Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သီချင်းအဖြစ် နားဆင်ရမယ့် မြန်မာပြည်သိန်းတန်ရဲ့စကားလုံး ..!

Image



(ဓာတ်ပုံ − ဖြူဖွေးသန့်)

                             

 မြန်မာအိုင်ဒေါ၏ ဒိုင် တစ်ဦးဖြစ်သော မြန်မာပြည်သိန်း တန်က ပြိုင်ပွဲဝင်များကို မှတ်ချက်ပြု ဆုံးဖြတ်ပေးသည့် ပေါ်ပြူလာဖြစ်ခဲ့သော စကားလုံး ‘No ပါ အန်ကယ်ကတော့ No ပါ’ စကား လုံးကို သီချင်းအဖြစ်ရေးသား သီဆိုထားကာ ဧပြီ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။

‘‘လူကြိုက်များအောင် ဖြစ် လာဖို့အတွက် သီချင်းတစ်ပုဒ်ကို ရေးစပ်ရတဲ့၊ ဖန်တီးရတဲ့နေရာမှာ မလွယ်ပါဘူး။ သင်္ကြန်အပုဒ် တစ် ရာလောက်ရေးမှ တစ်ပုဒ်လောက်က ပရိသတ်ရင်ထဲထိပြီး ရေရှည် အားပေးတာကို ခံရပါတယ်။ အချိန်တိုတိုနဲ့ သီချင်းတစ်ပုဒ် ပရိသတ်ရင်ထဲ တိုးဝင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီနေရာမှာတော့ မောင်စိန်လင်းရဲ့ ဖန်တီးလိုက်တဲ့ ‘No ပါ အန်ကယ်ကတော့ Noပါ’ ပဲ ဆိုတာလေးက မောင်စိန်လင်း ကနေ မောင်ဗျူဟာလေး (တေး ရေး)ကို အိုင်ဒီယာလေးတွေပေး တော့ ပရိသတ်တွေ သဘောကျ တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့တာ ပါ’’ဟု မြန်မာပြည်သိန်းတန်က ပြောသည်။

‘No ပါ အန်ကယ်ကတော့ No ပါ’ သီချင်းကို တေးရေးဗျူဟာ က ရေးစပ်ပြီး မြန်မာပြည်သိန်း တန်နှင့်အတူ တေးသံရှင် စိန်လင်းက တွဲဖက်သီဆိုကာ ရတနာမြိုင်တေးသံသွင်းက တစ်ချပ်လျှင် တစ် ထောင်ကျပ်ဖြင့် ရောင်းချမည်ဖြစ် သည်။

‘‘အရင်တုန်းကလည်း တွဲဆို ခဲ့ဖူးပါတယ်။ ဒုတိယစီးရီးမှာ တွဲ ဆိုမယ်လို့ စိတ်ကူးထားခဲ့တာပါ။ လူငယ်တွေကြားမှာ ဟစ်ဖြစ်နေ တဲ့ သီချင်းခေါင်းစဉ်ကို စဉ်းစားခဲ့ ပါတယ်။ ဒါကြောင့် အစ်ကိုကြီးနဲ့ အကူအညီတောင်းပြီးတော့ စီးရီး လုပ်ဖြစ်ခဲ့တာပါ’’ဟု တေးသံရှင် စိန်လင်းက ပြောသည်။

အဆိုပါ သီချင်း အမ်တီဗီကို သင်္ကြန်အပြီး ဆက်လက်ရိုက်ကူး ပုံဖော်မည်ဖြစ်ကာ ရုပ်ရှင်ဇာတ် ကားပါ ထပ်မံရိုက်ကူးရန်ရှိ ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

#

Latest Comments

Leave a Comment

Related News