Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သစ္စာဖောက်ခံရခြင်းကို ကျော်လွားနိုင်စေမယ့် နည်းလမ်းကောင်း (၇) ခု

Image



သစ္စာဖောက်ခံရခြင်းကြောင့် ခံစားနေရတဲ့ ဝေဒနာတွေဟာ သက်သာနိုင်တယ်လို့

ကျွန်မယုံကြည်ပါတယ်။ အဓိက ကတော့ သစ္စာဖောက်ခံရတဲ့အခါ ဒေါသနဲ့

ဝမ်းနည်းခြင်းတွေကို ရင်ဆို်င်နိုင်စွမ်း ရှိဖို့ပါပဲ။ ကိုယ့်ယုံကြည်မှုကို

ဖျက်ဆီးခံလိုက်ရတာဟာ တော်တော်လေးကို ခံစားရခက်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် သူငယ်ချင်းတွေနဲ့ လင်မယားတွေ ကွဲကွာကုန်ကြတာ

တော်တော်လေးကို များပြားနေပါပြီ။ ဒါတွေအပြင် လူတစ်ယောက်ရဲ့

ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့ ယုံကြည်မှုတွေကိုလည်း ထိခိုက်စေနိုင်ပြီး

ရုတ်တရက်ဆိုရင် စိတ်ဓာတ်ကျခြင်းတွေတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘာတွေပဲဖြစ်ဖြစ်ပါ၊ ကိုယ့်ကိုယ်ကိုတော့ ဆုံးရှုံးမခံသင့်ပါဘူး။ ဒီလို

မကောင်းတဲ့အတွေ့အကြုံတွေက စိတ်ပိုင်းဆိုင်ရာကို

ပိုပြီးခံနိုင်ရည်ရှိလာအောင် မရိုးသားတဲ့လူတွေကို ခေါင်းထဲက ထုတ်နိုင်အောင်

ကူညီပေးပါလိမ့်မယ်။

သစ္စာဖောက်ခံရလို့ ခံစားနေရတာတွေကနေ ပုံမှန်ပြန်ဖြစ်လာအောင် လုပ်ဖို့က

မလွယ်ကူပါဘူး။ အောက်ဖော်ပြပါ အချက်လေးတွေကို ဖတ်ကြည့်ပြီး အခက်အခဲတွေကနေ

ရုန်းထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်လိုက်ပါတယ်။

၁။နာကျင်ခံစားနေရတာတွေကို ထုတ်ပြောလိုက်ပါ။

ခံစားနေရတာတွေကနေ

ပုံမှန်ပြန်ဖြစ်လာစေဖို့ ဆိုရင် အရေးအကြီးဆုံး ခြေလှမ်းတစ်ခုကို

လှမ်းဖို့လိုပါတယ်။ ဒါကတော့ ကိုယ့်ကို သစ္စာဖောက်သွားတဲ့ လူဆီမှာ

ကိုယ့်ခံစားချက်တွေ၊ နာကျင်တာတွေကို ဖွင့်ဟပြောလိုက်ပါ။ သူတို့ကြောင့်

ကိုယ်နာကျင်ခံစားခဲ့ရတာတွေ၊ ခက်ခဲလွန်းတဲ့ အချိန်တွေကို

ရင်ဆိုင်နေခဲ့ရတယ်ဆိုတာတွေကို ရှင်းပြပါ။ ပြဿနာအားလုံးကို ကိုယ်ကိုယ်တိုင်

နိုင်အောင်ထိန်းသိမ်းပါ။ ကောလဟာလထွက်ပေါ်လာတာမျိုးတွေဖြစ်ရင်

ကိုယ်ပဲခံစားရမှာကြောင့် ဖြစ်ပါတယ်။ သူတို့ကို ကိုယ်နောက်ထပ်

မယုံကြည်နိုင်တော့ဘူးဆိုတာ သိအောင်ပြောပြပါ။ သူတို့ လုပ်ခဲ့တာတွေအတွက်၊

ကိုယ့်ကိုခက်ခဲတဲ့အခြေအနေ ပေးခဲ့တာတွေအတွက် သူတို့မှာ တာဝန်ရှိသလို

ခံစားသင့်ပါတယ်။

၂။ကိုယ့်ခံစားချက်တွေကို နားလည်လက်ခံလိုက်ပါ။

သစ္စာဖောက်ခံရတဲ့အခါ

မထင်မှတ်ထားဘဲနဲ့ မကောင်းတဲ့ခံစားချက်တွေ အများကြီးကို ခံစားဖို့

ဖိအားပေးလာနိုင်ပါတယ်။ စိတ်ရှုပ်တာတို့၊ ဒေါသထွက်တာတို့၊ ဝမ်းနည်းနေတာတို့

အပြင် ခံစားချက်တွေ များစွာ ခံစားနိုင်ပါတယ်။ ဒီခံစားချက်တွေကို

မငြင်းပယ်လိုက်ပါနဲ့။ ဒါတွေက ကိုယ်ခံစားနေရတာတွေကို လက်ခံနိုင်ဖို့ပါ။

ဝမ်းနည်းနေတာတွေကို ဖုံးကွယ်မထားပါနဲ့။ ဒါတွေကို ကြုံတွေ့ရမှာပဲလေ။

ကိုယ်ခံစားနေရတာကို ကိုယ်သိရင် ပြန်ဆင်ခြင်နိုင်ဖို့

အခွင့်အလမ်းပိုများတယ်၊ ပြီးတော့ မေ့ဖျောက်သင့်တာတွေ မေ့ဖျောက်နိုင်ပါတယ်။

၃။အေးအေးဆေးဆေး ကိုင်တွယ်ပါ။

ဒီလိုအခြေအနေမျိုး ကြုံရလို့ လူတွေကို

ရှောင်ပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေတာမျိုး မလုပ်ပါနဲ့။

ရှေ့မဆက်နိုင်ခင်မှာတော့ ကိုယ့်ကိုယ်ကို ဝမ်းနည်းပူဆွေးဖို့ အချိန်တော့

ပေးရမှာပေါ့။ ဒါမှ စိတ်ရှင်းလာပြီး ခံစားနာကျင်ရတာတွေ

ပျောက်ကင်းနိုင်မှာပါ။ စိတ်တည်ငြိမ် အေးဆေးနေတော့

မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးလဲ ချနိုင်တာပေါ့။ ဒါ့အပြင် ရှေ့ဆက်

ဘာလုပ်ရမလဲဆိုတာကို စဉ်းစားဖို့ အချိန်လိုသေးတယ်လေ။

၄။ကိုယ့်ကိုယ်ကို ယုံကြည်မှု မြှင့်တင်ပေးပါ။

ကိုယ့်ကိုယ်ကို

ယုံကြည်မှုက သစ္စာဖောက်ခံရတဲ့အခါ ကိုယ့်ကို ကူညီပေးပါလိမ့်မယ်။ ကိုယ်က

ထူးခြားတဲ့လူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ။ ကိုယ့်မှာရှိတဲ့

ကောင်းတဲ့ အရည်အသွေးတွေ၊ အောင်မြင်မှုတွေကို အာရုံစိုက်ပါ။

သစ္စာဖောက်ခံရတာလေးနဲ့ ကိုယ့်ရဲ့လှပနေတဲ့ ဘဝလေးကို အပျက်အဆီးမခံပါနဲ့။

ယုံကြည်မှုရှိခြင်းက ပြဿနာတွေကို ကြံ့ကြံ့ခံနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့

ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို

ယုံကြည်တာကြောင့်ပါ။ ဒါ့အပြင် တခြားလူအပေါ် မှီခိုခြင်းကင်းနေတာကြောင့်

အခက်အခဲတွေကို ကျော်လွှားဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိပါတယ်။

မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်ပေးဖို့လည်း ကူညီပေးပါလိမ့်မယ်။

၅။ကိုယ့်နှစ်သက်တဲ့ အရာတွေကို ပြုလုပ်ပါ။

ဝမ်းနည်းနေတာတွေကို

ပျော်ရွှင်တဲ့ခံစားချက်တွေနဲ့ အစားထိုးသင့်ပါတယ်။ မကောင်းတဲ့အတွေးတွေ

မဝင်နိုင်အောင် ကိုယ့်ပတ်ဝန်းကျင်ကို ပျော်စရာကောင်းအောင် ဖန်တီးပါ။ 

ဟာသဇာတ်လမ်းလေးတွေ ကြည့်တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတွေ လုပ်ပေါ့။

ဒါတွေက ကိုယ့်ကို မကောင်းတဲ့အတွေးတွေကနေ ကင်းဝေးစေပြီး ဘဝကို

စိတ်လှုပ်ရှားပျော်ရွှင်စရာတွေနဲ့ ပြည့်နက်နေအောင် ပြုလုပ်ဖို့

အားရှိလာစေပါတယ်။ အကောင်းမြင်တဲ့စိတ်ကို မွေးမြူတာ ကောင်းပါတယ်။

၆။ဒေါသတွေကို ထိန်းချုပ်ထားပါ။

ဒေါသဆိုတာ စိတ်နဲ့ ခန္ဓာကို

ဖြည်းဖြည်းချင်း ဝါးမြိုနေတာပါ။ ဒေါသက ပျော်ရွှင်ခြင်းတွေကို

ယူဆောင်သွားပြီး မကောင်းတဲ့ အတွေးတွေကို တိုးပွားစေပါတယ်။

ဗုဒ္ဓဟောပြောခဲ့တာလေး တစ်ခုရှိပါတယ်၊ “ဒေါသကို သိမ်းဆည်းထားခြင်းက

တစ်စုံတစ်ယောက်ကို ပစ်ပေါက်ဖို့ကြံရွယ်ပြီး ပူနေတဲ့မီးသွေးခဲကို

လက်ထဲမှာကိုင်ထားတာနဲ့ တူပါတယ်၊ တကယ်တော့ ပူလောင်တဲ့ဒဏ်ကို ခံစားနေရတာက

ကိုယ်ကိုတိုင်ပါပဲ။” ဒါကြောင့် ဒေါသကို ထိန်းချုပ်ပါ၊

ကိုယ့်ကိုခံစားအောင်လုပ်တဲ့လူကို လက်တုံ့ပြန်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။

ဒေါသထိန်းချုပ်ခြင်းအားဖြင့် နောင်တစ်ချိန်မှာ နောင်တရမယ့်

လုပ်ရပ်မျိုးကို ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။

၇။ခွင့်လွှတ်တတ်အောင် လေ့ကျင့်ပါ။

ခွင့်လွှတ်ခြင်းဆိုတာ

စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့အတွက် အလွန်အရေးကြီးပါတယ်။

ခွင့်လွှတ်ခြင်းက ဒေါသတွေ၊ ခံစားရတာတွေကို မေ့နိုင်ပြီး ရှေ့ဆက်နိုုင်အောင်

ကူညီပေးပါလိမ့်မယ်။ မဟတ္တမဂန္ဓီ ပြောခဲ့ဖူးပါတယ်။ “ပျော့ညံ့တဲ့လူက ဘယ်တော့မှ

ခွင့်မလွှတ်နိုင်ပါဘူး၊ ခွင့်လွှတ်ခြင်းဆို စိတ်ဓာတ်ကြံ့ခိုင်သူတွေ

အတွက်ပါ”တဲ့။ နာကျင်ခံစားရတဲ့အခါ ခွင့်လွှတ်ဖို့ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။

ဒါပေမယ့် ကို်ယ့်ဘဝလေး ကောင်းမွန်လာအောင် ကြိုးစားသင့်တယ် မဟုတ်လား။ အတိတ်က

ကိုယ့်ရဲ့လက်ရှိအချိန်တွေကို အဆိပ်ခက်နေတာမျိုး အဖြစ်မခံပါနဲ့။

သစ္စာဖောက်ခံရတဲ့အခါ

ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့ ပြင်းပြတဲ့ဆန္ဒက ကူညီပေးပါလိမ့်မယ်၊

မဖြစ်နိုင်ဘူးဆိုတာမှ မရှိတာ။ ဖော်ပြပါ အချက်တွေကို လိုက်နာပြီး

ခံစားနေရတာတွေ အချိန်တိုအတွင်းမှာ ပျောက်သွားအောင် ကူညီနိုင်ဖို့

မျှော်လင့်ပါတယ်...

ဖိုးသူတော် (www.phothutaw.com)

Credit: Gandawin

Tags:
  • ,

Latest Comments

Leave a Comment