Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သီချင်းခွေမထုတ်ဘဲနေနိုင်စားနိုင်တယ်လို့ ထင်ကြတဲ့အပေါ် Rဇာနည်ရဲ့ဖြေရှင်းစကား

Image



ကျွန်တော်တို့ လူကြီးလူငယ် မရွေး သူ့သီချင်းလေးတွေကို နားထောင်မိရင် ခံစားချက်တခုခုကို ရစေတဲ့ အဆိုတော်၊ အသံသြဇာကောင်းကောင်းနဲ့ အဆိုတော် Rဇာနည်ကိုတော့ ရင်းနှီးနေပါလိမ့်မယ်။ ဒါပေမဲ့လည်း Rဇာနည်အနေနဲ့ အရင်တုန်းက အခွေတွေ ဆက်တိုက်ထွက်ပြီး သီချင်းသစ်တွေလည်း ဆက်တိုက်ထွက်ပေမဲ့လည်း လက်ရှိမှာတော့ အခွေလည်းမထွက် သီချင်းသစ်လည်း အထွက်ကြဲသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သူ့ပရိသတ်တချို့ကလည်း ဘာကြောင့်သီချင်းခွေ မထွက်လည်းလို့ မေးသလို တချို့ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒါကြောင့် Rဇာနည်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားခဲ့ပါတယ်။

Rဇာနည်ကတော့ MC7 နဲ့ အင်တာဗျူးတွင် “တနေ့တာ အလုပ်ကတော့ အဓိကက အခုကလေး ကျောင်းပြန်ဖွင့်ပြီးဆိုတော့ မျက်စိနှစ်လုံးပွင့်တာနဲ့ ကလေးကျောင်းကြိုပို့တယ်။ ကျွန်တော် ခရီးမသွားရင်ပေါ့။ ကြားထဲမှာပဲ သီချင်းနားထောင်တာတွေ လုပ်တယ်။ ပြီးတော ့ လူမှုရေးရှိတယ်။ အလုပ်ရှိတယ်။ အဲ့လိုပဲ တနေ့တနေ့ကို ဖြတ်သန်းတယ်။ အိမ်မှာနေရင်တော့ သားနှစ်ယောက်နဲ့ အချိန်ကုန်တယ်။ အနားယူတဲ့အချိန်က ဒီလောက်ပါပဲ။ ကျွန်တော်က စိတ်ကိုရှင်းရှင်းပဲထားတယ်။ အရှိကို အရှိတိုင်းပဲ ဆက်ဆံတယ်။ သူတဖက်သားပေါ်မှာလည်း စိတ်ကို အကောင်းဆုံးပဲ ထားတယ်။ ကိုယ့်ဘာကိုလည်း အကောင်းဆုံးဘယ်လိုဖြစ်အောင် နေထိုင်မလည်းဆိုတာကို ချင့်ချိန်ပြီးနေလို့သာလျှင် ဒီချိန်ထိ ဒီလိုကောင်းကောင်းမွန်မွန်လေး နေထိုင်နိုင်တာလို့ ထင်ပါတယ်”

“တချို့တွေကလည်း ပြောတယ်။ Rကြီး ဘာတွေလုပ်ပြီး ဘာတွေဖြစ်နေလဲ။ သီချင်းအခွေလည်း မထုတ်ပဲနဲ့ စားနိုင်သောက်နိုင်နေနိုင်နေတယ်လို့ တချို့တွေက အပေါ်ယံသုံးသပ်နေကြတဲ့ ပရိသတ်တချို့တော့ ရှိတယ်ဗျာ။ ကျွန်တော်ကသီချင်းဆိုတာပဲ ၁၈ နှစ် အနှစ် ၂၀ ထဲ ရောက်နေပြီး အဲ့ဒါကို သူတို့မေ့နေတယ် ထင်တယ်။ အဲ့လောက်ပဲ ပြောချင်ပါတယ်”

ဆက်လက်ပြီး Rဇာနည်က “စုစုဆောင်းဆောင်းနေတယ်။ အမျိုးသမီးကလည်း စုစုဆောင်းဆောင်းလေး နေတတ်တဲ့အခါကျတော့လည်း ကျွန်တော်တို့တွေ အတိုင်းအတာ တစ်ခုထိ အဆင်ပြေပါတယ်။ ကိုယ့်သားသမီးတွေကိုလည်း ကောင်းကောင်းထားချင်တာပေါ့။ အဲ့အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားတာပါ။ လူတွေကသာ မသိတာ ကျွန်တော်တို့က ကလေးယူတာတောင် Plan နဲ့ယူတာ။ ကျွန်တော်အိမ်ထောင်ကျပြီး ၅ နှစ်နေမှကလေးယူတာ။ အဲ့ ၅ နှစ်ကို ရှာဖွေစုဆောင်းထားသေးတယ်။ စုဆောင်းပြီးတော့မှ ကလေးစယူတာ။ လူတွေက တော်ကြာ ကျွန်တော့်ကိုတွင်းထဲက နိုက်တယ်များထင်နေလား မသိဘူး။ ပြည်သူတွေ ချစ်တဲ့ အနုပညာရှင်တယောက်အနေနဲ့ တနေရာထဲမှာ ဆိုနေတာမဟုတ်ပါဘူး ။တနိုင်ငံလုံးကိုလှည့်ပတ်ပြီး ဆိုတယ်။ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီးနေရတယ်”

“စီးပွားရေးကတော့ အခုဆိုကျွန်တော့် အမျိုးသမီးညီမတွေနဲ့ ပေါင်းပြီးတော့လုပ်ထားတဲ့ ဓလေ့ဆိုတဲ့ စီးပွားရေးလေးရှိတယ်။ စီးပွားရေးကလည်း များများစားစားနဲ့ အမြတ်အစွန်းတွေအများကြီး ရတာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့လည်း လည်ပတ်လို့ ကောင်းတယ်။ စီးပွားရေးလေးရှိတယ်။ စုထားဆောင်းထားတာလေးတွေ ရှိတယ်ပေါ့။ အရင်တုန်းကဆိုလည်း နယ်တွေဘက်မှာ မြေကွက်တွေ ရောင်းလိုက်ဝယ်လိုက်တွေ လုပ်ဖြစ်ပါတယ်။ အခုတော့ အဲ့ဒါတွေက ငြိမ်နေတော့ လုပ်လို့ မကောင်းတော့ပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: thelifestylemyanmar

Latest Comments

Leave a Comment

Related News