Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သီချင်းခွေတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ ဖြူဖြူထွေး

Image



ဖေ့စ်ဘွက်မှာ နာမည်ကြီးတဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ ခုဆိုရင် သီချင်းခွေ အမ်တီဗွီတွေမှာတောင် ပါဝင်သရုပ်ဆောင်နေပြီလို့ သိရပါတယ်။ ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ မသိသူမရှိအောင် နာမည်ကြီးခဲ့တဲ့ ဖြူဖြူထွေးက အောင်မြင်မှုလမ်းကြောင်းပေါ် ကောင်းကောင်း ရောက်သွားပြီလို့ ပြောနိုင်ပါတယ်။

အများနဲ့ မတူအောင်လုပ်ပြတဲ့ ဟာသဗွီဒီယိုဖိုင်တွေ ဖေ့စ်ဘွက်မှာတင်ရင်း နာမည်ကြီးလာတဲ့သူမက စီးပွားရေးကြော်ငြာတွေ များစွာလည်း ရိုက်ကူးထားရပြီး အိမ်ကိုပြန်ထောက်ပံ့နိုင်တဲ့အထိ အောင်မှုမှုရနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိမ်တီဗွီတစ်ပုဒ်ရိုက်နေကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ပြီး ပြောထားတာကို တွေ့ရပါတယ်။

မိတ္ထီလာနယ်က အညာသူလေးတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးက အဖေက ဒိုးပတ်ဆရာတစ်ယောက်ဖြစ်ပြီး အမေကတော့ အငြိမ်သမတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားဖူးပါတယ်။ သူမကိုယ်တိုင်လည်း အကမျိုးစုံဝါသနာပါပြီး ခုလိုလုပ်ရာက နာမည်ကြီးလာတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ရုပ်ရှင်ရိုက်ဖို့လည်း ကမ်းလှမ်းခံထားရတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: cele road

#

Latest Comments

Leave a Comment

Related News