Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သင့်ရဲ့ နားရွက်ပုံသဏ္ဍန်ကပြောတဲ့သင့်စိတ်နေစိတ်ထား

Image



လူတွေမှာ နားပုံစံအမျိုးမျိုးရှိကြပါတယ်နော်။ အဲဒီနားပုံစံလေးတွေကနေ သင့်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြနေပါတယ်။ ဒီဖော်ပြချက်ဟာ စိတ်ပညာဆိုင်ရာအရ မှန်တယ်လို့ သက်သေမပြနိုင်ပေမယ့်လည်းတိုက်ဆိုင်မှုတွေ အနည်းငယ်ပဲဖြစ်ဖြစ် ပါနေတာကိုတော့ ငြင်းလို့မရနိုင်ခဲ့ဘူးလို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

၁။ နား၀ိုင်း၀ိုင်း

နားပုံစံက ၀ိုင်းနေတယ်ဆိုရင် သင်ဟာ သင့်ကိုယ်သင် ချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချီးကျူးတာကိုလည်း ကြိုက်နှစ်သက်သူပါ။ လူတိုင်းအပေါ်မှာလည်း သင်ကောင်းကောင်းဆက်ဆံတာကြောင့် သင့်ကိုလည်း လူတွေက သဘောကျကြပါတယ်။ သင်စိတ်၀င်စားတဲ့အရာတစ်ခုရှိပြီဆိုရင်လည်း လုပ်ဖို့ စိန်ခေါ်ရဲသူတစ်ယောက်ပါပဲ။

၂။ လေးထောင့်ပုံစံ

သင်ဟာ ရှေးရိုးစွဲလူတစ်ယောက်ဖြစ်ပြီး တာ၀န်ယူမှုရှိတဲ့သူတစ်ယောက်ပါပဲ။ တစ်ခုခုကို သေချာဂရုစိုက်ပြီး တာ၀န်ယူမှုအပြည့်နဲ့ လုပ်တတ်သူပါ။ တည်ငြိမ်တဲ့ဘ၀ကိုနှစ်သက်သူဖြစ်ပါတယ်။

၃။ စိန်ပုံစံ

သင့်ရဲ့ နားရွက်ပုံစံက စိတ်ပုံစံမျိုးဖြစ်နေတယ်ဆိုရင် သင်ဟာ လူအများစု မတွေးတတ်တဲ့ လုပ်ဆောင်မှုတွေ အတွေးတွေကို တွေးတတ်သူပါ။ သင်ဟာ သင့်ရဲ့ စိတ်ခံစားချက်အတိုင်း လုပ်ဆောင်လေ့ရှိသူဖြစ်ပါတယ်။ သင်စိတ်ပါရင်လုပ်တယ်။ စိတ်မပါရင်မလုပ်တတ်တဲ့သူပါ။ ဒါ့ကြောင့် တခါတလေမှာ သင့်မိတ်ဆွေသူငယ်ချင်းတွေကို နားလည်ရခက်စေပါတယ်။

၄။ လခြမ်းလေးလို ပုံစံ

သင်ဟာ သင့်အမြင်ထက် တခြားသူရဲ့ ထင်မြင်ယူဆမှုကို အလေးထားတတ်တဲ့သူပါ။ သင်ဟာ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး ရိုးသားသူဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကို လူတွေက ယုံကြည်ကြပါတယ်။

၅။ စတုဂံပုံစံ

သင့်ရဲ့ နားလေးက စတုဂံပုံစံလေးဖြစ်နေရင်တော့ သင်ဟာ သင့်ရဲ့ ဦးတည်ချက်ကိုလုပ်ဆောင်ဖို့ အစီစဉ်စွဲလေ့ရှိပြီး ပြီးမြောက်အောင် ဆောင်ရွက်လေ့ရှိသူပါ။ သင်မလုပ်နိုင်တဲ့အရာဆိုရင် လုပ်နိုင်တယ်လို့ ကိတိပေးလေ့မရှိပါဘူး။

၆။ တြိဂံပြောင်းပြန်ပုံစံ

နားရဲ့ အပေါ်ထိတ်ပိုင်းကကြီးပြီး နောက်ပိုင်းကသေးနေတယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ထားဟာ ရိုးရှင်းတယ်။ စပ်စုလိုစိတ်ရှိတယ်။ အသစ်အသစ်တွေကို စိတ်၀င်စားတယ်။ သင်ဟာ မိတ်ဆွေအပေါင်းအသင်းများများနဲ့ Social ကျတဲ့ဘ၀ကို နှစ်သက်သူပါ။ သင်ဟာ လိမ္မာပါးနပ်သူဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အစီစဉ်တွေ မအောင်မြင်ဘူးဆိုရင် စိတ်ဆိုးတတ်တဲ့သူတစ်ယောက်ပါ။

၇။ တြိဂံပုံစံ

နားရဲ့ အောက်ပိုင်းကကြီးပြီး အပေါ်ပိုင်းသေးတယ်ဆိုရင်တော့ သင်ဟာ သိမ်မွေ့ပြီး ရက်ရောတဲ့သူတစ်ဦးဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို မြတ်နိုးတန်ဖိုးထားပြီး တစ်ယောက်တည်းအထီးကျန်ရမှာကြောက်တဲ့သူပါ။ ပြဿနာတစ်ခုကိုလည်း အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းတတ်တဲ့သူပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: Mystyle

Tags:

Latest Comments

Leave a Comment

Related News