Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဝိတ်မတက်စေဖို့ ညအိပ်ရာဝင်ခါနီး ရှောင်ကြဉ်သင့်တဲ့အရာများ

Image



ဝိတ်လျော့ဖို့အတွက် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သင့်ပြီး အစားအသောက်ကိုလည်း သင့်တင့်မျှတစွာ စားသုံးနေတယ်ဆိုပေမယ့် ဝိတ်က ဘယ်လိုကြောင့် မကျဘဲ ပိုတက်လာရသလဲ ဆိုတာကို အဖြေရှာရ ခက်နေပြီလား။ ဒါဆိုရင်တော့ ညအိပ်ရာဝင်ခါနီးမှာ သင်ပြုလုပ်မိနေတဲ့ မှားယွင်းတဲ့ အပြုအမူတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝိတ်မတက်ချင်ဘူး၊ ကိုယ်အလေးချိန်ကို ထိန်းထားချင်တယ် ဆိုရင် တော့ ညအိပ်ခါရာဝင်ခါနီးမှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပရိုတိန်းရှိတ်သောက်ပါ

ညအိပ်ရာဝင်ခါနီးမှာ ဆိုဒါပါတဲ့ အဖျော်ယမကာတွေ သောက်သုံးမယ့်အစား ပရိုတိန်းရှိတ်ကိုသာ ရွေးချယ် သောက်သုံးလိုက်ပါ။ အထူးသဖြင့် Muscle Built လုပ်နေသူတွေအနေနဲ့ ညအိပ်ရာဝင်ခါနီး အချိန်တွေမှာ ပရိုတိန်းရှိတ်ကို သောက်သုံးနိုင်ပါတယ်။

(၂) ညစာနည်းနည်းသာစားပါ

ညစာကို ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ မစားသင့်ပါဘူး။ ညအိပ်ရာမဝင်ခင် ၃ နာရီလောက်ခြားပြီး ညစာကို စားသုံးသင့်ပါတယ်။ နောက်ပြီး ညစာကို စားတဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အစိတ် အပိုင်း လောက်သာ စားသုံးဖို့ အကြံပြုပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ညအိပ်ရာဝင်တဲ့အခါ ကယ်လိုရီလောင်ကျွမ်းမှု နှောင့်နှေးသွားတဲ့အတွက် ဝိတ်တက်လာစေနိုင်တဲ့အတွက်ကြောင့်ပါ။

(၃) အရက်သေစာသောက်သုံးခြင်းရှောင်ကြဉ်ပါ

အရက်သေစာသောက်သုံးပြီး ညအိပ်ရာဝင်တတ်တဲ့ သူတွေက ကိုယ်အလေးချိန် မြှင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အယ်လ်ကိုဟောကြောင့် ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေက ပုံမှန် မဟုတ်တော့တဲ့ အတွက် ကိုယ်အလေးချိန်တိုးလာတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဝိုင်တစ်ခွက်လောက် သောက်သုံးတာက ကိစ္စမရှိပေမယ့် အရက်၊ ဘီယာ အလွန်အကျွံသောက်သုံးပြီးတော့ အိပ်ရာမဝင် သင့်ပါဘူး။

(၄) အိပ်ချိန်ကို ကန့်သတ်ထားပါ

ညအိပ်ရာဝင်ချိန်ကို ဘယ်အချိန်သတ်မှတ်မယ်၊ တစ်နေ့ကို အိပ်ချိန် ၇ နာရီ ဒါမှမဟုတ် ၈ နာရီလောက် သတ်မှတ်မယ်၊ စသဖြင့် အချိန်ကန့်သတ်ထားဖို့ လိုပါတယ်။ အိပ်ချိန်ကို ပုံမှန်အတိုင်း မသတ်မှတ်ဘဲ အိပ်တာကလည်း သင့်ရဲ့ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်နဲ့ ကယ်လိုရီလောင်ကျွမ်း နိုင်မှုကလည်း ပုံမှန်အတိုင်းမလည်ပတ်နိုင်တော့တဲ့အခါ ဝိတ်တက်လာရခြင်းပဲ ဖြစ်ပါတယ်။

(၅) လေ့ကျင့်ခန်းမလုပ်ပါနဲ့

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာက အဆီပိုတွေကို လောင်ကျွမ်းစေတာမှန်ပေမယ့် ညဘက် အိပ်ရာဝင်ခါနီး အချိန်တွေမှာတော့ မပြုလုပ်သင့်ပါဘူး။ ညအိပ်ရာဝင်ခါနီး ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်မိပြီဆိုရင် စိတ်ခွန်အားတက်ကြွလာပြီး ညဘက်အိပ်မပျော်တာမျိုး ဖြစ်သွားတတ်ပါတယ်။ ညဘက်အိပ်မပျော်တာကလည်း ဝိတ်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)

Credit: မြန်မာပလပ်ဖောင်း

#

Tags:
  • ,

Latest Comments

Leave a Comment