Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လူသားစားဖုတ် (သို့မဟုတ်) ဖုတ်ဘုရင်တို့ရဲ့ မာယာ

Image



ကျွန်တော်အခုပြောပြမှာကတော ့ဖုတ်ဝင်တဲ ့အကြောင်းပါ။ ကျွန်တော့်မိတ်ဆွေအန်တီတစ်ယောက်၏ ဖခင်ရဲ့ ့ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားတဲ့ ဖုတ်အကြောင်းပါ။ ကျွန်တော်မိတ်ဆွေအန်တီက မိသားစု သုံးယောက်ရှိပါတယ် ….သူ ့ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ်သား တစ်ယောက်နဲ ့ အတူနေထိုင် ကြပါတယ်…

အန်တီ့အမျိုးသားကတော ့ မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်နေပါတယ်… အဲဒီလိုနဲ့ နယ်မှာ နေတဲ ့့့အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူမိသားစုကိုလည်း စောင့်ရှောက် ရင်း မိမိမှာခံစားနေရတဲ့ ့သွေးတိုး၊ဆီးချိုရောဂါကို ရန်ကုန်မှာရှိတဲ ့ဆရာဝန်(အထူးကု)များနဲ ့ပြသဖို ့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီစဉ်နဲ ့သမီးရှိရာရန်ကုန်မြို့တော်ကြီးဆီကို တက်လာခဲ ့ပါတယ်။

ရန်ကုန်ကိုရောက်တော ့ချစ်စရာကောင်းတဲ ့မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊ မြေးလေး သွားချင်တဲ့ အားကစားကွင်းတွေလည်းလိုက်ပို ့နဲ ့အရမ်းကိုပျော်နေတာပေါ ့ဗျာ။ ဆေးခန်းကိုလည်း သွားပြီး ဆေးစစ်ကြတယ်။ဆေးစစ်ချက်အဖြေကတော့ ဆီးချိုကသိပ်မတက် ပေမဲ ့သွေးကတော့ တော်တော်တက်နေ တဲ့အတွက် ဆရာဝန်ကသွေးကျဆေးတွေပေးလိုက်ပြီး သွေးတက်စေနိုင်မယ့် အစားတွေ ရှောင်ဖို ့ သတိပေး လိုက် တယ်။ ဒီလိုနဲ ့အန်တီ့အဖေဟာ သမီးနဲ ့ မြေးနှစ်ယောက်ထဲကို စိတ်မချတာနဲ့ သားမက်ပြန်လာတဲ့ အချိန် အထိ ရန်ကုန်မှာခဏနေမယ်လို့ ့ဆုံးဖြတ်လိုက်တယ်….

တစ်ရက်တော့ ညနေ ညီအကိုမသိတသိအချိန်မှာ အဲဒီဘကြီးက အိမ်ရှေ ့မှာထိုင်ခုံနဲ ့ထိုင်နေရင်းမြေးလေးက သူ့သူငယ်ချင်းနဲ့ကစားနေတာကိုကြည့်နေရင်းရုတ်တရက်လဲကျသွား တယ်…. အဲဒါကိုမြင်တဲ ့ အိမ်ထဲက သမီးနဲ့ ကစားနေတဲ ့မြေးလေးတို ့့က အပြေးအလွှားရောက်လာပြီးတော့ ဘာဖြစ်တာလဲလို ့မေးလိုက်တယ်…

အဲဒီအခါဘကြီးကဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို ့ပြောပြီးအိမ်ထဲပြန်ဝင်သွားရာက… အဲအချိန်စပြီး အဲဒီဘကြီး ဟာအရမ်းပြောင်းလဲသွားတော့တာပဲ….အိပ်ခန်းထဲကအပြင်ကို သိပ်မထွက်တော ့ဘူး….အိမ်သားတွေနဲ့လည်း စကားသိပ်မပြောတော ့ဘူး… အမြဲတမ်းဘုန်းကြီးဆွမ်းလောင်းနေတဲ ့ဘကြီး၊ မနက်တိုင်းတရားခွေဖွင် ့နေတဲ့ သူဟာ ဆွမ်းလည်းမလောင်းတော့သလို တရားခွေလည်း မဖွင် ့တော ့ဘူး ။

သမီးဖြစ်သူကဘာလို ့ဆွမ်းမလောင်းတာလဲလို ့မေးရင် နေမကောင်းလို ့ခေါင်းမူးလို ့အကြောင်းပြတယ်…. သမီးက မနက်တရားခွေဖွင် ့ပြန်ရင်လည်း ဒေါသထွက်ပြီး နားညီးတယ် အိပ်လို ့မရဘူးဆိုပြီး သောင်းကြမ်းပြန် ပါရော… သူ ့သမီးကလည်း တစ်ခါမှသူ့အဖေအဲဒီလိုမဖြစ်ဖူးဘူးဆိုပြီး အရမ်းအံ ့သြနေတယ်။

 ဆေးခန်းပြဖို ့ ပြောပြန်ရင်လည်း ငါနေကောင်းသွားပြီ၊ ဘာမှမဖြစ်ဘူးလို့ပဲ ပြန်ပြောတယ်…ထမင်းစားချိန်ရောက်ရင်လည်း အရင်တုန်းကဆိုရင် သမီးနဲ ့မြေးနဲ ့အတူစားနေကျ ဘကြီးက အခုအခန်းထဲမှာ တစ်ယောက်တည်း စားတယ်။ နေ့လည်စာ သိပ်မစားဘူး….

ဟင်းသီးဟင်းရွက်ချက်ရင် ခံတွင်းပျက်နေတယ်ဆိုပြီး လုံးဝမစားဘူး…. အသားငါး ဆိုရင်တော့ အများကြီးစားတယ်တဲ့….. ့အရင်က အသားငါးသိပ်မစားတဲ ့သူဆိုတော ့သူ ့သမီးကလည်း အရမ်း ထူးဆန်းနေတယ်။

အဖေဘာစားချင်လဲလို ့သမီးကစျေးသွားခါနီးမေးရင် အမဲသားကျွေးပါလို ပြောတယ်…အဖေအမဲသား မစားဘူး မဟုတ်လားလို ့မေးရင် အဲဒါအရင်က…အခုကျန်မာရေးမကောင်းလိ့ု ့အားရှိအောင်စားပီလို ့ပြောတယ်တဲ့…

ဘာလဲ နင်ကငါ ့ကိုမသထာလို ့လားလို ့မျက်ထောက်နီကြီးနဲ ့ပြန်မေးသေးသတဲ့…. သူ ့သမီးကလည်း အဖေစိတ်ချမ်းသာအောင် ချက်ကျွေးပါတယ်။ အမဲသားတို့၊ ကြက်သားတို့ ချက်ကျွေးတဲ့နေ့ဆိုရင် ပြုံးရွှင်နေ တာပဲ…. အသီးအရွက်ချက်တဲ့နေ့ဆိုရင်တော့ ရန််လုပ်တယ်တဲ ့ဗျ…. အဲဒီလိုနဲ့ တစ်လခွဲလောက်ကြာ လာတယ် လေ။

ထူးခြားတာကအနှိပ်သည်ကို သုံးရက်တခါနှစ်ရက်တခါလောက်ခေါ်ခိုင်းတတ်တာပဲ…. သူ ့မြေးလေကိုရော၊ တခြား သူ့ကို လူမမာလာမေးတဲ ့လူတွေကိုလည်း နှိပ်ခိုင်းတယ်…. နောက်ပြီးတော့ နောက်နေ ့မနက် ဆွမ်းလောင်းဖို ့့အသားဟင်းတွေချက်ထားရင် ပျောက်ပျောက်သွားတယ်….

မီးဖိုထဲမှာ ထားတဲ ့ငါးရံ ့ခြောက် တွေ နဲ ့ဆတ်သားခြောက်တွေလည်း ပျောက်ကုန်တယ်တဲ့…. ပထမတော ့ကြောင်စားတယ်နေလိမ့်မယ်လို့ စွပ်စွဲတယ်တဲ့။ နောက်တော ့အန်တီလည်း သိပ်သင်္ကာမကင်းဖြစ်လာတယ််… ဖုတ်ဝင်နေတဲ ့ဘကြီးရဲ့ အနေအထားက တဖြည်းဖြည်းပိုဆိုးလာတယ်။

ဘယ်လောက်ထိဆိုးလာလဲဆိုရင် အန်တီတို ့အိမ်ကပေ၂၀၊ ပေ၆၀ အိမ်ဆိုတော ့ ဘေးအိမ်နဲ ့က အရမ်းနီး တယ်လေ…ခြံစည်းရိုးလည်းခတ်မထားတော ့ပုဏ္ဏရိတ်ပန်းပင်လေးတွေနဲ့ ခြံစည်းရိုးပုံလုပ် ထားတာဆိုတော့ အလွယ်တကူ တစ်အိမ်နဲ ့တစ်အိမ်ကူးလိုရတယ်။ ခေါင်းရင်းဘက်အိမ်မှာက ကြက်လေးငါးကောင် မွေးထား တယ်။ အဲဒီအိမ်ရဲ ့ကြက်အိပ်တန်းက အန်တီတို ့အိမ်အနောက်ဖေးဘက်ကနေ ကပ်လျက်ရှိနေတယ်။

ဘကြီး အမူအယာတွေပျက်လာပြီးလို့ တလကျော်ကြာတဲ့အခါ ကြက်တွေကပျောက်ပျောက်သွားတယ်… အဲဒီအိမ်က လူတွေကတော ့ကြောင်သုတ်သွားတယ်လို ့ထင်တာပေါ့။ အန်တီတို ့အိမ်မှာကလည်း မီးကောက်ဆိုတဲ့ ကြောင်ထီးကြီးတစ်ကောင်ရှိတယ်လေ။ နောက်ပီး အန်တီ့သားကလည်း အိမ်နောက်ဘက်မှာ ငါးတွေမွေးထား သေးတယ်လေ…

တစ်ရက်မှာ အန်တီက သူအဖေအိပ်ခန်းကိုဝင်ရှင်းပေးတော ့ကြက်မွှေးတွေနဲ ့သွေးအချို ့ကိုတွေ ့ရတယ်။ အဲဒါနဲ ့သူ ့အဖေကိုပြပီးမေးတော ့အဖိုးကြီးကကြောင်ချီလာတာဖြစ်မယ်လို ့ပြောတယ်တဲ ့… အန်တီလည်း သိပ်မသင်္ကာတာနဲ ့အရိပ်အခြေကြည် ့နေလိုက်တယ်။ တနေ့ ညနေဘက် အဖိုးကြီးက အိမ်နောက်ဖေးဘက်ကို သွားရင်း ငါးကန်ထဲကို လက်နှိုက်နေပြီး ရွှေငါးတစ်တောင်ကိုဖမ်းပြီးတော့ ပါးစပ်ထဲအထည့်မှာ သူ ့မြေးကမြင် တော ့အန်တီကိုလှမ်းခေါ်ပြတယ်။ အန်တီကလည်း အဖေဘာလုပ်တာလဲလို ့မေးရော….

အဖိုးကြီးက ငါးလေးတွေ လှလို ့ကြည် ့နေတာလို ့ပြန်ဖြေသတဲ ့။ ခုနက ငါးတစ်ကောင်ပါးစပ် ထဲကို ထည် ့လိုက်တယ် မဟုတ်လားလို ့မေးတော ့မသိသလိုနဲ ့နေပြီး ငါခေါင်းမူးလာလို ့အခန်းထဲပြန်ပို ့ဆိုပြီးထိုင်ချလိုက်တယ်။ အဲဒါနဲ ့အန်တီလည်းသူ ့အဖေကို အိပ်ခန်းထဲတွဲခေါ်ပြီးပြန်ပို ့ပေးလိုက်တယ်။ အန်တီလည်း ဘာမှမလုပ်တတ် တာနဲ ့ရပ်ကွက်ထဲကလူတွေနဲ ့တိုင်ပင်ကြည် ့တယ်။ မိတ်ဆွေတွေကတော့ ့တစ်ယောက်တမျိုးပြောကြတာပေ့ါ။

ဖုတ်ဝင်တာထင်တယ်လို ့အများဆုံးပြောကြတယ်။ အန်တီကတော ့သူ ့အဖေကိုအဲဒီလိုမထင်ရက်ဘူးလေ၊ အဲဒါနဲ ့မလေးမှာရှိတဲ ့ယောင်္ကျားဆီဖုန်းခေါ်ပြီးပြောတော ့ သူ ့ယောင်္ကျားက အဲဒါတွေအယုံအကြည်မရှိတော ့ အဖိုးကြီးတစ်ရက် အိမ်ရှေ ့မှာလဲကျတုန်းက ဦးခေါင်းကိုထိခိုက်သွားပီး ဦးဏှောက်ထိသွားတယ် ထင်တယ်။

ဆရာဝန်ပြကြည့် လို ့ပြောတယ်တဲ ့ဗျ။ ဆေးခန်းသွားဖို ့ခေါ်တဲ့အခါကျပြန်တော့လည်း အဖိုးကြီးက မလိုက်ချင် ဘူးလို ့ငြင်းတယ်လေ။ ရပ်ကွက်ထဲက ဆရာဝန်ကို အိမ်ပင် ့ပီးပြရော…ဆရာဝန်သွေးချိန်ကြည့် တော့ ပြဒါးက တက်မလာဘူးတဲ့ ။ ဘယ်တက်မလဲ။ အဖိုးကြီီးက အသက်မှ မရှိတော ့တာ။ သွေးစမ်းတော ့လည်း ဘယ်လိုမှ သွေးခုန်နှုန်းစမ်းလို ့မရဘူး ။ ဆရာဝန်လည်းနည်းနည်းလန် ့့သွားတယ်။

ဆရာဝန်ကအဖိုးကြီးကို ဦးလေး နေကောင်းရဲ ့လားတော ့မေးတော ့အဖိုးကြီးက အသံခပ်မာမာနဲ့ မကောင်းဘူး လို ့ပြန်ဖြေတယ်။ ဘယ်နေရာက ဘာဖြစ်လဲလို ့မေးတော ့ငါဆာတယ်လို ့ပြောတယ်။ ဘာစားချင်လဲလို ့ မေးတော ့ရင်ခေါင်းသံကြီး နဲ ့အသားလို ့ပြောပီး ဆရာဝန်နဲ ့အန်တီတို ့ရဲ ့တခြားတစ်ဖက်ကိုလှည် ့သွားရော။

ဆရာဝန်လည်း အခန်းအပြင်လည်း ရောက်ရော အန်တီ့ကို အဖိုးကြီးကို သူကုလို ့မရဘူး။ ပျောက်မှာ မဟုတ် ဘူးလို ့ … အရိပ်အမြွက်ပဲ ပြောပြီးပြန်သွားတယ်။ အန်တီလည်း နယ်မှာရှိတဲ ့သူ ့မောင်နှမတွေဆီကို အကြောင်း ကြားလိုက်တယ်။ လူပျိုဖြစ်တဲ့ ့့မောင်အငယ်ဆုံးက ချက်ချင်းရောက်လာတယ်။

ဒါပေမယ် ့အဖိုးကြီးကသူ ့သားကိုမသိဘူးဖြစ်နေတယ်။ တွေ ့တွေ ့ချင်း မင်းဘယ်သူလဲ လို ့မေးတယ်။ အန်တီ လည်း အဖေ ့သားအငယ်(မောင်——-)လေလို ့ပြောတော ့အဖိုးကြီးက အသက်ကြီးတော ့ မေ ့တတ်တယ်လို့ ပြန်ဖြေ သတဲ ့။ နယ်က အမျိုးတွေစီစဉ်ပေး လိုက်တဲ ့ခုံဖိနပ်တို့ သြဇာရွက်တို ့ သိမ်ဝင်အပ်တို ့ကို အဖိုးကြီး အိပ်ယာအောက်ကိုထည့်ဖို ့မောင်နှမနှစ်ယောက်တိုးတိုးတိုင်ပင်သတဲ ့။

အဲဒါကိုအဖိုးကြီးက အခန်းထဲက ဘယ်လိုမှ မကြားနိုင်ပါဘူး။ ဒါပေမဲ ့အခန်းထဲကအသံသြကြီးနဲ ့အဖိုးကြီးက မင်းတို ့ဖိနပ်စုတ်၊ အပ်စုတ်ကို ငါကြောက်တယ်လို ့ထင်နေလား…။ အားလုံးအသေဆိုးနဲ ့သေသွားမယ်။ ငါ ့ကိုဘာမှတ်နေလဲလို ့ အော်တယ် တဲ ့ဗျ။ အန်တီလည်း အရမ်းလန် ့သွားပီး အဲဒီအိမ်မှာ မအိပ်ရဲတာနဲ ့မျက်စောင်းထိုးက မိတ်ဆွေအိမ်မှာ မောင်နှမတွေသွားအိပ်ကြရတယ်…

အဲဒီညကစပီး အဖိုးကြီးလဲသောင်းကြမ်းတော ့တာဘဲ….၊တောက်ခေါက်သံတွေ အကျယ်ကြီးကြားရတယ်လို ့ ဘေးအိမ်ကပြောတယ်။ တဒုန်းဒုန်းနဲ ့ဖနောင့်တွေလည်း ဆောင် ့တယ်တဲ့…. ဘေးအိမ်နဲ ့က အရမ်းကပ် နေတော့ အားလုံးကြားနေရတယ်ဗျ…

 နောက်တနေ ့ အန်တီ့မိတ်ဆွေအကူညီနဲ ့ ဖုတ်ထုတ်တဲ့ ့ ဆရာ တစ်ယောက်ကို အိမ်ကိုခေါ်လာတယ်။ သူတို့ အိမ်ထဲကိုရောက်ရောက်ချင်းမှာ မြင်လိုက်ကြရတာက အိမ်တွင်းအုန်း ကိုဆွဲဖြုတ်ထားတယ်။ အိမ်မှာမွေးထားတဲ့ ကြောင်ကြီးကိုလည်း မတွေ ့ရဘူးတဲ ့….

အဲဒီအချိန်မှာ အဖိုးကြီးကသောင်းကြမ်းပါလေရော… ဆရာကိုလည်း အရမ်းကြိမ်းတော့တာပဲ။…. ပြီးတော ့အခန်းထဲကထွက်လာပြီး ဆရာ့ကိုလည်ပင်း ညှစ်မလို့လုပ်သတဲ ့။ ဆရာလည်း ထွက်ပြေးရောဗျာ။

အန်တီတို ့မောင်နှမလည်း အိမ်ပေါ်ကနေ ဆင်းပြေးရရော… ညကအိပ်တဲ ့အိမ်ကိုပြန်ပြေးလာကြပြီး အန်တီလည်း ကြောက်လို ့ငိုပါလေရောတဲ ့….. အဲဒီအချိန်မှာ အဲဒီအိမ်ကို ဆွမ်းခံကြွနေ တဲ ့ဦးပဇင်းလေး ကမြင်ပြီး ဒါယကာမကြီး ဘာဖြစ်တာလဲလိ့ု ့မေးတယ်။

အန်တီလည်း ဦးပဇင်းလေးကို အကြောင်းစုံ လျှှောက်ထားလိုက်တယ်….ဦးဇင်းလေးကလည်း ဒါမျိုးတွေဟာ ဘုရားရှင်လက်ထက်ထဲက ရှိကြောင်း၊ ဘုရားရှင်ရဲ ့တရားတော်တွေနဲ ့ကမ္မဝါ ၊နဲ ့ပရိတ်တော်တွေကို သီလသမာဓိရှိတဲ့ ့ပုဂ္ဂိုလ်တွေက ရွတ်ဖတ်ပေးရင် အစိမ်းသရဲ၊ နာနာဘာဝတွေထွက်ပြေးရကြောင်းကိုရှင်းပြပါတယ်။

အန်တီလည်း ဦးဇင်းလေးရှင်းပြတာနားထောင်ပြီး ဦးဇင်းလေး၏ကျောင်းတိုက်သို့လိုက်ကာ ဆရာတော်ကို အကြောင်းစုံလျှောက်ထားပြီးမကောင်းဆိုးဝါးရန်မှကာကွယ်ရန်လျှောက်တင် အကူညီတောင်းလိုက်ပါတယ်။

ဆရာတော်က ဒကာမကြီးရဲ ဖခင်ဟာ လူ ့လောကထဲမှာမရှိတော့ဘူး။ ဒကာကြီးရဲ ့ဝိညာဉ်မဲ ့နေ တဲ့  ကိုယ်ခန္ဒာ ကို တစ်စုံတခုသော ပုဂ္ဂိုလ်ကဝင်ရောက်မှီခိုနေတာမို ့ ဆရာတော်တို ့ကဘုရားရှင်၏ ပရိတ်တရားတော်တွေ ကမ္မဝါစာတွေ ရွတ်ဖတ်ပီး သာသနာစောင် ့နတ်နဲ ့နတ်မင်းကြီးလေးပါးကိုအမိန် ့ပြန်စာတမ်းတွေ ရွတ်ဖတ်လျှင် ဝင်ရောက်နေတဲ့ ့ပုဂ္ဂိုလ်ဟာ ချက်ချင်းဖယ်ရှားသွားမှာဖြစ်တယ်။

အဲဒီအခါမှာ ဒကာကြီးရဲ ့ ဝိညာဉ်မဲ ့ ခန္ဒာကိုယ် သာကျန်ခဲ ့မှာဖြစ်လို ့ဒကာမကြီးအနေနဲ့ ဒီသောကမီးကိုကြံ ့ကြံ ့ခံနိုင်ပါ ့မလားလို ့မေးပါတယ်။ အန်တီလည်း ကြိုတင်ပြင်ဆင်ပြီးသားပါဘုရားလို ့ဖြေပါတယ်။

ဆရာတော်က ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ့ ပရိတ်ချည်တွေကို ပေးလိုက်ပြီး အိမ်ပတ်ပတ်လည်ကိုချည်တားစေပါတယ်။ အိမ်အဝင်ပေါက်တခုတည်းသာ ချန်ခဲ့စေပါတယ်။ ဒါကလည်း ဆရာတော်တွေကြွလာရင် အိမ်ထဲဝင်ဖို ့နဲ ့ဖုတ်ထွက်သွားဖို ့ပါ။

အိမ်ပြန်ရောက်တော့ ့အန်တီ့မောင်နဲ့အတူ ရပ်ကွက်ထဲက ယောက်ျားလေးသုံးယောက်လောက်က အိမ်ပတ် ပတ်လည်ကိုပရိတ်ကြိုးတားပါတော ့တယ်။ အဲဒီအချိန်မှာအဖိုးကြီးလည်း အရမ်းသောင်းကြမ်းပါတော့တာပါပဲ။ ပထမတော ့ခြိမ်းခြောက်တယ်။ ပြီးတော ့တောက်တွေခေါက်၊ ဖနောင့်တွေ စောင် ့ပြီး သေချင်လို ့လား ဘာညာ တွေ ပြောပီး အခန်းထဲမှာရှိတဲ ့ပစ္စည်းတွေကိုကောက်ပေါက်တာတွေ လုပ်သတဲ ့ဗျ…..

မရလည်း မရရော ငိုပီး တော့ သူ ့သားကို အဖေ ့ကိုမသတ်ပါနဲ ့အဖေမသေချင်သေးဘူးလို ့လိမ်ပြီးဟန်ဆောင်ပြောသတဲ ့။ သူ ့သား ကလည်း မသိချင်ဟန်ဆောင်ပြီးလုပ်စရာရှိတာကိုဆက်လုပ်တယ်။ ညနေသုံးနာရီလောက်မှာ ဆရာတော်တွေ ကြွလာကြတယ်။

ဆရာတော်တွေ အိမ်ပေါ်လည်းရောက်ရော အဆင်သင့်ပြင်ထားတဲ ့ပရိတ်ပန်း၊ ရေ၊ သဲ၊ အပ်ချည် စတာတွေကို အန်တီက သူသွားနေတဲ ့အိမ်ကယူပီး သူ ့အိမ်ကိုကူးလာခဲ ့တယ် ။ အဖိုးကြီးကလည်း အိမ်ခန်းထဲမှာ သောင်းကြမ်း နေတာဗြောင်းဆန်နေတာဘဲတဲ ့။ တောက်တွေလည်းခေါက် ။ သက်ပြင်းတွေချ အသံသြကြီး နဲ ့အော်နေသတဲ ့။

ဆရာတော်တွေကလည်း အိမ်ရှင်ကို ဒီအိမ်မှာ မကောင်းသော နာနာဘာဝတွေနေထိုင်တာကို ကြိုက်မကြိုက် အရင်မေးပါတယ်။ ့ပြီးတော ့အိမ်ရှင်မကြိုက်လို ့နှင်ပေးပါရန် ဆရာတော်များကို လျှှောက်တင် ပါကြောင်း ပြောတဲ့ အခါ ဆရာတော်က အိမ်ပိုင်ရှင်မကြိုက်ပါသောကြောင့် သာသနာစောင် ့နတ်နဲ ့ဝိရူပက္ခ၊ ဝိရူယက္ခ၊ ဒသရဌ၊ ကုဝေရ….စတဲ ့နတ်မင်းကြီးလေးပါး သိကြားမင်း ၊ မြို ု့စောင်၊ ့လမ်းစောင်၊ ့အိမ်စောင် ့နတ် တွေကိုမြတ်စွာဘုရား၏ အမိန် ့ပြန်စာတွေရွတ်ဖတ်ပီး နာနာဘာဝကိုသင် ့တော်ရာသို့ ခေါ်ဆောင် သွားရန် ပြောဆိုပီး ကမ္မဝါ၊ရတနာသုတ်၊ ့အာဋာဏာဋိယသုတ်နဲ ့ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် တွေ ကိုရွတ်ဖတ်ပေးပါတယ်။

ဘုရားရှင်ရဲ ့ပရိတ်တရားတော်တွေရွတ်ဖတ်စဉ်မှာ အိပ်ခန်းထဲကအဖိုးကြီးက ပူလောင်လှကြောင်း၊ သူ ့ကိုဝိုင်းပီးနှောင့်ယုက်နေကြကြောင်း နားထဲကို သံရည်ပူတွေ လောင်းထည့် ့ နေကြ ကြောင်း အော်ပြောပါတယ်။

ဆရာတော်လည်း ပရိတ်များ ရွတ်ဖတ်ပီး အဖိုးကြီးကိုအပြင်ထွက်ခဲ ့ဖို ့ခေါ ်လိုက်တဲ ့အချိန်မှာ အဖိုးကြီးဟာ အိပ်ခန်းထဲကနေပီး လည်ပင်းကြီးကို၉၀ဒီဂရီလောက်စောင်းပီး လေးဖက်ထောက်ထွက် လာပါတယ်…. ပြီးတော ့ဆရာတော်တွေရှေ ့မှာခြေဆင်းထိုင်ပီး ပါးစပ်မှလည်း သွားရေတမျှားမျှားနဲ ့ ကြောက်စရာ အလွန် ကောင်းတယ် လို ့မြင်တွေ ့ရတဲ ့လူတွေကပြောပြပါတယ်။

ဆရာတော်ကဦးချခိုင်းတော ့ဦးချလို ့သူမရပါဘူး။ အမျှဝေတော ့လည်းသူသာဓုမခေါ်နိုင်ပါဘူး မကြားရဘူးလို ့ပြောပါတယ်။ ပြီးတော ့ဆရာတော်က ဒကာကြီး ခန္ဒာကိုယ်အတွင်းကထွက်သွာဖို ့ မိန့်ကြားတော ့သူကရိုးရိုးဖုတ်မဟုတ်ဘူး။ ဖုတ်ဘုရင်လို ့ပြောပါတယ်။

အိမ်ခေါင်မိုးဖွင် ့ပေးမှထွက်လို ့ရမယ်််ပြောတော ့ချက်ချင်းဘဲ တရားနာနေတဲ့ထဲက လူတစ်ယောက်က လှေကား နဲ့ တက်ပြီး အိမ်ခေါင်သွပ်တစ်ချက်ကို လှန်လိုက်တော့ ့အဲဒီဖုတ်လည်း သက်ပြင်းတစ်ချက်ချပြီး လဲကျသွား ပါတယ်။ အန်တီလည်း ဆရာဝန်ခေါ်ပြီး သူအဖေ့ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုစစ်ဆေးခိုင်းပါတယ်။

ဥပဒေအရ သေစာရင်းရေးရန်အတွက်ဖြစ််ပါတယ်။ ဆရာဝန်စစ်ဆေးချိန်မှာ ရုပ်အလောင်းဟာ သေသေပြီးခါစ နှင် ့မတူဘဲ အပုတ်နံ ့ဟာ မခံနိုင်အောင်နံလာပါတယ်။ ချက်ချင်းရေခဲတိုက်ကိုအကြောင်းကြားပြီး လာသယ် သွားစေပြီးနောက်နေ ့မှာသဂြိုလ်ဖို ့စီစဉ်ပါတယ်…နယ်မှာရှိတဲ ့အမျိုးတွေကိုလည်းအကြောင်းကြားပါတယ်….

 နောက်တနေ ့သဂြိုဟ်ဖို ့အလောင်းကို ရေခဲတိုက်ထဲက ထုတ်လာချိန်မှာ အန်တီဟာ သူ ့အဖေမှ ဟုတ်ရဲ့လား လို့ တောင် အမြင်မှားသွားပါတယ်။ အလောင်းက မနေ ့ကနဲ ့မတူဘဲ အရိုးပေါ်အရေတင်ပိန်ပီးနေပါတယ်….

 သေသေချင်းမနေ ့ကရုပ်နဲ ့အရမ်းကွာနေပါတယ်။ မီးသဂြိုလ်ပီးတဲ ့နောက် အိမ်ပြန်လာပြီး အဖိုးကြီးအခန်းကို သန် ့ရှင်းရေးလုပ်တော ့ကြက်မွှေးတွေရယ်၊ ပျောက်သွားတဲ ့ကြောင်ကြီးရ ဲ့အမွှေးတွေရယ်ကို တွေ ့ရပါတယ်…. အကယ်၍သာ ဖုတ်ကိုဒီအတိုင်းထားခဲ ့ရင် အချိန်ကြာလာခဲ ့သည်နှင် ့အမျှ အန်တီတို့ မိသားစုဘဝဟာ ကြောက်စရာကြီးပါ… ဒီအကြောင်းလေးဟာ ကျွန်တော်အသိရဲ ့အဖြစ်အပျက်အမှန်လေးပါ။

ဖိုးသူတော် (www.phothutaw.com)

Credit:Tha Yae Blog

#

Tags:
  • ,

Latest Comments

Leave a Comment