Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သင့် ဖုန်း ကို သူများမဖွင့်နိုင်မယ့် lock screen များ ...!

Image



သင့် ဖုန်း ကို သူများမဖွင့်နိုင်မယ့် Lock Screen များ

မိမိ ရဲ့ဖုန်း ကို လုံခြုံစိတ်ချစွာ သုံးနိုင်ဖို့ Lock ချထားသင့်ပါတယ်။ စမတ်ဖုန်း တိုင်းမှာပါတဲ့ Lock တွေကတော့ အမျိုးမျိုးပါပဲ။ မိမိနှစ်သက်ရာ ရွေးချယ်သော့ခတ်လို့ရပေမယ့် လုံခြုံမှု ပိုင်းဆိုင်ရာမှာ ဘယ် Lock က အကောင်းဆုံးဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

 

ဒါတော့ ဖုန်း Screen ကို ပွတ်လိုက်တာနဲ့ ပွင့်သွားတာမျိုးပါ။ လုံးဝစိတ်မချရပါဘူး။

သင့်ဖုန်းကို သူများမဖွင့်နိုင်မယ့် lock screen များ

Pattern

အစက်လေးတွေပေါ်မှာ မိမိ နှစ်သက်တဲ့ မျဉ်းလေးတွေ ဆက်ဆွဲရတာ ဖြစ်ပါတယ်။ ရှုပ်ထွေး တယ် ထင်ရပေမယ့်လို့ Lock ဖြေတဲ့နေရာမှာတော့ အလွယ်တကူ ဖြေလို့ရပါတယ်။ သူကလည်း သိပ်စိတ်မချရပါဘူး။



Password


သူကတော့ မိမိနှစ်သက်ရာ ဂဏန်း အက္ခရာတို့နဲ့ သော့ခတ် နိုင်ပါတယ်။သင့် ဖုန်း အခိုးခံရပြီဆိုရင်တောင် Pattern ထက်စာရင်တော့ Password ချထားရင် သူများက လွယ်လွယ် ဖွင့်မရပါဘူး။



 Face Unlock


Face Unlock ကျတော့ မိမိမျက်နှာကလွဲရင် တခြားလူ ဖွင့်လို့မရနိုင်ပါဘူး။ မိမိနဲ့ အနည်းငယ်ဆင်တဲ့ ဆွေမျိုးသားချင်း မျက်နှာဆိုရင်တော့ ရံဖန်ရံခါ ပွင့်တတ်ပါတယ်။

တခါတလေမှာတော့ သင် ထည့်ထားတဲ့ Unlock Face နဲ့ အိပ်ရာ နိုးချိန် ဖွင့်တဲ့ Unlock Face မတူရင်တောင်မှ ဖုန်းက ပွင့်မလာတော့ပါဘူး။ ဒါကို သုံးမယ်ဆိုရင်တော့ မျက်နှာ ကို သတိထားရပါမယ်။



 Fingerprint


Lock တွေထဲကမှ နောက်ဆုံး Update ဖြစ်ပြီး စိတ်အချရဆုံးတစ်ခုပဲ ဖြစ်ပါတယ်။ ဖုန်းတိုင်းမှာတော့ မပါသေးပါဘူး။ Sensor ပါတဲ့ ဖုန်း တွေမှာတော့ အပေါ်က Lock တွေ မသုံးဘဲ သင့် Fingerprint သာ သုံးမယ်ဆိုရင် စိတ်ချရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: my tech 

Latest Comments

Leave a Comment

Related News