉာဏ၀ိပ္ပယုတ္တဒါန၊

၂။

၀ဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကိုတောင့်တ၍လှူလျှင် ၀ိ၀ဋ္ဋ

နိဿိတဒါန၊၀ဋ်ဆင်းရဲမကင်းသော

လူနတ်ဗြဟ္မာချမ်းသာတို့ကိုတောင့်တ၍လှူလျှင်၀ဋ္ဋနိဿိတဒါန၊

၃။ လောကုတ္တရာမဂ်ဖိုလ်ကို ရည်ရွယ်၍လှူလျှင် ဘုဇိဿ ဒါန၊လောကီစည်းစိမ်ချမ်းသာကို တောင့်တ၍လှူလျှင်ဒါသဒါန၊

၄။တဏှာဒိဋ္ဌိတို့ဖြင့်မသုံးသပ်ဘဲလှူလျှင်အပရာမဋ္ဌဒါန၊ဒိဋ္ဌိတို့ဖြင့်သုံးသပ်၍လှူလျှင်ပရာမဋ္ဌဒါန၊

၅။တစ်ဦးတစ်ယောက်ကမတိုက်တွန်းဘဲမိမိ၏စေတနာရင်းဖြင့်လှုလျှင်အသင်္ခါရိကဒါန၊တစ်ဦးတစ်ယောက်ကတိုက်တွန်း၍လှူလျှင်သသင်္ခါရိကဒါန၊

၆။

စိတ်ရွှင်ကြည်နူးစွာလှူရလျှင်သောမနဿဒါန၊

၀မ်းသာ၀မ်းနည်းခြင်းမရှိဘဲလှူရလျှင်

ဥပေက္ခာဒါန၊စသည်ဖြင့်ဒါနကံအမျိုးမျိုးကွဲပြားကြသဖြင့်အကျိုးအမျိုးမျိုးလည်းကွဲပြားကြရသည်။

ဒါနတွင်သီလယှဉ်

“သွေးမလှူမီအချိန်ရလျှင်ငါးပါးသီလကို ဆောက်တည်သင့်ပါသည်။”

အချိန်မရလျှင် “တပည့်တော်သည်သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကိုဆောက်တည်ပါ၏ “ဟု

စိတ်ဖြင့်၄င်း နှုတ်ဖြင့်၄င်း ဆောက်တည်နိုင် ပါသည်။ သီလ တည်သူ ၏အလှူသည်

အကျိုးကြီးမားသည့်အပြင်သီလကြောင့် ယခုဘ၀ နောင်ဘ၀များတွင်အသက်ရှည်ခြင်း ကျန်းမာခြင်း

စသည်တို့ဖြင့်ပြည့်စုံနိုင်ကြပါသည်။

ဒါနတွင်မေတ္တာယှဉ်

မိမိဒါနကိုအကြောင်းပြု၍ သီလဆောက်တည်ပြီး နောက် ဘာ၀နာကုသိုလ်ပါ တိုးပွားပါက

ပို၍ထူးမြတ်လာ ပါမည်။ သွေးမလှူမီနှင့်

လှူဆဲတွင်သတ္တ၀ါများအားမေတ္တာပို့သင့်ပါသည်။

သွေးအလှူခံသည့် ပုဂ္ဂိုလ်ကို

သိနေ ပါက ထိုသူအားလည်း မေတ္တာပို့လွှတ်နေနိုင်ပါသည်။

မေတ္တာကရုဏာဓါတ်၏သတ္တိဖြင့်မိမိလှူသောသွေး၏

သြဇာအာနိသင်ထက်မြက်နိုင်သည့်အပြင်လူမမာတွင်

လည်း၄င်းမေတ္တာစွမ်းအားကြောင့်ဘေးရန်ကင်း၍ကိုယစ်

ိတ်ကျန်းမာခြင်းတအို့

တွက်အထောက်အပံ့ဖြစ်စေနိုင်ပါသည်။မိမိတွင်လည်းမေတ္တာစိတ်ဖြင့်မြင့်မြတ်စွာနေရသည်ဖြစ်၍

ကုသိုလ်

တရားတိုးပွာရပါသည။် မေတ္တာ,ကရဏု ာ တရား တိ့ုက ရက်ရောစွာလှူသညစ့်

ိတ်စေတနာ သဒ္ဓါတရား

ကိုအားပေးပြန်ပါသည်။ထို့ကြောင့်သွေးလှူရှင်တိုင်းသည်အချိန်ယူ၍မေတ္တာပွားသင့်ပါသည်။

စေတနာ၏အကျိုးဆက်

စေတနာဟူသည်

ကံတရားပင် ဖြစ်ပါသည်။ သွေးလှူ ရှင်သည် မေတ္တာ ကရုဏာဦးစီးသော စေတနာ၏

စေ့ဆော်ချက်ဖြင့် မိမိသွေးလှူရတော့မည်၊ အသက်ကယ်ရ တော့မည်၊ လူသား တစ်ဦး၏

ရောဂါ

ကို သက်သာ ပျောက်ကင်းစေရတော့မည်ကိုမလှူမီကပင်၀မ်းမြောက်နေသော

ပုဗ္ဗစေတနာတို့ကို များစွာ ဖြစ်သင့်ပါသည်။ မိမိ၏ မွန်မြတ် သောအလှူအတွက်

သွေးလှူ နေစဉ်တွင်

၀မ်းမြောက်နေ သော မုဥ္စစေတနာ များကို များများ ဖြစ်စေသင့်ပါသည်။

ဤအချိန်တွင်

မေတ္တာ,ကရုဏာ, ရက်ရော စွာ ပေးလှူချင် သော ဆန္ဒမွန်တို့ အပြန်ပြန်အထပ်ထပ်

ကျေးဇူး ပြုကြပြီး ကုသိုလ်များစွာ တိုးပွားရပါသည်။ မွန်မြတ်လှသော သွေး အလှူ

ထမြောက်အောင်မြင်သောအခါ အားရ၀မ်းမြောက် နေသော အပရစေတနာကို ကြိမ်ဖန်များစွာ

အောက်မေ့ရပါမည်။အပရစေတနာပွားတိုင်းအမှန်တကယ်လှူနေရသကဲ့သို့ပင် ကုသိုလ်များ

တိုးပွား သည့် စာဂါနုဿတိ တစ်မျိုး ဖြစ်ပြန်ပါသည်။

ပုဗ္ဗစေတနာကြောင့်

ပထမအရွယ်တွင် ကြီးပွား ချမ်းသာ ခြင်း၊ပစ္စည်းဥစ္စာတိ့ုကို ကောင်းစွာ ရှာဖွေ

နိုင်ခြင်း အကျိုးကို ဖြစ် ထွန်းစေသည်။ မုဥ္စစေတနာကြောင့်

ဒုတိယ အရွယ်၌

ချမ်းသာ ခြင်း၊ ရှာဖွေရထား သော ပစ္စည်းများကို

စုဆောင်းမိခြင်းအကျိုးကိုရရှိစေနိုင်ပါသည်။ အပရ စေတနာကြောင့် တတိယ အရွယ်၌

ချမ်းသာရခြင်း၊ မိမိ၏ ပစ္စည်းများကို

ကောင်းစွာ သုံးစွဲခံစားရခြင်း အကျိုးများကို ဖြစ်ပေါ်စေနိုင် သည်။ လှူသည့်အခါတွင် အလှူ နှင့် သက်ဆိုင်သည့်စေတနာသုံးတန်ဖြစ်နေရပါမည်။

တောင်းဆုရည်သန်

ဆုတောင်းခြင်းသည်မိမိ၏ရည်မှန်းချက်ပန်းတိုင်ကိုဦးတည်ချိန်ရွယ်ပေးခြင်းဖြစ်သည်။

ဆုတောင်း ကို ကံ၊ပါရမီလုပ်ဆောင်ချက်များဖြင့် အကောင်အထည်ဖေါ်၍

ဖြည့်ဆည်းပေးရပါမည်။ ကောင်းမှု များ

ပြုလုပ်ပြီးတိုင်းလည်း မိမိ၏

ရည်ရွယ်မြော်မှန်းချက် ခိုင်မာစေရန် ထပ်မံ၍ ဦးတည် ဆုတောင်း ပေးရပြန်သည်။

လူတို့သည်မိမိတို့၏တောင့်တချက်၊ အသိဉာဏ်၊ ဗဟုသုတ အလျောက်မိမိတို့

အလိုရှိရာကို

ဆုတောင်းလေ့ ရှိကြပါ သည်။ ကုသိုလ် အကုသိုလ်ကံတို့သည် အကျိုးပေး

အလှည့်အားလျော်စွာ သံသရာ တစ်လျှောက်လုံးမှာလိုက်၍ အကျိုးပေးကြပါသည်။

သွေးလှူသည့်

ကုသိုလ်ကံသည်သံသရာဘ၀များစွာ အတွက်ရိက္ခာကောင်း

ဧကန်အမှန်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၀င် သမ္မာဒိဋ္ဌိ အယူရှိသူတို့သည် အမြတ်ဆုံး

ပန်းတိုင်ဖြစ်သော ဒုက္ခငြိမ်းရာ နိဗ္ဗာန်တရား မြတ်ကို

လိုလားတောင့်တ စိတ်ညွတ်၍ တောင်းဆုပြုနိုင် ကြပါသည်။

နိဗ္ဗာန်

ဗောဓိဉာဏ်ကို တောင့်တ၍ ကုသိုလ်ပြုလျှင် ပါရမီမြောက်ပါသည်။ ၄င်းကြောင့်

တစ်ချိန်တွင် နိဗ္ဗာန်ကို ရစေကြောင်း အကျင့်မှန် သတိပဋ္ဌာန်ကို ကြိုးစား

ပွားများ၍ အရိယာအဖြစ်ကို ရရှိနိုင်ပါမည်။ ဤသို့ လောကုတ္တရာ နိဗ္ဗာန်

ချမ်းသာကို ဆုပန်သော်လည်း အကြောင်းအားလျော်သော

လောကီချမ်းသာများကိုလည်းရရှိစေနိုင်သည်သာ။ မိမိလိုရာ လောကီချမ်းသာကိုလည်း

ဆုတောင်းနိုင်ပါသည်။

အပြစ်မရှိပါ။

ကုသိုလ်ဆင့်ပွား

သွေးအလှူရှင်သည်

မွန်မြတ်လှသော အလှူဖြင့် မိမိ ဆည်းပူးရမိသော ကုသိုလ်များစွာတို့ကို

မိဘနှစ်ပါး အစ ထား၍ အခြားသူ, ပုဂ္ဂိုလ်အနန္တတို့အားလည်း မိမိနှင့်ထပ်တူ

ထပ်မျှ

ကုသိုလ်များရရှိစေရန် ေ၀မျှ သင့် ပါသည်။ သွေး ဒါနကြောင့်

ဖြစ်သောကုသိုလ်ကို ထပ်ဆင့်၍ ပေးလှူဒါန ပြုခြင်း (၀ါ) အမျှေ၀ခြင်း

ပတ္တိဒါနကြောင့် ၀မ်းမြောက်စွာ သာဓုခေါ်သူတို့က

ကောင်းမှုအကျိုးကို

ရရှိနိုင် ကြပါသည်။ မိမိ၌လည်း ကုသိုလ် ထပ်ဆင့်၍

တိုးပွားရပြန်သည်။သံသရာရိက္ခာအဖြစ်ကုသိုလ်များများ စုဆောင်းနိုင်ကြ ပါစေ။

သွေးသည်ဒါန

သွေးလှူရှင်တို့သည်

ဒါနဥပပါရမီမြောက်အောင် လှူဒါန်းနိုင်ကြပါသည်။ ရှေးဦးစွာ မိမိတွင်

ကံ၊ကံ၏အကျိုး ကို ယုံကြည်သော ဉာဏ်(သဒ္ဓါတရား)နှင့်ယှဉ်၍ သီလကို ဆောက်တည်

ပြီးလျှင်

နိဗ္ဗာန်ချမ်းသာ ဗောဓိဉာဏ်ကို ရည်သန် တောင့်တလျက်၊

လှူဖွယ်ဖြစ်သော မိမိ၏သွေးနှင့်အလှူခံပုဂ္ဂိုလ်တို့အပေါ်တွင်တွယ်တာခြင်းမရှိဘဲ

မိမိ၏ မေတ္တာ၊ ကရုဏာ လှူလိုစိတ်စေတနာနှင့်

သဒ္ဓါတို့ကိုအရင်းခံ၍စိတ်ရွှင်ကြည်နူးစွာပေးလှူရာသည်။မိမိ၏ကုသိုလ်ကိုလည်းအများရရှိစေရန် ကုသိုလ်အမျှပေးေ၀ရာသည်။

ပြည့်လျှမ်းသောမေတ္တာ၊

ကရုဏာဖြင့် သွေးလှူရန်သွားနေသော ခြေလှမ်းများသည်ကုဋေတစ်သန်း မျှမက တန်ဖိုး

ရှိလှပါသည်။ သွေးလှူဒါန်းမှုအောင်မြင်ပြီး၍ ပီတိ ဖြင့် စိတ်ရွှင် ကြည်နူး

အားရ

ပေါ့ပါးစွာ လှမ်းလာသော ခြေလှမ်းများသည် ကုဋေကုဋာမကပင်

တန်ဖိုးမြင့်သွား ပါသည်။သွေးလှူရှင်မှာ ဒါနဥပပါရမီ သံသရာရိက္ခာကောင်း

များစွာ စုဆောင်းမိပါပြီ။ မြတ်စွာ ဘုရား

အလောင်းတော် ဘ၀များစွာက

လှူဒါန်းခဲ့သော သွေးတို့သည် မဟာ သမုဒ္ဒရာရေထက်ပင် များနေသေးသည်ဟု ဒေသနာတော်

မှာ ဖော်ပြထားပါသည်။ ဤကဲ့သို့ တရား အားလျော်စွာ

အကျိုးကြီးမားသည့်ဥပပါရမီမြောက်သွေးလှူခြင်းဒါနမျိုးကိုကျွနု်ပ်တို့ဧကန်လှူဒါန်းသင့်ကြပါသတည်း။

သွေးသည်အသက်၊သွေးသည်ဒါန၊သင့်သွေးဖြင့်အသက်ကယ်ပါ။

အကြိမ်ပေါင်းများစွာသွေးလှူနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)

Credit: ဒေါက်တာသိန်းထိုက်

Latest Comments

Leave a Comment

Related News