Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လေကြောင်း တိုက်ခိုက်မှုကြောင့် ယီမင်ကလေးတွေသေဆုံး

Image



 ဆာဒါ ပြည်နယ်က ဒါယန်စျေးကို ဖြတ်သွားတုန်း ကျောင်းကား လေကြောင်း တိုက်ခိုက်ခံခဲ့ရ

ယီမင်နိုင်ငံ မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်တဲ့ ဒေသမှာ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ကျောင်းကားတစင်းကို ထိမှန်ပြီး ကလေး အများအပြား သေဆုံး ဒဏ်ရာ ရခဲ့ပါတယ်။

ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း အဲဒီ ကားကို ပစ်မှတ်ထား ခဲ့တာလို့ သတင်းရပ်ကွက် တွေက ပြောပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေဟာ ဟူသီ သူပုန်တွေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ယီမင် အစိုးရဘက်က အားပေး ကူညီနေတာပါ။

ထိခိုက်ဒဏ်ရာ ရသူတွေ အလုံးလိုက် အရင်းလိုက် ရောက်လာနေတာကို ကူဖို့ နောက်ထပ် အထောက်အပံ့တွေ ပို့ပေးမယ်လို့ ICRC ပြော

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဆေးရုံမှာ အလောင်း ၂၉ လောင်း ရောက်နေပြီး အဲဒီ အလောင်းတွေဟာ အသက် ၁၄နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ ICRC ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ဒဏ်ရာ ရသူက ၄၉ ယောက် ရှိပြီး အဲဒီထဲမှာ ကလေး အယောက် ၃၀ ပါတယ်လို့ ဆိုပါတယ်။

ဟူသီ သူပုန်တွေကတော့ တိုက်ခိုက်မှုအတွင်း လူ ၄၀ကျော် သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပူးပေါင်းတပ်ဖွဲ့ကတော့ သူတို့ဟာ မစ်ဆိုင်းဒုံး ပစ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆောင်ဒီအာရေဗျနိုင်ငံထဲ သူပုန်တွေ ရော့ကက် ဒုံးကျည် ပစ်လွှတ်ခဲ့တာကို လက်တုံ့ပြန် ခဲ့တာလို့ ပြောပါတယ်။

ကလေးတွေကို လူသားဒိုင်း လို သူပုန်တွေက အသုံးချခဲ့တာလို့ ဆိုပါတယ်။

BBC Burmese

https://www.bbc.com







Tags:
  • ,

Latest Comments

Leave a Comment