Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဝမ်းဗိုက်အဆီ လျော့ကျစေမည့် အလွယ် နည်း ၉ သွယ်

Image



ဝမ်းဗိုက်မှာ အဆီ တွေစုပြီး ဗိုက်ပူ နေလို့ စိတ်ညစ် နေသူ တွေ အတွက် ဗိုက်ပူ တာလျော့ကျ အောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းအားလုံးဟာ ကိုယ်အ လေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့် ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ်ဖို့ လို အပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စုသုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေ ခဲ့ရာ ကယ်လိုရီလောင်ကျွမ်းပုံချင်း တူပေ မယ့် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ် ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ စွမ်းအားမြှင့်လေ့ကျင့် ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ

ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီ ချပေးတာက ထိုင်-ထလေ့ကျင့်ခန်းလုပ် သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အ ဆီကို သိသိသာသာ လျော့ကျစေတာကို တွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ

စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှုရှိတာက ဝမ်းဗိုက်အဆီ တိုးတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ညဘက် မှာ ကော်တီဆောဟော်မုန်းအဆင့် လျော့ ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအ လိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အ နားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဉ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင် သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ

တစ်ညမှာ ၅-၆နာရီခန့်ပဲ အိပ်တဲ့ သူတွေက တစ်ညမှာ ၇-၈နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာ တစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာတွေ့ ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာ လောင်မှုတိုးစေတဲ့ Ghrelina ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့် တားပေးတဲ့Leptina ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ် ” လို့ အိပ်စက်မှု ဆိုင်ရာပညာရှင် ဒေါက်တာ စတန်လေ က ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်း နယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက် ဒရိတ်အစာကို များများစားမိတာကြောင့် ဗိုက်ပူလာရတာဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ

တစ်နေ့မှာ ရှလကာရည် ထမင်းစား ဗိုက်ပူတာ ငါးရာခိုင်နှုန်းလျော့ကျမှု ရှိစေ တယ်လို့ ဂျပန်သုတေသီတွေက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရ မယ့်နည်းကတော့ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီ ယမ် ၁၁၀ဝမီလီဂရမ်လောက်ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်းလျော့ကျ မှု ရှိတာကို တင်နက်ဆီးတက္ကသိုလ်မှ လေ့ လာတွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံ စာ (ဥပမာ- ဆန်လုံးညို၊ခေါက်ဆွဲညို)နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး)စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပို တွေ စုနေတာနဲ့ အကြီးအကျယ်ဆက်စပ် မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိ စီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာ လို့ပါ။ ကော်တီဆော အထွက်များတာ က အင်ဆူလင်ထွက်နှုန်းတိုးစေပြီး အဆီ တွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီ တာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဗီတာမင်ဒီမလုံလောက်တာ ကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါ တယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေး လိပ်ဖြတ်ပါ

ဆေးလိပ် သောက်တာဟာ ဗိုက်ပူ စေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်း ရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲ မှာ အီစထရိုဂျင်ဟော်မုန်းရဲ့ လုပ်ဆောင် မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူ တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:  Good Health

Latest Comments

Leave a Comment

Related News