Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သိက္ခာရှ်ိစွာလမ်းခွဲတတ်ပါစေ...

Image



လောကကြီးထဲမှာ ယောက်ျားလေးဖြစ်စေ မိန်းကလေး

ဖြစ်ပါစေ

ကိုယ့်ချစ်သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာတွေ ၊

ခြေရှုပ်နေတာတွေကို သိရက်နဲ ့ အကြိမ်ကြိမ်နားလည်

ခွင့်လွှတ်ပေးပြီး အတင်းလိုက်တွယ်ကပ်နေတာတွေဟာ

လောကကြီးထဲ ကိုယ်နဲ ့တူတန်တဲ့ ယောကျ်ား' မိန်းမ ရှား

နေလို ့ များထင်နေလား ။

ယောကျ်ား / မိန်းမ ဆိုတဲ့ လူသားတွေပေါပါတယ် …

`` သစ္စာတရား `` ဆိုတာ ရှားပါးလို ့

`` မေတ္တာတရား ပိုပေးမိလိုက်သူ `` ရှားလို ့

`` သံယောဇဉ်တွေ `` ဖြတ်ရခက်နေလို ့

`` အချစ် `` ဆိုတာကို တန်ဖိုးထားလို ့

`` ကိုယ့်သိက္ခာနဲ ့ ကိုယ်ကျင့်တရားတွေ`` ကို စောင့်ထိန်း

နေကြလို ့ ။

ကိုယ့်အပေါ် မျက်ရည် မျက်ခွက်နဲ ့ အသနားခံပြီး လိုက်ဆွဲ

နေတိုင်း ……

ဒီယောကျ်ား / ဒီမိန်းမ ငါ့ကို မပြတ်နိုင်ပါဘူး ဆိုပြီး

သိပ်အထင် ကြီးမနေကြနဲ ့ အချ်ိန်တန်ရင် ကိုယ်နဲ ့တန်ရာ

ဘဝကိုရောက်သွားမှာဘဲ ။

သစ္စာတရားကို တန်ဖိုးထားတတ်သူတွေဟာ

သူတို ့ကိုယ်တိုင်

အမှားကို မကျူလွန်မိအောင် စောင့်ထိန်းနိုင်သလို

သစ္စာဖောက်ခံရရင်တောင် အကြိမ်ကြိမ် သဘောထားကြီးစွာ

နာလည်ခွင့်လွှတ်ပေးတယ် ။

ဘာလို ့လည်းဆိုရင် ……

ကိုယ့်ဆီမှာရှိတဲ့သစ္စာတရားကို အသက်မက

တန်ဖိုးထားခဲ့တော့ အလွယ်တကူ အပျက်စီးမခံနိုင်လို ့ဘဲ ။

မေတ္တာကိုလူတိုင်းအပေါ်ထားမိပေမဲ့ ပိုပေးမိတဲ့သူကို

ပိုမြတ်နိုးတော့ အလွယ်တကူ အဆုံးရှုံးမခံနိုင်ကြတာလည်း

ပါတယ် ။

အချစ် ဆိုတဲ့စိတ်ခံစားမှုကို နှလုံးသားနဲ ့ ရင်းပြီး ထိုက်ထိုက်

တန်တန်ပေးခဲ့မိသူကို ကိုယ်ဘဲရယူပိုင်ဆိုင်ချင်တာ

သဘာဝလေ ။

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းသူတိုင်း

ဒီတစ်ယောက်နဲ ့ပြတ်လိုက် ဟိုတစ်ယောက်နဲ ့တွဲလိုက်

ဆိုတဲ့ စရိုက်မရှိသလို ဘယ်တော့မှ မလုပ်ဘူး ။

ဒီတစ်ယောက်သာ ကောင်းကောင်းဆိုးဆိုး လက်ခံထားကြတယ် ။

တချို ့ပြောတာကြားဖူးတယ် `` ငါ့လောက် မင့်အပေါ်

ဘယ်သူမှ အနစ်နာမခံဘူး `` ဆိုတဲ့ စကားရယ်

`` မင်းအပေါ် ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး `` ဆိုတဲ့

စကားနဲ ့ ချည်နှောင်ချင်သေးတာ ။

အတော်လေး ဟာသဆန်ပါတယ် ။

ကိုယ်တောင် သူ ့ထက်သာတယ်ထင်တဲ့သူနဲ ့ဖောက်ပြန်

နေသေးတာပဲ သူ ့မှာလည်း သူ ့အိုးနဲ ့သူ ့ဆန်တန်တဲ့သူ

မရှိနိုင်ဘူးတဲ့လား တွေးကြည့်ပါ ။

ကိုယ်တောင် သူ ့ထက်ပို ဂရုစိုက်တဲ့သူအနား ချဉ်းကပ်နေ

သေးတာဘဲ သူ ့မှာလည်း ကိုယ့်ထက်သာတဲ့သူ မရှိနိုင်

တော့ဘူးလား မေးလိုက်ချင်တယ် ။

ကိုယ့်အပေါ် သစ္စာရှိရှိနဲ ့ ချစ်တဲ့ချစ်သူအပေါ်

သစ္စာဖောက်သူတွေအနေနဲ ့ မိမိမကောင်းတာတောင်

ခခယယတွဲကပ်နေတဲ့ ချစ်သူဟာ ဘဝတစ်လှျှောက်လုံး

လက်မလွှတ်သင့်တဲ့ ချစ်သူဆိုတာ သိစေချင်တယ် ။

သစ္စာမဲ့သူတွေအနနဲ ့

ကိုယ့်အပေါ် မေတ္တာကြီးမားစွာ ထားပေးတဲ့ တဖက်လူကို

ပမာမခန် ့ မလုပ်ပါနဲ ့ အရမ်းခံရခက်စေပါတယ် ။

သစ္စာကြီးသူတွေကို မဖြစ်နိုင်လို ့ သစ္စာဖောက်ရင်ဖောက်သွားပါ

ရိုးသားချင်ယောင်ဆောင်ပြီး ဆက်လိမ်ညာမနေပါနဲ ့

တဖက်လူအတွက် သိသိရက်ကြီးဆက်ဆံရတာ

သေမတတ် မွန်းကြပ်စေပါတယ် ။

ကိုယ့်ချစ်သူက

အရှေ ့မှာချစ်တယ်ပြောပြီး နောက်ကွယ်မှာ ဖောက်ပြန်

တာသိရင် နှလုံးတွေသားတွေနာကျင်မှုမျိုး

ဘာနဲ ့မတူအောင် နာကျင်ရပါတယ် ။

သစ္စာတရားဆိုတာ

တခါတလေ ငွေဆိုတဲ့ အရာနဲ ့

ယှဉ်လာရင် ဒူးထောက်လိုက်ရတာတွေရှိပါသလို

တခါတလေတော့လည်း သာယာရှာသူတွေအတွက်

လှည့်စားခံရတာတွေရှိပါတယ် ။

ဘယ်လိုနည်းနဲ ့ သစ္စာဖောက်မိသွားပါစေ လှေနံနှစ်ဖက်

နင်းနေတဲ့ ခြေပိုင်ရှင်မဖြစ်ပါစေနဲ ့ ။

`` ငါ့လောက် မင်းအပေါ်ဘယ်သူကောင်းလည်း `` ဆိုတဲ့

ပုံစံ

`` နင့်နားမှာ ငါ မရှိလို ့ မဖြစ်ပါဘူး `` ဆိုတဲ့ အချိုးမျိုးတော့

သွားမလုပ်မိစေနဲ ့

သင်မရှိလည်း နှာခေါင်းပေါက်က အသက်ရှုနိုင်သေးတယ်

သေမသွားဘူး ။

လောကကြီးထဲ မဖြစ်နိုင်လို ့ လမ်းခွဲသွားကြတဲ့သူတွေ

အများအပြား အခုချိန်ထိ အသက်ရှင် နေကြဆဲပါ ။

လူတစ်ယောက်ကို မချစ်နိုင်တော့လို ့ ရှေ ့ဆက်လက်တွဲဖို ့

မဖြစ်နိုင်တော့လို ့ လမ်းခွဲမယ်ဆိုရင်တောင် သိက္ခာမဲ့စွာ

သစ္စာဖောက်ပြီးမှ လမ်းခွဲခြင်းဟာ အယုတ်ညံ့ဆုံးဖြစ်ပါတယ် ။

ဒါကြောင့်

လူ ့တန်ဖိုးကို နာလည်းစွာ လမ်းခွဲခြင်းမျိုး ရွေးချယ်တတ်ကြပါစေ ။

ဖိုးသူတော် (www.phothutaw.com)

Credit: MayNoe

Latest Comments

Leave a Comment

Related News