Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သင်ပေးစရာမလိုလောက်အောင် အသည်းယားစရာ စတိုင်အမျိုးမျိုးနဲ့ ပို့စ်ပေးကြမ်းနေတဲ့ ဖွေးစိန်ပေါက်စလေး ထိပ်ထားသခင်

Image



သင်ပေးစရာမလိုလောက်အောင် အသည်းယားစရာ စတိုင်အမျိုးမျိုးနဲ့ ပို့စ်ပေးကြမ်းနေတဲ့ ဖွေးစိန်ပေါက်စလေး ထိပ်ထားသခင် လတ်တလောမှာ ပရိသတ်တွေအပြင် အနုပညာရှင်တွေအားလုံးရဲ့ အချစ်တော်လေးနေရာကို ရရှိထားသူကတော့ မော်ဒယ်ပေါက်စလေး ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးက အသက် ၃နှစ်ကျော်ဝန်းကျင်သာရှိသေးတဲ့ ကလေးလေးဆိုပေမယ့် လူကြီးလေးလို စကားတတ်ပြီးလည်သလို သီချင်းလေးတွေကိုလည်း မရိုးနိုင်အောင် သီဆို၊သရုပ်ဆောင်ပြတတ်တာကြောင့် ခဏလေးအတွင်းမှာတင် အနုပညာရှင်တစ်ဦးအဖြစ် အားလုံးရဲ့အသိအမှတ်ပြု အားပေးခြင်းခံခဲ့ရပါတယ်။

သူ့ကိုယ်သူ ဖွေးဖွေးပေါက်စလေးလို့ ပြောလေ့ရှိတဲ့ ထိပ်ထားက ဖွေးနဲ့အတူ ” Hearty Heart” အလှကုန်ကြော်ငြာကို အတူရိုက်ကူးခဲ့ရသလို ဖွေးရဲ့ချစ်ခင်ရင်းနှီးမှုတွေကိုလည်း ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကလေးလေးဆိုပေမယ့် တစ်စက်ကလေးတောင် ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရင့်တဲ့ထိပ်ထားလေးက အခုဆိုရင် မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိပ်ထားက မီဒီယာနဲ့အနုပညာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး အရွယ်လေးနဲ့မလိုက်အောင် အလုပ်တွေကြိုးစားပြီး လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။

ထိပ်ထားလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုကိုအပြည့်အဝရရှိထားသူလေးဖြစ်ပြီး အခုလည်း ဖရဲသီးလေးလို လုံးလုံးဝိုင်းဝိုင်းနဲ့ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ အိုက်တင်စတိုင်တွေကို သင်ပေးစရာမလိုလောက်အောင် တတ်ကျွမ်းတဲ့ ထိပ်ထားလေးကို အသည်းယားစရာကောင်းတဲ့ ပုံစံအမျိုးမျိုးနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ်ပေါက်စလေး ထိပ်ထားသခင်ရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Myanmarload TV ;

ဖိုးသူတော် (www.phothutaw.com)

Credit: PoPin

#

Latest Comments

Leave a Comment

Related News