Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လေပြင်​းဒဏ်​​ကြောင်​့ ​ညောင်ပင်မှလဲကျခဲ့ရာ မိခင်​ဖြစ်​သူ​သေဆုံး သမီးဒဏ်​ရာရ

Image



ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တွင် မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က ညောင်ပင်လဲကျရာမှ လူသေဆုံးခဲ့ပါတယ်​။

ဖြစ်စဉ်မှာ ဖြူးမြို့ ဘူတာတောင်ရပ်ကွက် ၂၁လမ်းလမ်းဘေးရှိ လုံးပတ်ပေ ၂၀. အမြင့် ၅၀ ပေရှိညောင်ပင်သည်လေပြင်းတိုက်ခတ်မှု​ကြောင့်အနီးရှိစျေးဆိုင်ပေါ်သို့လဲပြိုကျခဲ့ရာ နေအိမ်စျေးဆိုင်ထဲတွင်ရှိတဲ့ အိမ်ပိုင်ရှင် ဦးအောင်စိုးနဲ့ အတူဇနီးဖြစ်သူ ဒေါ်ဒီပါဝလီ(ခ)ဖြူဖြူဝင်း ၃၅ နှစ် သမီးဖြစ်သူ မကဗျာ ၅ နှစ်တို့မှာပိတ်ပိနေခဲ့တာဖြစ်​ပါတယ်​။

သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများ မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးအဖွဲ့များ ပြည်သူများမှစုပေါင်းကြိုးစား၍ကယ်ထုတ်ခဲ့ရာ ၇ နာရီ ၅မိနစ်တွင်ကယ်ဆယ်နိုင်ခဲ့ပြီး ဒေါ်ဖြူဖြူဝင်းမှာ သတိလစ်မေ့မြောနေပြီး သမီးဖြစ်သူ မကဗျာမှာခြေထောက်ပွန်းပဲ့ခဲ့ပါတယ်​။ ဆေးရုံသို့ရောက်ရှိချိန်တွင်ဒေါ်ဖြူဖြူဝင်းမှာနှလုံးခုန်ရပ်ကာသေဆုံးသွားခဲ့ပြီး မကဗျာမှာ(မစိုးရိမ်ရ)လူနာအဖြစ်ဆေးကုသမှုခံယူနေတယ်​လို့ သိရပါတယ်​။

"ဖြစ်တာကခုညနေ ၆နာရီ ၅ မိနစ်ကပါ သတင်းကြားကြားချင်းကျနော်တို့အဖွဲ့တွေ တန်းသွားတော့အပင်ကကြီးတော့မနိုင်ဘူး အဲ့ဒါနဲ့အမြန်လမ်း ၁၁၅ ကကယ်ဆယ်ရေးအဖွဲ့တွေကိုဖုံးဆက်ပြီးအကူညီတောင်း ပြီးတော့အဖွဲ့စုပြီးမြေကျင်းတူးတယ် ကရိန်ရောက်လာလို့ မပြီးထိန်းပေးထားတယ် နှစ်ယောက်လုံးကိုကယ်ထုတ်နိုင်ပေမဲ့ဆေးရုံအရောက်မှမိခင်ဖြစ်သူကဆုံးသွားတယ် မြို့နယ်အတွင်းအခြားပျက်စီးမှု ​တော့မကြားသိရပါဘူး"ဟုကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သူမီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးမှအတည်ပြုပြောကြားခဲ့သည်။ ဖြစ်စဉ်နဲ့ပက်သက်ပြီး ဖြူးမြို့မရဲစခန်းမှသေမှု ​သေခင်းဖွင့်လှစ်ကာဆောင်​ရွက်​​နေပါတယ်​။

သတင်​း - ဖြိုးကိုလင်း(ညောင်ဝိုင်း)

5 PLUS NEWS

https://www.facebook.com/5plusnews







Latest Comments

Leave a Comment

Related News