Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သားသမီး များရဲ့ အိမ်ဟာ မိဘများ အချိန်မရွေး သွားရောက်နေထိုုင်နိုုင်တဲ့ အိမ်မဟုုတ်

Image



ထိုုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။

သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။

အရွယ်ကောင်းတုုန်းမှာပဲ ယောက်ျားဆုုံးပါးသွားပါတယ်။

ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

သားလေးကိုု ဘထွေးနဲ့ မကြုံစေချင်လိုု့

နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခုု

သားတစ်ခုုနဲ့ ပဲ သားလေးကိုု ပျိုးထောင်လာခဲ့ပါတယ်။

သားလေးလည်း အလွန်လိမ္မာပါတယ်။

အမေ့ကိုုလည်း အလွန်သိတတ်ပါတယ်။

ဒီလိုုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကိုု

ရှိစုုမဲ့စုု ပျိုးထောင်လာခဲ့ပါတယ်။

သားကလည်း ထူးချွန်တာမိုု့ အမေရိကန်နိုုင်ငံကိုု

ပညာတော်သင် စေလွတ်နိုုင်ခဲ့ပါတယ်။

အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။

ကျောင်းပြီးလိုု့ အလုုပ်ကောင်းပြီး အမေရိကမှာပဲ

အိမ်ထောင်ပြုပြီး ကိုုယ်ပိုုင်အိမ်တစ်လုုံး ဝယ်နိုုင်ခဲ့ပါတယ်။

မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မိုု့

ဆရာမအဖြစ်ပဲ ထိုုင်ဝမ်မှာ ဆက်လက်နေထိုုင်ခဲ့ပါတယ်။

ဒီလိုုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။

ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကိုု

သတိရလေလေဖြစ်ပြီး သားလေးမိသားစုုနဲ့

သွားရောက်နေထိုုင်ဖိုု့ ဆန္ဒပြင်းပြလာပါတယ်။

အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကိုု

သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။

သြော် လုုပ်ဖေါ်ကိုုင်ဘက်တွေ ဒီသတင်းသိလိုုက်ရင်တော့ဖြင့်

ဘယ်လောက်အားကျလိုုက်မလဲဆိုုတာ

တွေးတောပြီး ပြုံးနေတတ်ပါတယ်။

ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုုင်း

ဖုုန်းခကိုု ချွေတာတတ်သူမိုု့ သားဆီကိုု ပင်စင်ယူပြီးရင်

အတူလာနေချင်ကြောင်း ရေးသားပေးပိုု့ လိုုက်ပါတယ်။

သားဆီက ပြန်စာကိုု တော်တော်နဲ့ ပြန်မရဘူး။

အမေကလည်း ပင်စင်ယူဖိုု့ ပြင်ဆင်နေပြီး

သားဆီက ပြန်စာကိုု မျော်နေတာပေါ့။

ပင်စင်ယူဖိုု့ တစ်ပတ်လောက်အလိုုမှာ

သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။

ဖောက်ဖတ်ကြည့်လိုုက်တော့ ဒေါ်လာ သုုံးသောင်းတန်

ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုုက်ပါတယ်။

စာက အဲလိုုရေးထားပါတယ်။

“ချစ်လှစွာသော မေမေ

သားနဲ့ သားဇနီး သေသေချာချာ ညှိနိူင်းကြည့်ပြီးပါပြီ။

မေမေကိုု မလာစေချင်ပါဘူး။

မေမေသားကိုု ကျွေးမွေးခဲ့တာ မှန်ပါတယ်။

အဲဒီကုုန်ကျစားရိတ်ကိုု သားတိုု့ သေသေချာချာ

တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။

အပိုု ( ၁ )သောင်းပါ ထပ်ပေါင်းလိုုက်တော့ စုုစုုပေါင်း ( ၃ )

သောင်းမေမေ့ကိုု ပိုု့ပေးလိုုက်ပါတယ်။

မေမေ နောက်ဆို သားဆီကိုု စာမရေးပါနဲ့တော့၊

သားမိန်းမက မကြိုက်လိုု့ပါ။….”

မိခင်ဖြစ်သူမှာ စာဆုုံးအောင်ပင်

ကောင်းကောင်း မဖတ်နိုုင်ခဲ့ပါ။

မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။

အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊

မျော်လင့်ချက်တစ်ခုုလုုံး ပျောက်ဆုုံးသွားခြင်း၊

စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုုချလိုုက်ပါတော့တယ်။

မိခင်ဆရာမဖြစ်သူကိုု တရားက ကယ်တင်သွားပါတယ်။

တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုုင်တယ်။

တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကိုု

အသုုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။

ခရီးတစ်လျှောက်လုုံးမှာ ရှိတဲ့ သဘာဝတရားရဲ့

လှပဆန်းကျယ်မူကိုု သူမကောင်းစွာ ခံစားမိပြီး

တစ်ခုုခုု အသိဝင်လိုုက်သလိုု ခံစားလိုုက်ရတယ် ။

အဲဒါနဲ့ သူ့မသားကိုု စာတစ်စောင် ထပ်မံရေးသားလိုုက်ပါတယ်။

“ချစ်ရတဲ့ သား….

မေမေ့ကိုု စာထပ်မရေးပါနဲ့တော့လိုု့

သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား

မပြည့်စုုံသေးလိုု့ သားဆီကိုု စာထပ်ရေးလိုုက်ရပါတယ်။

သားချက်လက်မှတ်နဲ့ ပိုုက်ဆံကိုုထုုတ်ပြီး

မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။

လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုုပါစိုု့၊

အဲလိုုနဲ့ အသိတစ်ခုုဝင်လာသလိုုပဲ၊ ဟုုတ်ပါတယ်။

သားကိုု ကျေးဇူးတင်ရမယ်။

တကယ်လိုု့ သားက မေမေကိုု ပြတ်ပြတ်သားသား

စိမ်းကားတဲ့ စကားမဆိုုခဲ့ဘူးဆိုုရင် မေမေအဲလောက်

သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုုတ်ပါဘူး။

အခုုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။

လောကကြီးမှာ အသေချာဆုုံုုး၊ အရေရာဆုုံး အရာဟာ

မသေချာမရေရာခြင်းဖြစ်တယ်ဆိုုတာ

ကောင်းကောင်းကြီးသိသွားပါပြီ။

မေတ္တာလည်း အနိစ္စတရားကိုု ရှောင်ကွင်းလိုု့

မရဘူးဆိုုတာ သိသွားပါပြီ။

တကယ်လိုု့ သားက မေမေကိုု မလိုုချင်ပဲ လာခဲ့ပါလိုု့

အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုုုုရင် အခုုလောက်ဆိုု

အားလုုံးစိတ်ဒုုက္ခ ရောက်နေလောက်ပါပြီ။

မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုုမယ်။

အခုုတော့ မေမေ့စိတ်ထဲမှာလည်း

သားဆိုုတဲ့ အစွဲ မရှိတော့ပါဘူး။

သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုုင်ခဲ့ပါပြီ။

ကိုုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုုတော့ဘူးပေါ့၊

အလိုုမရှိတော့ ဒုုက္ခကင်းတာပေါ့၊

ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုုံးကိုု

မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုုက်ပါပြီ။

ကျေးဇူးတင်ပါတယ် သား….”

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။

ပညာရှင်တစ်ဦးရဲ့ စကားကိုု သတိရစေပါတယ်။

“ မိဘများရဲ့ အိမ်ဟာ သားသမီးများ

အချိန်မရွေး ပြန်နိုုင်တဲ့ အိမ်ဖြစ်ပါတယ်။

သားသမီးများရဲ့ အိမ်ဟာ မိဘများ

အချိန်မရွေး သွားရောက်နေထိုုင်နိုုင်တဲ့ အိမ်မဟုုတ်ပါ။

ကလေးကိုု မွေးဖွားခြင်းဟာ တာဝန်၊

ပျိုးထောင်ခြင်းဟာ ဝတ္တရား ဖြစ်ခဲ့မယ်ဆိုုရင်

အားကိုုးလိုုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။

အိုုလာရင် ကိုုယ့်ကျန်းမာရေးကိုု အတတ်နိုုင်ဆုုံး ဂရုုစိုုက်ပါ။

အိုုစာနာစာအမြဲချန်ထားပါ။

အိုုဖိုု့ အတွက် မအိုုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ဖိုးသူတော် (www.phothutaw.com)

Credit:  ဓမ္မရေချမ်းစင်

Latest Comments

Leave a Comment

Related News