Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို အမိန့်ချတော့မည်

Image



ထိုင်းနိုင်ငံလိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရသည့် အမှုအတွက် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို ယခုလပိုင်းအတွင်း အမိန့်ချမှတ်ဖွယ်ရှိနေကြောင်း ဝင်းနှင့်ဇော်အရေး ကူညီဆောင်ရွက်ပေးနေသူဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၃ရက်ကပြောပါတယ်။

လက်ရှိတွင်ဝင်းနှင့်ဇော်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ၄င်းတို့နှစ်ဦးကို သွားရောက်တွေ့ဆုံရန် စီစဉ်နေကြောင်း ၄င်းကရှင်းပြသည်။

ဒီလပိုင်းအတွင်းမှာ ချမယ်ပြောပါတယ်ခင်ဗျ ကျွန်တော်တို့ဥပဒေအရ ၁၄ရက်ကြိုပြီး ကျွန်တော်တို့ဆီအကြောင်းကြားစာပို ့ပါတယ်။ ကျွန်တော်တို့ခဏစောင့်ပေးရမှာပါ။အဲဒီစာရတာနဲ့ တရားခွင်မှာ သွားပြီးနားထောင်ဖို ့ပါ ဟု ဦးအောင်မျိုးသန့်က ပြောပါတယ်။

မတ်လအတွင်းကပင် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီး နောက်ထိုင်းနိုင်ငံဥပဒေအရ ခြောက်လခန့်အကြာတွင် အမိန့်ချမှတ်လေ့ရှိသည့်အတွက် ယခုလပိုင်းအတွင်အမိန့်ချမှတ်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်းလည်း ဦးအောင်မျိုးသန့်ကရှင်းပြသည်။

လက်ရှိအယူခံမှာ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ တင်ထားပြီး ယခုတရားရုံးကသေဒဏ်ကို ဆက်လက်အတည်ပြုပါက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်နည်းလမ်းတစ်မျိုးသာ ရှိတော့ကြောင်း သိရသည်။

ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းကို ကော့စမီတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသေဒဏ်အတွက် အယူခံတင်ခြင်းကို ပယ်ချခံရပြီးနောက် ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးတရားရုံးသို့ အယူခံဆက်လက်တင်ခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: ပြည်မြန်မာဂျာနယ်

#

Tags:
  • ,

Latest Comments

Leave a Comment