Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သင့်ဗိုက်ခေါက် ထူနေရခြင်းရဲ့ အကြောင်းရင်း (၆) ခု

Image



ဗိုက်ခေါက်ကြီးထူပြီး ဗိုက်ပူနေခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ

မလိုလားတဲ့အရာပါ။ အချို့ဆိုရင် အစားလည်း များများမစားဘဲနဲ့

ဗိုက်ခေါက်ထွက်နေကြတာမျိုးလည်း ရှိပါတယ်။ ဗိုက်ခေါက်ထူနေရခြင်းရဲ့

အကြောင်းရင်းတွေထဲက ၆ ခုကို ရေးသားလိုက်ပါတယ်။ တကယ်လို့

ပြုပြင်လို့ရမယ်ဆိုရင် အချိန်မီပြုပြင်ပြီး ထွက်နေတဲ့ဗိုက်ကို

တားဆီးနိုင်ပါလိမ့်မယ်။

(၁) ချိုလွန်းတဲ့အစားစာတွေ

သကြားနဲ့ အချိုဓာတ်ကဲတဲ့ အစားအစာတွေက သင့်ရဲ့ဗိုက်ခေါက်ထူနေရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ။

(၂) သွေးဆုံးခြင်း

အမျိုးသမီးတွေမှာ

သွေးဆုံးချိန်ရောက်လာရင်လည်း အလိုလိုနေရင်း ဗိုက်ခေါက်ထူလာတတ်ပါတယ်။

အမျိုးသမီးတွေဟာ အသက် ၄၅ နှစ်မှ ၅၅ နှစ် ဝန်းကျင်မှာ ဓမ္မတာစီးဆင်းမှု

ရပ်ဆိုင်းပြီး သွေးဆုံးလေ့ရှိပါတယ်။

(၃) ဆီ

ဆီများတဲ့အစားအစာတွေနဲ့

ဆီကြော်မုန့်တွေကလည်း ဗိုက်မှာအဆီတွေ စုနေစေပါတယ်။ အထူးသဖြင့်

အာလူးကြော်ကတော့ ဗိုက်ခေါက်ထူစေတဲ့ အဓိက အစားအစာတစ်မျိုးပါပဲ။

(၄) မျိုးရိုးလိုက်ခြင်း

မျိုးရိုးစဉ်ဆက်အရ ဗိုက်ခေါက်ထူကြတယ်ဆိုရင်တော့ သင့်ဗိုက်ခေါက်ကလည်း ထူလာဖို့များပါတယ်။

(၅) ဘီယာ

ဘီယာကြိုက်မှတော့ ဘီယာဗိုက်တွေ ဖြစ်ပြီပေါ့။

(၆) အထိုင်များခြင်း

ထမင်းစားပြီးပြီးချင်း ထိုင်နေရတာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတွေဟာ ဗိုက်ခေါက်ထူဖို့ ဖြစ်လာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Myawady Health

Latest Comments

Leave a Comment

Related News