Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သလဲသီးကို တစ်နေ့ ၁ လုံးစားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

Image



သလဲသီးကိုကြိုက်ကြရဲ့လား။ အနီရောင်တောက်တောက်ရှိပြီး အရသာရှိတဲ့ အသီးပါ။

သလဲသီး ၁ လုံးမှာ အစေ့တွေအများကြီးပါ၀င်ပြီး အစာပြေစားလို့ သင့်တော်တဲ့ အသီးဖြစ်တဲ့ သလဲသီးမှာ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေအများအပြားပါ၀င်နေပါတယ်။

ကျန်းမာစေဖို့ ဆေး၀ါးတွေကို တကူးတကမှီ၀ဲနေစရာမလိုပါဘူး။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကို ဂရုစိုက်ပြီး ကျန်းမာခြင်းကို ရယူကြပါစို့။

အကျိုးကျေးဇူးများ

အိုးမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

သလဲသီးကိုစားပေးတာဟာ အရေးကြောင်းတွေကို ပျောက်ကင်းစေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်လို့ အရွယ်တင်နုပျိုစေပါတယ်။

ကင်ဆာ

သုတေသနပြုချက်တွေအတွက် သလဲသီးမှာ Antioxidant တွေပါ၀င်တဲ့အပြင် တခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေပါ၀င်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကနေကာကွယ်ပေးပါတယ်။ (အထူးသဖြင့် အဆုပ်ကင်ဆာ)

နှလုံးရောဂါ

သလဲသီးကိုတစ်နေ့ တစ်လုံးပုံမှန်စားပေးတာ (သို့) သလဲသီးဖျော်ရည်ကို သောက်ပေးတာဟာ ကိုလက်စထရောကိုကျဆင်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်

သလဲသီးမှာ ကျနး်မာရေးနဲ့ညီညွှတ်တဲ့အဟာရဓါတ်တွေပါ၀င်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဘက်တီးရီးယားပိုးတွေ အလွယ်တကူ၀င်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

စိတ်ဖီစီးမှု

သလဲသီးဖျော်ရည်ဟာ စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

ဒါ့အပြင် လေ့လာတွေ့ရှိမှုအရ သလဲသီးဟာ အဆစ်အမြစ်ရောင်တာတို့လို ရောင်ရမ်းမှုနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန်လည်း ကျစေပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေတာကြောင့်လည်း ၀မ်းမှန်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: mystyle

Latest Comments

Leave a Comment

Related News