Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သြစတြေးလျ မှ ဟက်ကာများကို ငှားရမ်းသွားမယ့် Google

Image



ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Google ဟာ သြစတြေးလျမှ အတော်ဆုံးအထက်မြက်ဆုံးဆိုတဲ့ ဟက်ကာပညာရှင်များကို ငှားရမ်းသွားတော့မယ်လို ့သိရပါတယ်။ အဓိကအားဖြင့် Google ဟာ သြစတြေးလျမှ ဆိုက်ဘာလုံခြုံရေးရာထူးများမှာ ခန် ့အပ်သွားဖို ့လုံခြုံရေးကျွမ်းကျင်ပညာရှင်ဟက်ကာများကို ငှားရမ်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒီထဲမှာ သြစတြေးလျတက္ကသိုလ်များမှ ကျောင်းသားများကိုလည်း အလုပ်ခေါ်သွားဖို ့ရှိပါတယ်။

Google ရဲ့ အလုပ်ခေါ်ဆိုမှုကြောင့် IT ကျွမ်းကျင်ပညာရှင်အရင်းအမြစ် အားနည်းနေတဲ့ သြစတြေးလျအစိုးရဌာနပိုင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာဖို ့ရှိပါတယ်။ Google လုံခြုံရေးကျွမ်းကျင်ပညာရှင် ပါရီဆာတဘ်ဘရစ်ဇ်မှ ABC Australia ကို ပြောကြားရာမှာ “ကျွန်တော်ထင်တယ် ။ စနစ်တစ်ခုကို ချိုးဖောက်ဝင်ရောက်နိုင်ပြီး စေတနာကောင်းကောင်းနဲ ့ကွန်ပျူတာစနစ်လုံခြုံရေးကို လုံခြုံအောင်ထိန်းချုပ်လိုတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ ကျွန်တော်တို ့လို ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးမှာ အလုပ်လုပ်ဖို ့ဆန္ဒရှိမှာပါ။ တစ်ခုရှိတာက လူတော်လူကောင်းကိစ္စပါပဲ။” တပ်ဘရစ်ဇ်ဟာ Google Chrome အတွက် လုံခြုံရေးအကြီးအကဲ အဖြစ်တာဝန်ယူနေသူဖြစ်ပြီး Google မှာ ၂၀၀၇ ခုနှစ်ကတည်းက အလုပ်ဝင်လာသူဖြစ်ပါတယ်။ “ဆစ်ဒနီဟာ လုုံခြုံရေးပညာရှင်ကောင်းတွေရှာဖို ့နေရာကောင်းတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ဒီမှာရှိတဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေကို ဆိုက်ဘာလုံခြုံရေးပညာရှင်အဆင့်အထိ တတ်မြောက်အောင် ကူညီပေးကြလို ့ပါ။”

တစ်ခုရှိတာက အစိုးရအဖွဲ ့အနေနဲ ့ကြည့်ရင် တစ်ကမ္ဘာလုံးက ပညာရှင်တွေဟာ ပုဂ္ဂလိက ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးများမှာပဲ အလုပ်ဝင်နေကြတာဖြစ်လို ့နိုင်ငံတော်အနေနဲ ့ကျွမ်းကျင်ပညာရှင် ချို ့တဲ့မှုဖြစ်ပွားနေကြပါတယ်။ လစာပဲကြည့်ကြည့် အခွင့်အလမ်းနဲ ့လုပ်ငန်းခွင်အခြေအနေပဲ ကြည့်ကြည့် ပုဂ္ဂလိကကုမ္ပဏီများရဲ့ ပံ့ပိုးပေးမှုကို အစိုးရအဖွဲ ့အနေနဲ ့ဘယ်လိုမှ လိုက်မီဖို ့မလွယ်ပါဘူး။ ဒါ့ကြောင့်ပဲ ပညာရှင်ဟက်ကာများ ၊ ပရိုဂရမ်မာများဟာ အစိုးရဌာနတွေကနေ ရှောင်ခွာကြကုန်တာ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း သြစတြေးလျ အစိုးရအဖွဲ ့မှ ဝန်ခံထားရပါတယ်။

ရေရှည်မှာ ဆိုက်ဘာလုံခြုံရေး အရေးအခင်းများနဲ ့ကြုံလာရင် အစိုးရအနေနဲ ့အခက်တွေ ့ဖို ့ရှိနေပါတယ်။ ကျွမ်းကျင်အိုင်တီပညာရှင်များရဲ့ အခန်းကဏ္ဍမြင့်မားလာသလောက် ဆိုက်ဘာလုံခြုံရေးစိတ်မအေးစရာ ဖြစ်နေချိန်မှာ အစိုးရအနေနဲ ့လူမွေးဖို ့ဆိုတာလည်း မလွယ်ကူနိုင်ပါဘူး။ အထူးသဖြင့် သြစတြေးလျတက္ကသိုလ်တွေမှာ သီးသန် ့ကျွမ်းကျင်သင်တန်းတွေ ဖွင့်လှစ်ထားပေမယ့် ဒီဘာသာရပ်ကို အထူးတလည်စိတ်ဝင်စားသူတွေက လိုအပ်တာထက် နည်းနေပါသေးတယ်။

တကယ်တော်တဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတယ်ဆိုတဲ့ ကျောင်းတွေမှာလည်း လူအရေအတွက်က နည်းနည်းလေးပဲ ရှိနေပါသေးတယ်။ လူ ့စွမ်းအားအရင်းအမြစ်ရှားပါးတဲ့ ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းလို ့ရနိုင်မယ့် အလွယ်နည်းလမ်း မရှိသေးပေမယ့် ဒီလိုဆိုက်ဘာလုံခြုံရေးသင်တန်းတွေကို ကျောင်းသားတွေ စိတ်ဝင်စားလာအောင် လှုံ ့ဆော်သွားရမှာပါ။ UK နိုင်ငံဟာ အနာဂါတ်နည်းပညာကာကွယ်ရေးအစီအစဉ်များကို တင်ကြိုချမှတ်လိုက်တဲ့ အနေနဲ ့အင်္ဂလန်မှ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ဆိုက်ဘာလုံခြုံရေးသင်ရိုးများ ထည့်သွင်းသင်ကြားပေးတော့မယ်လို ့သိရပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေးငယ်ပေါင်း ၅၇၀၀ ကို ရွေးချယ်ပြီး တစ်ပတ်လျှင် တစ်နာရီနှုန်းနဲ ့ငါးနှစ်အထိ ဒီဘာသာရပ်ကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် စာသင်ခန်းနဲ ့အွန်လိုင်းလေ့လာချက်များ ၊ လုပ်ငန်းခွင် အတွေ ့အကြုံကွင်းဆင်းလေ့လာမှုများကို လာမယ့် စက်တင်ဘာလကစပြီး သင်ယူရတော့မှာပါ။

ကမ္ဘာ့နိုင်ငံများမှာ အိုင်တီပညာရှင်လိုအပ်ချက်မြင့်မားလာနေချိန်မှာ နည်းပညာကုမ္ပဏီများမှလည်း လစာကောင်းကောင်းနဲ ့မက်လုံးပေးပြီး အလုပ်ခန် ့နေခြင်းကြောင့် နိုင်ငံတကာမှ အစိုးရများ အကြပ်ရိုက်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit :duwun

#

Latest Comments

Leave a Comment

Related News