Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သင်သတိမထားမိတဲ့ အချိန်မှာပဲ ကိုယ်အလေးချိန် ကျသွားစေမယ့် အမူအကျင့် ၉ ချက်

Image



သင်သတိမထားမိတဲ့ အချိန်မှာပဲ ကိုယ်အလေးချိန် ကျသွားစေမယ့် အမူအကျင့် ၉ ချက်

ကမ႓ာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ဝနှူန်းက ၃ ဆ မြင့်လာခဲ့ပါတယ် ။ အဲဒါကြောင့် အဝလွန် ရောဂါတွေ ခံစားရပါတယ် ။ ကမ္ဘာ့ လူဦးရေရဲ့ လေးပုံ တစ်ပုံက လူတွေဟာ အသက် ၁၆ နှစ်ကျော်ရင် အဝလွန်လာကြပါပြီ ။ လူအများစုက စားသောက်မှု ပုံစံကို သိပ်ဂရု မစိုက်ကြပါဘူး ။ အဲဒါကြောင့် အစားလွန်ကဲစွာ စားမှုကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ လိုလာပါပြီ ။

၁။ ခါးပတ်ပတ်ပါ

နေ့လည်စာ သို့ ညစာ မစားခင်မှာ ဖဲကြိုး တစ်ချောင်းကို ခါးမှာ ပတ်လိုက်ပါ ။ ခါးမှာ တင်းကျပ်လာပြီလို့ ခံစားရရင် အစားစားတာကို ရပ်သင့်ပြီလို့ သတိပေးတာပါ ။ ဒီနည်းလမ်းက ရိုးစင်းပေမယ့် အကျိုးရှိပါတယ် ။ အစားလွန်ကဲမှုကို ထိန်းချူပ်ပေးနိုင်ပါတယ်။

၂။ ခွက် အကြီးကြီးနဲ့ မသောက်ပါနဲ့

ကယ်လိုရီ အများစုကို အစားအစာကနေ ရတာမဟုတ်ဘဲ သောက်စရာတွေကနေ ရနေတာဖြစ်ပါတယ် ။ ဥပမာအားဖြင့် လိမ္မော်ဖျော်ရည် တစ်ခွက်မှာ ၁၂၀ ကယ်လိုရီနဲ့ သကြား ၂၀ ဂရမ် ပါဝင်ပါတယ် ။ ခွက်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရင်တော့ ဒီပမာဏတွေကို လျှော့ချနိုင်မှာပါ ။ ခွက် အတိုထက် ခွက် အရှည်ထဲကို ထည့်သောက်တဲ့အခါ ၂၀% ကနေ ၃၀% အထိ ပိုသောက်မိကြပါတယ် ။

၃။ အစားကို အချိန်နဲ့စားပါ

သင်ဟာ ထမင်းကို မြန်မြန်စားတဲ့အခါ ပိုစားမိသွားတတ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဗိုက်ပြည့်ပြီဆိုတဲ့ အသိပေးချက်ကို ဦးနှောက်က မရရှိလို့ပါ ။ စားရင်မိနစ် ၂၀ လောက်ကြာအောင် ဖြည်းဖြည်း စားသင့်ပါတယ် ။

၄။ ရေနွေးနဲ့ရေချိူးပါ

ရေနွေးနဲ့ ရေချိုးတာက ပင်ပန်းမှုကို မပျောက်စေပါဘူး ။ ဒါပေမယ့် ကိုယ်အလေးချိန်တော့ ကျစေပါတယ် ။ ရေနွေးနဲ့ ရေချိူးတဲ့အခါ ၁၃၀ ကယ်လိုရီ လောင်ကျွမ်းပါတယ် ။ လောင်ကျွမ်းတဲ့ ကယ်လိုရီ ပမာဏက မိနစ် ၃၀ လမ်းလျှောက်လို့ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏနဲ့ တူတူပါပဲ ။ ဒါ့အပြင် ရေနွေးနဲ့ ရေချိူးအပြီးမှာ ပျမ်းမျှ သကြားဓာတ်ကလည်း ၁၀% လျော့ကျသွားပါတယ် ။

၅။ သစ်သီးတွေကို ပန်းကန်လုံးနဲ့ထည့်ပြီး စားပွဲပေါ် တင်ထားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေတွေ့ရင်တော့ သင်စားချင်မှာပါ ။ အဲ့ဒီတော့ ဓာတ်ပုံရိုက်ထားတဲ့ အသီးတွေထက် အသီးအစစ်တွေကို မြင်အောင်ထားတာက အလေးချိန်ကျစေပါတယ် ။

၆။ စားပွဲရဲ့အစွန်ဆုံးမှာ ထိုင်ပါ

စားပွဲအရှည်ကြီး ၊ အကြီးကြီးနဲ့ ပြုလုပ်ထားတဲ့ ပါတီပွဲ ၊ ညစာ စားပွဲတွေမှာ ဒီနည်းက အသုံးဝင်ပါတယ် ။ အရသာရှိတဲ့ အစားအစာတွေ ဝိုင်းနေတဲ့ နေရာနားမှာ ထိုင်ရင်တော့ စားမိမှာ အသေအချာပါပဲ ။ စားပွဲရဲ့အစွန်ဆုံးမှာ ထိုင်ရင်တော့ စားချင်တဲ့ အစားအစာကို လှမ်းယူစားမို့ ခက်လို့ သိပ်စားဖြစ်မှာ မဟုတ်တော့ပါဘူး ။

၇။ နေ့စဉ် အသီးအရွက်တွေကို စားပါ

မွေးနေ့ပွဲတွေမှာ ကရင်မ်များတဲ့ ကိတ်တွေ ကျွေးလေ့ ရှိပါတယ် ။ တကယ်တော့ ဒီအစားအစာတွေက အာဟာရ မပါဝင်ဘဲ ကယ်လိုရီပါဝင်မှု များပါတယ် ။ အဲဒါကြောင့် ပန်းဂေါ်ဖီစိမ်းကို ဆားမပါပဲ ပြုတ်စားခြင်းဟာ နေ့စဉ်ရဲ့ အကောင်းဆုံး အစားအစာပါ ။

၈။ အစားအစာတွေကို အတုံးသေးသေးလေး တုံးပြီးစားပါ

အစားအစာတွေကို အတုံးသေးသေးလေးတွေ တုံးပြီး စားခြင်းက ပိုပြီးများတယ်လို့ ထင်ရစေပါတယ် ။ ဒီလိုဆိုရင် မြန်မြန် ဗိုက်ပြည့်လွယ်ပြီး ပိုပြီး မစားမိတော့ပါဘူး ။ ပြီးတော့ ပန်းကန်သေးသေးလေးနဲ့ပဲ စားပါ ။

၉။ တီထွင်ပြီး စားပါ

နေ့လည်စာကို ဘယ်လို ဆန်းဆန်းပြားပြား လုပ်စားရမလဲလို့ တွေးခြင်းက အစားနည်းစေပါတယ် ။ အစားအစာတွေကို ဆန်းပြားအောင် စဉ်းစားနေတာနဲ့ပဲ စားချင်စိတ်က ပိုမို နည်းသွားတတ်တယ်လို့ Carnegie Mellan တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောပါတယ် ။

ဖိုးသူတော် (www.phothutaw.com)

Credit:Brightside

#

Tags:
  • ,

Latest Comments

Leave a Comment