Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သာပေါင်းမြို့နယ်၌ တောဆင်ရိုင်း(၁)ကောင် သတ်ဖြတ်ခံရ

Image



နေပြည်တော်၊ မေ ၁၅

၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ဧရာ၀တီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဘောမိသစ်တောကြိုးဝိုင်းအပြင်ဘက် ဆင်သေချောင်းအတွင်း၌  တောဆင်ရိုင်း(၁)ကောင် သတ်ဖြတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါ တောဆင်ရိုင်း ၁ ကောင်အား သတ်ဖြတ်၍ အရေခွံခွာနေကြောင်း သတင်းအရ မြို့နယ်သစ်တော ဦးစီးမှူး ဦးစိုးတင့်၊ သာပေါင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမြင့် ၈ ပေ၊ လုံးပတ် ၁၁ ပေ ၅ လက်မ၊ အလျား ၁၀ ပေ ၅ လက်မ၊ အသက်(၃၀)နှစ်ခန့်ရှိ တောဆင်ရိုင်း စွယ်စုံဆင်အထီး ၁ ကောင်မှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် နှာမောင်းအား ဖြတ် ထားခြင်းခံရပြီး ခန္ဓာကိုယ်ဝဲဘက်အရေခွံတစ်ခြမ်းအား ခွာယူသွားခြင်း၊ ဆင်စွယ်များ ချွတ်ယူ သွားခြင်း တို့အား စစ်ဆေးတွေ့ရှိရသည်။

ဆင်ရိုင်းအား သတ်ဖြတ်သွားသူ(စုံစမ်းဆဲ)အား သာပေါင်းမြို့မရဲစခန်း(ပ)၁၅၂/၂၀၁၈၊ တောရိုင်းတိရစ္ဆာန် နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်







Latest Comments

Leave a Comment

Related News