Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သင့်ကိုယ်သင် ပြုပြင်ရမယ်လို့ ဖော်ပြနေတဲ့အချက် (၅) ချက်

Image



စာဖတ်သူအနေနဲ့ အခုအောက်မှာ ဖော်ပြမယ့် အကျင့်စရိုက်လေးတွေ ရှိနေတယ်ဆိုရင် သင့်ဘ၀ ပျော်ရွှင်တော့မှာမဟုတ်သလို လုံခြုံစိတ်ချမှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကျင့်ဆိုးတွေကို ပြင်သင့်ပါတယ်။

၁။ တခြားသူအကြာင်းမကောင်းပြောခြင်း

တခြားသူတွေရဲ့ အကြောင်းကို အမြဲတမ်း မကောင်းပြောဖို့ပဲ စဉ်းစားနေတယ်ဆိုရင် သင်ဘယ်လိုမှ စိတ်ချမ်းသရမှာမဟုတ်ပါဘူး။ အခုလို တခြားသူတွေကို အမြဲေ၀ဖန်တတ်နေရင် သင့်ကိုသင် ပြုပြင်ပြောင်းလဲလိုက်ပါ။

၂။ ဘ၀ကို မကောင်းတဲ့ဘက်ကပဲ မြင်နေတယ်။

ဘ၀ကို မကောင်းတဲ့ဘက်ကပဲ အမြဲတမ်းတွေးနေ စဉ်းစားနေတယ်ဆိုရင် ဘာမှမဟုတ်တာလေးကိုလည်း မကျေနပ်တာ စိတ်ဆိုးတာမျိုးဖြစ်တတ်တယ်ဆိုရင် သင့်ကိုယ်သင်အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။

၃။ တခြားသူတွေဆီက အရမ်းမျှော်လင့်တယ်။

တခြားတစ်ယောက်ဆီက ကိုယ်ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြီးမားမားထားတယ်ဆိုတာ မကောင်းပါဘူး။ သင်က ပေးဖို့မစဉ်းစာဘဲ ရယူလိုဖို့ပဲ စဉ်းစားနေတယ်ဆိုရင် သင့်စိတ်နေစိတ်ထားကို ပြင်ဆင်သင့်ပါတယ်။

၄။ သင့်ကိုယ်သင် ဒရမ်မာချိုးလွန်းတယ်။

တချို့သူတွေက သူ့တို့ဘ၀ ဇာတ်မနာနာအောင်၊ သနားလာအောင် အမျိုးမျိုး ဒရမ်မာချိုးပြောတတ်ကြပါတယ်။ ဒီလိုအလေ့အကျင့်တွေကို ရှောင်သင့်ပါတယ်။

၅။ အမြဲတမ်းလိမ်ပြောနေတယ်။

လိမ်တယ်ဆိုတာ ကောင်းတဲ့စိတ်ကူးတစ်ခုမဟုတ်ပါဘူး။ သေးသေးလေးကိုပဲလိမ်လိမ် ကိစ္စကြီးကြီးကိုပဲလိမ်လိမ် သင့်ကိုပဲ ထိခိုက်နာကျင်စေပြီး တခြားသူတွေ သင့်ကို ယုံကြည်တော့မှာမဟုတ်ပါဘူး။

ဒီလိုအကျင့်ဆိုးတွေ ဘယ်ကရလာလဲ။

တစ်ချို့သူတွေက အရင်အခုလို စိတ်နေသဘောထားမျိုးမရှိကြပေမယ့် အပေါင်းအသင်းကြောင့် ကိုယ်အရင်းနှီးဆုံးသူရဲ့ သွေးထိုးစကားတွေကြောင့် အခုလို ပြောင်းလဲသွားတတ်ပါတယ်။ အချိန်မီပြင်ဆင်ပြီး အခုလို အဆိပ်အတောက်ဖြစ်စေတဲ့ သူငယ်ချင်းတွေကို အကောင်းဆုံးဖယ်ခွာတာ၊ ဒါမှမဟုတ် သူတို့ကို အကြံဉာဏ်ပေးပြုပြင်ပေးတာမျိုး လုပ်သင့်ပါတယ်။ သင့်မှာ အခုလို စိတ်နေသဘောထားမျိုးရှိနေရင် သင်ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်သလို မိတ်ဆွေကောင်းတွေလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)

Credit: Mystyle

Latest Comments

Leave a Comment

Related News